သက်တန့်toiletခန်းထဲရောက်သွားတာနဲ့ ဈာန်း
ဒီသဘက်လှည့်၍ စိတ်ပျက်သလိုကြည့်လိုက်ရင်း"မင်းစကားကို အဲ့လောက်မိုက်ရိုင်းအောင်ပြောမှရမှာလားဒီသ"
"...."
"ဒါ သူများ personal လေ၊ မင်းအဲ့လိုသွားပြောခွင့်မရှိဘူး။ ပြီးတော့ အလုပ်အတူတူလုပ်နေတဲ့သူအချင်းချင်း ဘယ်လောက်အားနာဖို့ကောင်းလဲ! ရှေ့လျှောက်တောက်လျှောက်မြင်တွေ့နေရမှာ မင်းမျက်နှာမပူဘူးလား"
"ပြီးတော့ သက်တန့်က ဒီလောကမှာ ဘယ်သူနဲ့မှနာမည်ပျက်ထွက်ဖူးတာမဟုတ်ဘူး။ ဟိုကောင်နဲ့ပဲတွဲပြီး ပြတ်သွားတော့လည်း သူ့ဟာသူပဲ အေးဆေးနေခဲ့တာ မင်းသေချာမသိပဲနဲ့သူများကို လက်လွတ်စပယ်မစော်ကားသင့်ဘူး"
"ကိုဈာန်းကရော ဘာသိလို့လဲ! ကိုစျာန်းမသိတာတွေ ရှိသေးတယ်"
"ဘာလဲ ငါ မသိတာက ဘာလဲ ပြောစမ်းပါ"
အဲ့လိုကျလည်း ပြောပြချင်စိတ်ရှိမနေပြန်။ တခြားသူတွေက တစ်မျိုးတစ်မည်ထင်မှာကိုလည်း
မလိုလားတာကြောင့် ဒီသစိတ်ရှုပ်ရှုပ်ဖြင့်သာ ပြန်ဖြေလိုက်မိ၏။"ကျစ်...! ထားလိုက်တော့ဗျာ ကျွန်တော့်အမှားပဲထားလိုက်တော့ ဟုတ်ပြီလား"
Toilet ခန်းထဲက တော်တော်နဲ့ပြန်မထွက်လာတဲ့သူကြောင့် ဒီသစိတ်ပူနေမိတာတော့ မညာချင်။ ခုနက မျက်ရည်တွေပြည့်အိုင်နေတဲ့ မျက်၀န်းတွေနှင့် တဆတ်ဆတ်တုန်ယင်နေတဲ့ နှုတ်ခမ်းသားတွေကို မြင်မိပြန်တော့ စိတ်ထဲအပြစ်ရှိသလိုလို။ သူ့ကို အဲ့လိုငိုသွားအောင်ထိ ပြောဖို့မရည်ရွယ်ခဲ့တာအမှန်ပါ။
ညက သူ့ကြောင့်နဲ့ တစ်ညလုံးကောင်းကောင်းမအိပ်ခဲ့ရတာ ကိုယ်သာသိသည်။ ဒါကြောင့် ဒီမနက်ရောက်တော့ ကိုဈာန်းကို အဲ့လူအကြောင်းတွေမေးရင်း သူ့အရင်exအကြောင်းတွေ ဆက်စပ်မေးမိသွားတာဖြစ်သည်။ အဲ့လူနဲ့ပတ်သက်ရင် သက်တန့်ရောင်ဖြာဆိုတဲ့လူ ထိခိုက်လွယ်တာသိထားတာမို့ ခုနကကိုယ်ပြောလိုက်တာ လွန်သွားပြီလားဆိုပြီးလည်း သံသယစိတ်က၀င်လာရ၏။ကိုဈာန်းကလည်း စိတ်ဆိုးသွားသည်ထင် ဘာစကားမှထပ်မပြောပဲ မျက်နှာလွှဲပြီးသာနေလေသည်။
ထိုအချိန် မအိက အထုတ်တွေအပြည့်ဖြင့်ရောက်လာပြီး သူ့မင်းသားကိုမတွေ့တော့

YOU ARE READING
?????????????????? (ongoing)
Fantasy??????????????????????????? ????????????? ?????????????? ?????????