抖阴社区

????????????????? ???????????...

By kitty-nway-oo

132K 11.9K 296

CN : 魔尊只想走剧情 MC Shou More

Description
1
2
3
4
5
6
7
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
bd gw?
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93

8

1.5K 145 1
By kitty-nway-oo

အခန်း၈။

ဖန်းလီက တစ်ဖက်လူကိုအထင်သေးတာမဟုတ်ပါချေ။သူက ညင်သာစွာရယ်မောလိုက်ပြီး ထိုနှစ်ယောက်ကို သူ့နားမှာခြံရံပြီး လမ်းလျှောက်ခွင့်ပေးလိုက်၏။

သူဝင်လာတာနဲ့ လူတိုင်းက အရှင်ရောက်လာပြီးဆိုတာ သိသွားကြပြီး အလှလေးတွေအကုန်လုံးက သူ့ကိုကြိုဆိုဖို့ အရှေ့ထွက်လာကြသည်။ဖန်းလီရဲ့ ဘေးနှစ်ဖက်နေရာမှာ ရွှယ်ယောင်နဲ့ ဖုန်းယင်တို့က နေရာယူထားပြီးသားဆိုတာ သူတို့တွေ့ပေမဲ့ အရှင့်ရဲ့ သွေးအေးတဲ့နည်းလမ်းတွေကို ပြန်တွေးမိကြတဲ့အခါ နောက်ဆုံးမှာ သူတို့က ရှေ့ကိုဆက်မတိုးရဲကြတော့ပါချေ။

အတော်များများက သူတို့ရဲ့စိတ်ထဲမှာ ရက်စက်တဲ့အတွေးတွေ တွေးနေကြလေသည်။အရှင်က ဒီနေရာကို လပေါင်းများစွာမလာခဲ့ဘူး။အဝင်ဝမှာ ခဏလေးပဲ မစောင့်မိတာကို ဒီမြေခွေးမတွေက အခွင့်ကောင်းယူသွားကြပြီး။အရှင်က သူတို့ရဲ့ မဆင်မခြင်လုပ်ရပ်တွေကို သည်းခံပြီးတော့တောင် သူ့တို့ကိုမခါထုတ်လိုက်ဘူး!

အနောက်ဘက်နန်းဆောင်တွင် အနားယူရန်နေရာများစွာနဲ့ နံရံတွင်း လှိုဏ်ကဲ့သို့ အခန်းငယ်လေးများဖြင့် ပြည့်နှက်နေပြီး ခြေလှမ်းလှမ်းလိုက်တိုင်းမှာ လှပတဲ့ ရှုခင်းတွေရှိနေကာ တစ်ချိန်ထဲမှာပဲ ခမ်းနားပြီး ခေတ်ဆန်နေလေသည်။အနောက်နန်းဆောင်ထဲတွင် အမျိုးမျိုးသော အလှကိုယ်စီရှိကြတဲ့ အလှလေးတွေရှိနေကြပြီး ရယ်မောစကားပြောသံတွေ ပြည့်လျှံနေကာ လောကစည်းစိမ်ထဲတွင် နေထိုင်ရတဲ့ ခံစားချက်ကို ပေးစွမ်း၏။ဖန်းလီက သူ လူ့လောကထဲကို ပြန်ရောက်သွားသလိုပင် ခံစားလိုက်ရသည်။သူက ထိုအသံတွေကို ဆူညံတယ်လို့မတွေးပဲ လူသားတစ်ယောက်ရဲ့တည်ရှိမှုမျိုးကို နည်းနည်းလေးပိုခံစားလိုက်ရကာ မသိလိုက်ပါပဲနဲ့ စိတ်ဓာတ်တက်ကြွသွားတော့သည်။

ခဏလောက် လမ်းလျှောက်ပြီးတဲ့နောက်မှာ သူက နေရာတစ်ခုကိုသတိထားမိလိုက်ပြီး အနားယူဖို့အတွက် ထိုင်ချလိုက်သည်။

