抖阴社区

Ep 12 (U)

2.6K 259 21
                                    

ဘန်ကောက်ကိုရောက်ခါပဲရှိသေး အတူနေတဲ့သူငယ်ချင်းက ဘားသွားမယ်လိုက်မလားဆိုလို့ လိုက်ချလာခဲ့တာ gay bar ဖြစ်နေတာမို့ လရောင်မှာ ရယ်ရမလိုငိုရမလို။ တကယ်က online ကနေ ကွန်ဒိုငှားဖို့ မြန်မာအခန်းဖော်ရှာရင်းက ခန့်လင်းသော်နဲ့ သူနဲ့က စသိတာဖြစ်သည်။ ကိုယ်ကလည်း ဂေးနေကြောင်းနေရာတကာထုတ်ပြောမနေချင်တာမို့ မပြောပေမဲ့ သူခေါ်ချလာမှ သူပါဂေးနေမှန်းသိသွားရတာမို့ ရယ်ရမလိုငိုရမလိုလို့ ပြောတာဖြစ်သည်။ အိမ်ကအမေက gay bar တွေသွားကဲမနေနဲ့လို့ မှာလိုက်တာမှ သုံးညတောင် တင်းတင်းမပြည့်သေး။ လရောင် ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိသွား၏။

အမှန်တိုင်းဆိုလျှင် လရောင်က အငြိမ်တလိုင်း။ ကိုယ့်အတွေးနဲ့ကိုယ်ပဲငြိမ့်ချင်တာ။ ကခုန်ရတာတွေ သိပ်ဝါသနာမပါ။ ထို့ကြောင့်လည်း သူငယ်ချင်းက DJ floor ခေါ်တာကို မလိုက်ပဲ အောက်ထပ်က bar counter မှာပဲ ထိုင်နေခဲ့တာဖြစ်သည်။ gay ဆိုပေမဲ့ အခုချိန်ထိ လရောင်ကိုရင်ခုန်အောင်လုပ်နိုင်တဲ့သူတော့မရှိသေး။ ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ သီဟက လရောင်ကိုအသေအကြေကြိုက်မှန်းသိပေမဲ့ လရောင်ကိုယ်တိုင်က ရင်မခုန်တော့လည်း သူ့အတွက်စိတ်မကောင်းရုံမှတပါးပေါ့။

"တစ်ယောက်တည်းလား"

ထိုင်းဂေးဘားသာပြောသာ မြန်မာတွေကခပ်များများ။ အခုလည်း လရောင် တစ်ယောက်တည်း ငြိမ့်နေခိုက် လရောင်ကိုမြန်မာမှန်းသိလို့ လာရောတာဖြစ်မည်။

"မြင်တဲ့အတိုင်းပဲ"

"အဟား...အချေလေးပဲ ခင်လို့ရမလား"

Bar အထာ ခင်လို့ရမလားဆိုတာ ဘယ်အတိုင်းအတာမဆို ရောက်သွားနိုင်တာမို့ လရောင် ခပ်ပြတ်ပြတ်သာ ငြင်းလိုက်သည်။

"Sorry သူစိမ်းတွေနဲ့ မရောတတ်လို့"

လရောင်ငြင်းလိုက်တော့ တစ်ဖက်က ခပ်ဟဟရယ်၏။ ပုံစံက အထာကျတယ်ဆိုသော်လည်း ကြည့်လိုက်တာနဲ့ play boy မှန်းသိသာတာမို့ ‌လရောင်မျက်နှာသာမပေးဖို့သာ ဆုံးဖြတ်လိုက်သည်။

ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်ရတာ ခေါင်းကိုက်တယ်။

"ဒါဆိုလည်း ချီးယားလေးတော့ လုပ်ခွင့်ပေးကွာ"

?????????????????? (ongoing)Where stories live. Discover now