"ကိုကို ကျွန်တော့်ကို မုန့်လိုက်၀ယ်ကျွေးအုံး"
"သွားလေညီညီ"
"ဟယ်တော် လရောင်ရယ် ဘာမုန့်မို့လဲ ၊ မှာစားလိုက်တော့လေ"
"မာမီကလည်း အစောကြီးရှိသေးတဲ့ဟာကို"
၆ခွဲလောက်ပဲရှိသေးတာမို့ အပြင်မှာမိုးတောင်ကောင်းကောင်းမချုပ်သေးပေ။
"ရပါတယ် တီလေးရဲ့ စောပါသေးတယ်၊ ညီညီလိုတာရှိလည်း၀ယ်လို့ရအောင် ကျွန်တော်လိုက်သွားပေးလိုက်မယ်"
"တစ်နေကုန်လည်း သူ့ဖို့ပဲ ၀ယ်နေတာကို ခုထိကိုမကုန်နိုင်သေးဘူး "
တီလေးက သူ့သားသူ ဆူပူသလိုလေးပြောလျှင် မေမေက ကြားက၀င်ပြီး
"သွားသွား သွားမှာဖြင့် တအားမိုးမချုပ်စေနဲ့"
"ဟုတ် မေမေ... ဖေဖေတို့ရော ဘာမှာအုံးမလဲ"
"ဖေဖေတို့က ဒီကပဲ မှာစားလိုက်ပါတော့မယ်ကွာ...မင်းညီစားချင်တာသာ ဝယ်ကျွေးလိုက် ရော့ ဖေဖေ့ကဒ်ယူသွား"
"ရတယ်ဖေဖေ ကျွန်တော့်မှာပါတယ်"
"ကဲ ယူသွားပါ... သားကဒ်ကမနက်ဖြန်မင်းညီကိုမုန့်ဖိုးပေးဖို့ ချန်ထားလိုက်၊ ဒါက ဖေဖေက သားတို့လိုချင်တာစားဖို့၀ယ်ဖို့ သပ်သပ်ပေးတာ သားရောလိုချင်တာရှိဝယ်လာခဲ့"
"ဟုတ် ဖေဖေ"
"ကယ်လေးက အလိုက်သိလိုက်တာဗျာ...ကျွန်တော် ဘန်ကောက်ကပြန်လာရင် ကယ်လေးဖို့ လက်ဆောင်၀ယ်ခဲ့ပေးမယ်သိလား"
"ဟားဟား အေးပါကွာ..."
"ဟီး...လာ ကိုကို သွားရအောင်"
ဘဏ်ကဒ်တစ်ခု စပွန်ဆာရသွားပြီမို့ လရောင်က မြှောက်ကြွမြှောက်ကြွဖြင့် သက်တန့်လက်ကိုတွဲကာ အခန်းထဲမှ ထွက်သွားတော့သည်။
သက်တန့် ကားပေါ်ရောက်တာနဲ့ ဆရာသမားလေးကို မေးဆတ်၍
"ကဲ ပြောပါအုံးဘာလိုချင်တာရှိလို့လဲ"
"ဟီး ကိုကိုက အလိုက်သိသဗျာ...ဆံပင်အရောင်ဆိုးချင်တာ နေ့လည်ကမေမေတို့နဲ့ဆိုတော့ မဆိုးခဲ့ရဘူး"

YOU ARE READING
?????????????????? (ongoing)
Fantasy??????????????????????????? ????????????? ?????????????? ?????????