ထိုနေရာတွင် ရွှေကြိုးတွေနှင့် ရက်လုပ်ထားသည့် နူးညံ့အိစက်သော ညောင်စောင်းတစ်ခုရှိနေပြီး ဖန်းလီထိုင်ချလိုက်သည်နှင့် ရွှယ်ယောင်နဲ့ ဖုန်းယင်တို့ကလည်း သူတို့နေရာကို တစ်ခြားတစ်ယောက်ယောက်က လာဝင်ယူသွားမှာကို ကြောက်ပြီး သူ့ရဲ့ တစ်ဖက်တစ်ချက်ဆီမှာ ချက်ချင်းပဲ ဝင်ထိုင်လိုက်ကြသည်။

ဖန်းလီနားကို နေရာဝင်ယူဖို့ အခွင့်အရေးနည်းနည်းလေးတောင်မရတော့ တစ်ခြားသူတွေက သူတို့ရဲ့ တွန့်ဆုတ်မှုတွေကို ရက်စက်စွာပဲ မြိုချလိုက်ရပြီး သူ့တို့ရဲ့မျက်နှာပေါ်မှာ အပြုံးတွေဆင်မြန်းလိုက်ကာ ဖန်းလီကို ဝိုင်းရံလိုက်ကြတော့သည်။

ပတ်ပတ်လည်ကိုကြည့်လိုက်တော့ ဖန်းလီက ပန်းရောင်စုံရှိတဲ့ ဥယျာဉ်ကြီးတစ်ခုနှင့် တကယ်တူသည်ဟုပင် တွေးမိသွားသည်။တစ်ယောက်ချင်းဆီမှာ သူတို့ဆွဲဆောင်မှုနဲ့ သူတို့ရှိပြီး အင်ပါယာ၏ ချမ်းသာကြွယ်ဝမှု ပုံရိပ်လိုပင်။

တစ်ခုတည်းသော အားနည်းချက်ကတော့ သူတို့တွေအကုန်လုံးက ယောင်္ကျားလေးတွေဖြစ်နေတာပါပဲ။

ပြီးတော့ သူက ယောင်္ကျားလေးတွေဆို စိတ်မဝင်စားဘူး။

အရှင်က ဒီနေ့စိတ်အခြေအနေကောင်းနေတာကို မြင်တော့ အလှလေးအုပ်စုကြီးက တခဏလောက်တုံ့ဆိုင်းနေသေးပေမဲ့ ဖြည်းဖြည်းချင်း သတ္တိတွေရလာကြသည်။သူတို့က တစ်ယောက်ပြီးတစ်ယောက် ရှေ့တိုးလာကြကာ တစ်ချို့က သူ့ပခုံးကိုနှိပ်ပေး၊တစ်ချို့က သူ့ရဲ့ခြေထောက်တွေကို နှိပ်ပေးပြီး တစ်ချို့က သူ့အတွက် ဝိုင်ငှဲ့ပေးကြလေသည်။

ဖန်းလီရဲ့ ပုံစံက ပျင်းရိနေပုံရပြီး သူ့ရဲ့မျက်လုံးတွေကို တစ်ဝက်လောက်မှေးချထားကာ ပျော်ရွှင်မှုထဲကို နစ်မြုပ်နေတဲ့ လူတစ်ယောက်ရဲ့ လေထုကိုပေးစွမ်းလေသည်။

[စိုးရိမ်စိတ်တွေမြင့်တက်လာတဲ့ System: Hostရေ Host ခင်ဗျားက ရှဲ့ဟွိုင်ကိုတွေ့ဖို့ ဒီကိုလာတာ မမေ့လိုက်နဲ့လေ!] သူက Hostကို စိတ်တွေရှုပ်ထွေးနေတာဟု ထင်နေခြင်းဖြစ်သည်။ရှီချန်တစ်ဝက်လောက်တောင်ကြာနေပြီး။သူက ဘာလို့ ရှဲ့ဟွိုင်ကိုသွားမတွေ့ရသေးတာလဲ!

