抖阴社区

                                        

ကြောက်စိတ်နဲ့ နောင်တတွေ ရောယှက်လာပြီး သူ့ကို တုန်ယင်စေတယ်။
"Tee... ငါ... ငါ တောင်းပန်ပါတယ်" Dew က တုန်တုန်ရီရီနဲ့ ပြောလိုက်တယ်။ သူ့အသံက တိုးတိတ်လွန်းတာကြောင့် သူကိုယ်တိုင်တောင် သေချာ မကြားလိုက်ရဘူး။ "ငါ မူးနေလို့... ငါ ဘာလုပ်မိမှန်းတောင် မသိတော့ဘူး"

Tee က မျက်မှောင်ကြုတ်လိုက်တယ်။ "မူးနေလို့ ဟုတ်လား? မင်း တကယ် မူးနေတာလား Dew?" သူ့အသံက စူးရှသွားပြီး အနည်းငယ် စိတ်ပျက်တဲ့ လေသံလည်း ပါနေတယ်။

Dew ဘာပြန်ပြောရမှန်း မသိတော့ဘူး။ ညက သူ တကယ် မူးခဲ့တာတော့ မှန်တယ်။ ဒါပေမဲ့ Tee ကို နမ်းလိုက်တဲ့ အချိန်မှာတော့ သူ သတိကောင်းကောင်း ရှိနေသေးတယ်ဆိုတာကို သူ သိနေတယ်။ အဲ့ဒီ အတွေးက သူ့ကို ပိုပြီး အပြစ်ရှိသလို ခံစားရစေတယ်။

"ငါ... ငါ တကယ်ကို တောင်းပန်ပါတယ် Tee" Dew က ထပ်ပြီး တောင်းပန်လိုက်တယ်။ ငါ့ကို ခွင့်လွှတ်ပါ"

Tee က ကုတင်ပေါ်ကနေ ဖြည်းဖြည်းချင်း ဆင်းလိုက်ပြီး Dew ရဲ့ ရှေ့မှာ ရပ်လိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေ အချင်းချင်း ဆုံသွားတယ်။ Tee ရဲ့ မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ ခံစားချက်တွေ အများကြီး ရောထွေးနေတာကို Dew တွေ့လိုက်ရတယ်။ ဝမ်းနည်းမှု၊ အံ့သြမှု၊ စိတ်ရှုပ်ထွေးမှု... အဲ့ဒီ ခံစားချက်တွေက Dew ရဲ့ ရင်ကို ပိုပြီး လေးလံစေတယ်။

"မင်း တကယ်ပဲ နောင်တရနေတာလား Dew?" Tee က တိုးတိုးလေး မေးလိုက်တယ်။ သူ့အသံက နာကျင်မှုကို ဖုံးကွယ်ထားသလို ခံစားရတယ်။

Dew ခေါင်းကို အမြန် ညိတ်လိုက်တယ်။ "အင်း... ငါ တကယ် နောင်တရတယ်။ ငါ ဘာလို့ အဲ့လို လုပ်လိုက်လဲဆိုတာ ငါ့ကိုယ်ငါလည်း နားမလည်ဘူး။ ငါ... ငါ မင်းကို ဘယ်တော့မှ ထိခိုက်စေချင်တာ မဟုတ်ဘူး Tee"

Tee က သက်ပြင်းရှည်ကြီး ချလိုက်တယ်။ "ဒါပေမဲ့ မင်း လုပ်ခဲ့ပြီးပြီ Dew" သူ့အသံက အားပျော့နေတယ်။ "မင်းရဲ့ အဲ့ဒီလို လုပ်ရပ်က ငါ့ကို ဘယ်လောက် ခံစားရတယ်ဆိုတာ မင်း သိရဲ့လား"