ဖန်းလီရဲ့ မျက်ခုံးတွေက နည်းနည်းလေးသာ တွန့်ကျိုးသွားပြီး စိတ်ထဲကနေပဲ System ကိုတုံ့ပြန်လိုက်သည်။

[ဖန်းလီ : မစိုးရိမ်နဲ့။နည်းနည်းလေး ထပ်စောင့်လိုက်]

System ကဘယ်လိုလုပ်မစိုးရိမ်နိုင်ရမှာလဲ? သူက ဒီလောက်ထိ ဂရုမစိုက်တတ်တဲ့ Host ကို တစ်ခါမှ မမြင်ဖူးသေးချေ။သူက သူ့ကိုယ်သူ မောင်းမဆောင်ကိုလာလည်တဲ့ သူတစ်ယောက်လို တကယ်ကြီးတွေးနေတာလားဟ?အိုး......သူက အဲ့လိုတွေးနေရင်တောင် ပြဿနာမရှိလောက်ဘူး......

System က စိတ်ရှုပ်ထွေးသွားလေသည်။

တစ်ရှီချန်ရဲ့ နောက်ထပ်တစ်ဝက်က မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။System က အဆက်မပြတ်တုန်လှုပ်နေပြီး နောက်ထပ်တစ်ခေါက်လောက် ထပ်ပြီးသတိပေးသင့်လားလို့ စဉ်းစားနေတုန်းမှာပဲ ဖန်းလီက ရုတ်တရက် ထရပ်လိုက်သည်။

ရွှယ်ယောင်နဲ့ ဖုန်းယင်တို့က ဖန်းလီနဲ့ အနီးကပ်ဆုံးနေရာမှာရှိနေကြပြီး အချိန်ခဏလောက် သူ့ကို တိုးဝှေ့ပူးကပ်နေကြတာဖြစ်သည်။ဖန်းလီက မတ်တပ်ထရပ်လိုက်တာတွေ့တော့ သူက သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးတော့မယ်လို့ထင်ပြီး စိတ်လှုပ်ရှားစွာနဲ့ လိုက်ထရပ်လိုက်ကြ၏။

ဖန်းလီက အချိန်ကျပြီးဟု တွေးလိုက်သည်။သူက အနောက်နန်းဆောင်ရဲ့ ပျော်ရွှင်မှုတွေကို ခံစားနေတုန်းမှာ ရှဲ့ဟွိုင်နဲ့ မတော်တဆ တွေ့ရမှာဖြစ်လို့ သူ့ရောက်တာနဲ့ ရှဲ့ဟွိုင်ဆီ အလျင်စလိုသွားတာက ဇာတ်ညွှန်းနဲ့ မကိုက်ညီလေဘူး။System က နည်းနည်းလေးမှကိုစိတ်မရှည်ဘူးပဲ။နောက်ဆုံးတော့ တစ်ရှီချန်အချိန်ကုန်သွားလေပြီး။

ဒါပေမဲ့ သူက ရှဲ့ဟွိုင်ကိုတွေ့ချင်ရင် ဒီမှာပဲ နေနေလို့မဖြစ်ချေ။

သူက နည်းနည်းတော့ ဦးဆောင်မှုယူရမှာပေါ့.....

နတ်ဆိုးဘုရင်၏ မောင်းမဆောင်တွင် အလှလေးနှစ်မျိုးရှိသည်။ပထမတစ်မျိုးက သူ့ရဲ့မျက်နှာသာပေးမှုကိုရဖို့အတွက် နတ်ဆိုးဂိုဏ်းတွေကနေ သူ့ရဲ့အိပ်ရာပေါ်ကို ဆက်သလာတဲ့ အလှလေးတွေနဲ့ နောက်တစ်မျိုးက အတင်းအဓမ္မခေါ်ဆောင်ခြင်းခံရသူတွေပင်။

စေတနာ့ဝန်ထမ်းလာလုပ်တဲ့သူတွေက သဘာဝကျကျပဲ သူနဲ့အိပ်ရာဝေမျှဖို့အတွက် သူ့အရှေ့ကို စိတ်အားထက်သန်စွာနဲ့ရောက်လာကြပြီး ဖိအားပေးခံရတဲ့သူတွေကတော့ သဘာဝကျကျပဲ ရှောင်နေကြလေသည်။

ဖန်းလီက အဲ့ဒီရှောင်နေကြတဲ့ လူတွေဘယ်မှာရှိနေလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိသည်။

သူက ရွှယ်ယောင်ရဲ့ခါးကို လက်တစ်ဖက်နဲ့ ဖက်လိုက်ပြီး ရေစပ်တစ်လျှောက် လျှောက်သွားလိုက်ကာ အနောက်နန်းဆောင်ထဲက ဝါးတောအုပ်ရဲ့ အနက်ပိုင်းထဲကို တစ်ဖြည်းဖြည်း ချည်းကပ်သွားလိုက်သည်။

ရွှယ်ယောင်နဲ့ ဖုန်းယင်တို့ နှစ်ယောက်စလုံးက အနည်းငယ် ဇဝေဇဝါဖြစ်သွားကြသည်။ဒီထောင့်နေရာကို ပြေးပုန်းကြတဲ့သူတွေအားလုံးက အရှင့်ကို ခစားပေးဖို့ ဆန္ဒမရှိကြတဲ့ ဖြောင့်မတ်တဲ့ဂိုဏ်းတွေက တပည့်တွေပဲ။သူတို့အားလုံးက အရှင့်ကို အဆိပ်ရှိတဲ့ မြွေတစ်ကောင်လို ဆက်ဆံကြပြီး အရှင်လာတိုင်း သူတို့က ဝေးဝေးကိုရှောင်ကြတယ်။အရှင်က သူတို့ကို သိပ်ပြီး အာရုံမစိုက်ရင်တောင်မှ သူတို့က သူတို့မတည်ရှိနေသလို အမြဲတမ်းလုပ်ကြတယ်......ဒါတွေအားလုံးက အဲ့ဒီအရိပ်အကဲမသိတဲ့ နတ်ဆိုးဂိုဏ်းတွေကြောင့်ပဲ။သူတို့က နည်းနည်းလေးကံကောင်းပြီး တစ်ယောက်ယောက်ကို ဖမ်းမိတိုင်း အရှင့်ရဲ့ အနောက်ဆောင်ကိုပဲ ပို့နေကြတာပဲ။အရှင့်မှာ ရွေးခြယ်စရာတွေ မရှိဘူးလို့ သူတို့က တကယ်ထင်နေကြတာလားဟင်?

တကယ်လို့ ဖန်းလီသာ သူတို့နှစ်ယောက်ရဲ့ အတွေးတွေကို သိရရင်တော့ သူက လုံးဝကို စိတ်ပါလက်ပါနဲ့ သဘောတူမှာသေချာ၏။

သဘာဝအားဖြင့် ယန်ဆွေ့က ထိုအရာတွေကို ဆာလောင်မနေပါချေ။တကယ်တော့ သူက အနောက်ဆောင်ကို မလာသလောက်ပင်။သူကိုယ်တိုင် သူ့လက်နဲ့ ဖမ်းဆီးခဲ့တဲ့ တစ်ဦးတည်းသောလူကတော့ ရှဲ့ဟွိုင်ပဲဖြစ်သည်။

တစ်ခြားသူတွေကတော့ သူတို့က သူ့ရဲ့လက်အောက်ငယ်သားတွေဆက်သတဲ့ အလှလေးတွေဟုတ်ရင်ဟုတ်၊မဟုတ်ရင် သူ့ရဲ့ လက်အောက်ငယ်သားတွေ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကြီးပဲ ဖြစ်၏။