Dew ဘာပြောရမှန်း မသိတော့ဘူး။ သူ Tee ကို ဘယ်လို ချော့ရမလဲဆိုတာကိုလည်း မသိဘူး။ သူ လုပ်ခဲ့တဲ့ အမှားက ကြီးလွန်းတယ်လို့ သူ ခံစားနေရတယ်။

"ငါ တကယ်ကို တောင်းပန်ပါတယ် Tee" သူ ထပ်ပြီး တောင်းပန်လိုက်တယ်။ "ငါ့ကို ဘယ်လို အပြစ်ပေးချင်လဲ ပြောပါ။ မင်းရဲ့ ဒေါသကို ငါ ခံယူဖို့ အဆင်သင့်ပါပဲ"

Tee က ခေါင်းခါလိုက်တယ်။ "အပြစ်ပေးတာက အဓိပ္ပာယ် မရှိတော့ဘူး Dew" သူ့အသံက အေးစက်နေတယ်။ "အရေးကြီးတာက မင်း ဘာလို့ အဲ့လို လုပ်ခဲ့လဲဆိုတာပဲ။ မင်း ငါ့ကို ဘယ်လို သဘောထားနေလဲဆိုတာပဲ"

Dew ရုတ်တရက် စကားပြောလို့ မရတော့ဘူး။ Tee ရဲ့ မေးခွန်းက သူ့ရင်ထဲကို တံစို့ထိုးလိုက်သလို ခံစားလိုက်ရတယ်။ သူ Tee ကို ဘယ်လို သဘောထားလဲ? သူ အဲ့ဒီအကြောင်းကို ဘယ်တုန်းကမှ သေချာ မစဉ်းစားခဲ့မိဘူး။ သူတို့နှစ်ယောက်က သူငယ်ချင်းတွေ... အဲ့ဒါပဲ မဟုတ်ဘူးလား? ဒါပေမဲ့ ညက သူ လုပ်ခဲ့တဲ့ အပြုအမူက သူငယ်ချင်းတွေ လုပ်တဲ့ အရာမျိုး မဟုတ်ဘူးဆိုတာ သူ သိနေတယ်။

"ငါ... ငါ မင်းကို..." Dew စကားကို အဆုံးထိ မပြောနိုင်တော့ဘူး။ သူ့ရင်ထဲမှာ ခံစားချက်တွေ တနင့်တပိုး ဖြစ်နေတယ်။ သူ Tee ကို ဘယ်လို ခေါ်ဝေါ်ရမှန်း မသိဘူး။ သူငယ်ချင်းလို့ ပြောရမလား? ဒါမှမဟုတ်...
Tee က သူ့ကို စိတ်ရှည်လက်ရှည် စောင့်နေတယ်။ သူ့မျက်လုံးတွေက Dew ရဲ့ မျက်နှာပေါ်က အမူအရာ အသေးစိတ်လေးတွေကိုတောင် ဖမ်းယူနေတယ်။

"ပြောလေ Dew" Tee က တိုးတိုးလေး ပြောလိုက်တယ်။ "မင်း ငါ့ကို ဘယ်လို သဘောထားလဲ"

Dew မျက်လုံးတွေကို မှိတ်လိုက်တယ်။ သူ့ရင်ထဲမှာ ကြောက်စိတ်တွေ တိုးလာတယ်။ သူ အမှန်အတိုင်း ပြောလိုက်ရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို သူ မသိဘူး။ ဒါပေမဲ့ သူ လိမ်ညာလို့လည်း မဖြစ်ဘူးဆိုတာကို သူ သိနေတယ်။

"ငါ... ငါ မင်းကို..." Dew မျက်လုံးတွေကို ဖွင့်လိုက်ပြီး Tee ရဲ့ မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်တယ်။ သူ့အသံက ခက်ခဲစွာ ထွက်လာတယ်။ "...ငါ မင်းကို သဘောကျတယ် Tee"

နောက်ဆုံးတော့ သူဖွင့်ပြောလိုက်ပါပြီ🥳

Between the linesWhere stories live. Discover now