ယန်ဆွေ့က ထိုအရာတွေကို သိပ်စိတ်မဝင်စားသလို သူ့အနောက်နန်းဆောင်မှာ လူဘယ်နှစ်ယောက်ရှိတယ် ဆိုတာကိုလည်း ဂရုမစိုက်ချေ။တစ်ယောက်ပဲဖြစ်ဖြစ်၊ဆယ်ယောက်ပဲဖြစ်ဖြစ်၊အယောက်တစ်ရာပဲဖြစ်ဖြစ် သူတို့က အသက်ပဲရှင်ရှင်၊သေပဲသေသေ သူ့အတွက်တော့ ဘာမှမထူးခြားပါပေ။သူ့မျက်လုံးထဲမှာတော့ အလှလေးတစ်ဦးနဲ့ အရိုးခြောက်တစ်ခုကြားမှာ ဘာမှကွာခြားမှုမှမရှိချေ။ဒါပေမဲ့ သူက အလှလေးတွေကို မငြင်းတော့ သူ့ကို မျက်နှာချိုသွေးချင်တဲ့ လက်အောက်ငယ်သားတွေက ပိုပိုပြီးများလာပြီး သူ့ရဲ့ အနောက်ဆောင်မှာလည်း ပိုပိုပြီး လူစည်ကားလာတော့သည်။

ချောင်းငယ်လေး၏အဆုံးတွင် ဝါးတောတစ်တောရှိပြီး စိုစိုလွင်လွင် အစိမ်းရောင်တွေကြားထဲတွင် ဝိုးတဝါးအရိပ်အယောင်တွေကို ဖုံးအုပ်ထားသည်။ရှဲ့ဟွိုင်က သူတို့ကြားထဲတွင် ရှိနေသင့်သည်။

ရွှယ်ယောင်က ဖန်းလီရဲ့လက်ကို ညင်သာစွာဆုပ်ကိုင်ထားပြီး သူ့ရဲ့ ကြော့ရှင်းတဲ့ မျက်ခုံးတွေက အနည်းငယ် တွန့်ချိုးနေခဲ့၏။အဲ့ဒီလူတွေက သူ့ရဲ့ စိတ်အခြေအနေလေးကို ဖျက်ဆီးမှာ စိုးရိမ်ပြီး အရှင်က အဲ့ကိုသွားမှာကိုလည်း သူက နည်းနည်းလေးမှ မလိုလားပါချေ။ဒါပေမဲ့ သူက တားဆီးဖို့ မဝံ့ရဲတာကြောင့် ဖန်းလီရှေ့ဆက်သွားတာကို သူက လိုက်ရုံပဲ တတ်နိုင်လေသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့နောက်မှာ သူတို့ရဲ့ မြင်ကွင်းက ရုတ်တရက် ရှင်းလင်းသွားတော့သည်။ဝါးတောအလယ်တွင် လူတော်တော်များများက ထိုင်နေတာ သို့မဟုတ် ရပ်နေတာကို တွေ့လိုက်ရပြီး သူတို့တွေအားလုံးက သာမန်အဝတ်အစားတွေသာ ဝတ်ဆင်ထားကြသည်။

သူ့ဘေးနားက တက်တက်ကြွကြွရှိပြီး မျက်စိဖမ်းစားနိုင်လွန်းတဲ့ ပန်းလေးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆို သူတို့တွေက တစ်မူကွဲပြားနေတဲ့ လှပတဲ့မြင်ကွင်းလေးတစ်ခုပင်။

ဖန်းလီက ဘယ်သူပိုလှလဲဆိုတာကို မပြောနိုင်ပေမဲ့ သေချာတာတစ်ခုကတော့.......ရှဲ့ဟွိုင်က အလှဆုံးဖြစ်နေမှာဆိုတာတော့ သေချာပေါက်ပင်။

ရှဲ့ဟွိုင်တစ်ယောက်ထဲကသာ နူးညံ့တဲ့ အလှပန်းလေးတွေအားလုံးကို အရောင်အဆင်းမဲ့သွားအောင် လုပ်နိုင်ပြီး ရှဲ့ဟွိုင်တစ်ယောက်ထဲကသာ သူဘယ်နေရာမှာပဲ ရပ်နေပါစေ သူ့ဆီကနေ မျက်လုံးလွှဲဖို့ ခက်အောင် လုပ်နိုင်စွမ်းရှိသည်။

ထိုအချိန်မှာပဲ ရှဲ့ဟွိုင်က သူ့ကို လှည့်ကြည့်လာခဲ့၏။

တည်ငြိမ်နေတဲ့အမျိုးသားက သူ့ရဲ့အနက်ရောင်ဆံနွယ်တွေကို ခေါင်းအနောက်မှာ စည်းထားပြီး သာမန်အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ခေါင်းကိုလှည့်ပြီး သူ့ကို အေးတိအေးစက်ကြည့်လာချိန်မှာ ရှဲ့ဟွိုင်ရဲ့ ဝတ်ရုံလက်က ကျောက်တုံးစားပွဲ အစွန်းတစ်လျှောက်တွင် ဆွဲကျနေပြီး သူ့ရဲ့ လက်ချောင်းထိပ်တွေထဲတွင် ကျောက်ခဲလေးတစ်လုံးကို ကိုင်ထားလေသည်။

အိုး? မင်းမှာ အေးအေးလူလူ ကစားဖို့ အချိန်ရှိသေးတယ်ပေါ့?

ဖန်းလီရဲ့ မျက်ခုံးတွေက အနည်းငယ်မြင့်တက်သွားလေသည်။

သူက မူရင်းစာအုပ်ကို ဖတ်ထားပြီး ရှဲ့ဟွိုင်က ထူခြားကာ ကိုယ့်ကိုယ်ကိုအရှုံးမပေးပဲ ငိုယိုနေမှာမဟုတ်ကြောင်းကို အရင်ကတည်းက သူသိထားပေမဲ့ ထိုလူက......ဘယ်နေရာမှာပဲရှိနေပါစေ၊ဘယ်လိုအခြေအနေအထဲမှာပဲ ကျရောက်နေပါစေ သူက အမြဲတမ်း တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်သည်။သူ့ရဲ့အားနည်းတဲ့ ဘက်ကို ဘယ်သူ့ကိုမှ မမြင်တွေ့စေခဲ့ချေ။

ဒါတွေအားလုံးက ဖန်းလီ အရင်ကတည်းက သိထားတဲ့ဟာတွေ ဖြစ်သည်။ဒါပေမဲ့ လူကိုယ်တိုင်မြင်လိုက်ရတော့ ဖန်းလီကို နက်နက်ရှိုင်းရှိုင်း လှုပ်ရှားသွားစေ၏။နောက်ဆုံးတော့လည်း သူ့ရဲ့ ကျင့်ကြံဆင့်က ချိတ်ပိတ်ထားခံရပြီးတော့..........နတ်ဆိုးဘုရင်ရဲ့ အတွင်းဆောင်ထဲကိုလည်း ရောက်လာပြီးလေ။

သူက သူဘာတွေခံစားနေရလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိနေမှာပေါ့ ဟုတ်တယ်မလား?

ဖန်းလီက သူ့ရဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ရင်း ရန်စတဲ့ အမူအရာကိုဖော်ထုတ်လိုက်ကာ တစ်ဖက်လူကို လေးလေးနက်နက် ကြည့်လိုက်၏။သူက ညင်သာစွာ ရယ်လိုက်ကာ "မင်းက ဒီအရှင်ကိုနှုတ်ဆက်ဖို့ ဘာလို့ မလာသေးတာလဲ"

ရှဲ့ဟွိုင်က တုံ့ပြန်ခြင်းမရှိသေးပေမဲ့ ရှဲ့ဟွိုင်နားက လူတွေကတော့ သူတို့ရဲ့ နက်ရှိုင်းတဲ့ မျက်လုံးတွေထဲက ကြောက်ရွံ့မှုတွေကို ဖုံးကွယ်လို့မရပေမဲ့ မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ မကျေမချမ်းအမူအရာကို ပြသနေကြလေပြီး။

ဒါကမှ သာမန်လူတစ်ယောက်ရဲ့ ပုံစံပဲဟု ဖန်းလီက တွေးလိုက်၏။စိတ်ကူးယဉ်လို့တောင် မရနိုင်တဲ့ နှိပ်စက်မှုတွေကို ရင်ဆိုင်ရတဲ့အခါ၊ဖြောင့်မတ်တဲ့ ဂိုဏ်းရဲ့ ပါရမီရှင်တစ်ဦးအဖြစ်ကနေ နတ်ဆိုးကျင့်ကြံသူတစ်ဦးရဲ့ ကစားစရာလေးဖြစ်လာတဲ့အခါ...ကြောက်ရွံ့မှုနဲ့ မလိုလားမှုတွေဖြစ်ပေါ်လာတာက သာမန်တုံ့ပြန်ချက်တစ်ခုပင်။

ဒါပေမဲ့ ရှဲ့ဟွိုင်မှာက အဲ့လိုတုံ့ပြန်မှုတွေ ရှိမနေဘူး.....

ဖန်းလီက အတွေးတွေထဲကို နစ်မြုပ်နေတဲ့ အချိန်အတွင်းမှာ ရွှယ်ယောင်က ထိုအခြေအနေကိုမြင်တော့ စတင်စဉ်းစားလိုက်၏။သူက သူတို့အတွက် ဘာကကောင်းလဲဆိုတာတောင်မသိတဲ့ အဲ့ဒီဦးနှောက်မရှိတဲ့ လူတွေကို မကြောက်ပေ။အရှင်က သူတို့ကို အကြည့်လေးတစ်ချက်တောင် မစွန့်ကြဲဖူးလို့ သူတို့က နည်းနည်းလေးတောင် ခြိမ်းခြောက်မှုမပေးနိုင်ပါချေ။ဒါပေမဲ့ ဒီအသစ်ရောက်လာတဲ့သူကတော့ သူ့ကို ခြိမ်းခြောက်နိုင်စွမ်းအကြီးကြီးကို ပေးနေသည်။

သူက ရှဲ့ဟွိုင်ကိုကြည့်လိုက်သည်။ထိုလူက အဲ့နေရာမှာ ငြိမ်ငြိမ်လေးထိုင်နေရုံပဲဖြစ်ပေမဲ့ ရွှယ်ယောင်က နိမ့်ကျနေသလို ခံစားလိုက်ရသည်။အရှင်က အဲ့လူကိုသဘောကျသွားရင် သူဘယ်လိုလုပ်ရမလဲ?

ရွှယ်ယောင်က သူ့စိတ်သူ တည်ငြိမ်သွားအောင်လုပ်လိုက်ပြီး ရုတ်တရက် ရှေ့တိုးသွားကာ ရှဲ့ဟွိုင်ကို ဆွဲထုတ်ဖို့ သူ့ရဲ့လက်ကိုဆန့်လိုက်ကာ "အတင့်ရဲလိုက်တာ!အရှင်က ဒီမှာရှိနေတာကိုတောင် မင်းကထိုင်နေသေးတယ်!"

ဒီဖြောင့်မတ်တဲ့ ကျင့်ကြံသူတွေက ဟန်ဆောင်ရတာကို ကြိုက်ကြတယ်။သူတို့အားလုံးက ရှင်းရှင်းလင်းလင်းကို သေရမှာ ကြောက်နေကြပေမဲ့ ဟန်ဆောင်ရတာကို ကြိုက်နေကြတုန်းပဲ။အဲ့တာက သူ့ကို အန်ချင်လောက်အောင်လုပ်နိုင်တဲ့အထိ အတုအယောင်ဆန်လွန်းတယ်။သူတို့က အဲ့လောက်တောင် အရမ်းသေချင်နေကြရင် ဘာလို့ သူတို့ကိုယ် သူတို့ သတ်မသေလိုက်ကြတာလဲ?အဲ့လိုဆို သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရာလည်း ရောက်တယ်လေ။

ရွှယ်ယောင်က ဒီလို ချောမောပြီး နူးညံ့သိမ်မွေ့တဲ့ယောင်္ကျားက ငိုယိုဒူးထောက်ပြီး သက်ညှာပေးဖို့ တောင်းပန်နေရတဲ့ပုံကို မြင်ရဖို့ မစောင့်နိုင်တော့ချေ။သူက အရှင့်ကို ဒီလူက ဘာမှထူးခြားမနေဘူးဆိုတာကို ပြမှာဖြစ်သည်။သူက ဒူးထောက်ဖို့ ငြင်းဆန်နေရင်တောင် အရှင်က သူ့ကိုသတ်ဖို့အတွက် လုံလုံလောက်လောက်ဒေါသထွက်သွားရင်တော့ ပိုတောင်ကောင်းသေးသည်။

ရှဲ့ဟွိုင်ရဲ့ အမူအရာက မပြောင်းလဲသွားပါချေ။သူက သူ့ရဲ့လက်ကို အနည်းငယ်မြှောက်တင်လိုက်ပြီး ရွှယ်ယောင်က ဘာဖြစ်သွားတာလဲဆိုတာကို မမြင်တွေ့ရသေးခင် အချိန်မှာပဲ သူ့ရဲ့နူးညံ့တဲ့ လက်လောက်ဝတ်က ဆုပ်ကိုင်ခံလိုက်ရလေသည်။

နောက်တစ်ခဏတွင်

အရိုးကျိုးသံ ကြွပ်ကြွပ်ဆတ်ဆတ်ကြီးတစ်ခုက သနားစဖွယ်အော်သံကြီးတစ်ခုအောက်တွင် ဖုံးလွှမ်းသွားတော့သည်။ရွှယ်ယောင်ရဲ့ မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွသွားလေ၏။သူက သူ့ရဲ့လက်ကို ဆုပ်ကိုင်လိုက်ကာ မြေပြင်ပေါ်မှာ ဒူးထောက်ချမိသွားရင်း ရှဲ့ဟွိုင်ကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်သည်။

သူ.....သူက အရှင့်ရဲ့အရှေ့မှာ တကယ်လူရိုက်လိုက်တာပဲ!သူက ဘယ်လိုတောင် အတင့်ရဲလိုက်လဲ!

ဖန်းလီရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ်မြင့်တက်သွားတော့သည်။

သူက ရှဲ့ဟွိုင်ဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်တာကြောင့် ရွှယ်ယောင်ကို မတားခဲ့ခြင်း ဖြစ်သည်။ရှဲ့ဟွိုင်က အညံ့ခံမှာမဟုတ်ကြောင်း ထင်ရှားပေမဲ့ စကားတစ်လုံးမှမပြောပဲ သူများရဲ့လက်ကောက်ဝတ်ကို ချိုးပစ်လိုက်တဲ့ ရက်စက်မှုက......သူက အားနွဲ့တဲ့သူတွေကို သနားရမယ်ဆိုတဲ့ ပထမဆုံးအချက်ကို တကယ်မသိဘူးပဲ။ဒီ ရေရှည်မကြည့်တတ်တဲ့ အမြှောက်စာလေးအတွက်တော့ ဆိုးတာပဲပေါ့။

[ဖန်းလီက ရယ်လိုက်သည် : အခုမှရောက်လာတဲ့ အလှလေးက တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်]

[System : ...............]

_____________________________
အကုန်လုံးဘေးကင်းကြပါစေနော်💕

Have a good day💕

Continue Reading

You'll Also Like

269K 21.7K 137
BL ????????????????????? ??????????? ??????????????? ???????????? ??????????(?)???????????????
35.2K 2.8K 42
???????????????????? ????????????
94K 7K 28
Title-???????????????????????????????????????????? Author-Neko san Geners- BL,Harem ????????????? ???????????????????????????????? ???????????? ?????...
抖阴社区 App - Unlock exclusive features