抖阴社区

Ep 7 (U)

2.5K 221 25
                                    

"ညီလေးရာ မနက်စာ‌တောင်မစားခဲ့ရဘူး အစောကြီးရှိပါသေးတယ်..."

"ဘယ်ကစောရမှာလဲ၊ သူ့ကိုကြိုပြီး  မနက်စာသွားစားမယ် ကိုဈာန်းကိုအငတ်မထားပါဘူး ပူမနေနဲ့"

ပြန်ပြောလာတဲ့အသံက ဘောက်ဆတ်ဆတ်။

"ဒါပေမဲ့လည်း ခုမှ ၆ခွဲပဲရှိသေးတယ်လေကွာ"

"ဟိုလူ့ကိုစောင့်ရင်း ဆိုင်ရွေးရင်း ၇နာရီထိုးသွားမှာ၊ ပြီးရင်စားတာသောက်တာနဲ့ ရှုတင်၈နာရီအရောက်ကွက်တိပဲ! ပြီးရင် ခင်ဗျားတို့ကမိတ်ကပ်ပြင်ရတာမဟုတ်ဘူး ကျွန်တော်တို့ကပြင်ရဆင်ရအုံးမှာ "

"အေးပါကွာ...ဟုတ်ပါပြီ သက်တန့်က ဘာတဲ့လဲ"

"ခဏနေ ဆင်းလာမယ်တဲ့ ရေချိုးပြီးခါစမို့တဲ့"

အဲ့လောက်အစောကြီးလာမှတော့ စောင့်ရပြီပေါ့။
ဈာန်းစိတ်ထဲကနေသာ ပြန်ပြောလိုက်သည်။ အပြင်တော့ထုတ်မပြောရဲ။ ဘယ့်နှယ့် ဟိုက လာကြိုစရာမလိုဘူး သူ့မန်နေဂျာမအိကို လာကြိုခိုင်းမယ်ဆိုတာကို ဆရာသမားက မနေ့က မအိကိုဖုန်းဆက်ခိုင်းပြီး မနက်ဖြန်သူတို့ပဲ၀င်ခေါ်မဲ့အကြောင်း ပြောခိုင်းလို့ ပြန်ရောက်ရောက်ချင်း ဖုန်းဆက်ပေးရသေးတယ်။ မနက်လည်း ဘယ်ကတည်းကထပြီး ရေချိုးထားလည်းမသိ ၆နာရီမထိုးခင်ကတည်းက သူ့ပါနှိုးပြီး အတင်းထခိုင်းနေလို့ ရေအမြန်ချိုးပြီး ထွက်လာရသည့်အဖြစ်။ ခါတိုင်းစားနေကြ အန်တီ့လက်ရာမနက်စာတောင်မစားခဲ့ရ။ တကယ်ဆို ၇နာရီလောက်မှထွက်လာရင်တောင်မှီပါတယ်။

အခုလည်း သက်တန့်ကွန်ဒိုအောက်ရောက်တော့ သူ့ဟာသူဖုန်းတွေဆက် ဟိုကလည်း အစောကြီးမို့ အံ့ဩနေပုံရပါတယ်။ နားစွင်နားဖျားကြားလိုက်တာ 'ဟင် ရောက်နေပြီလား အစောကြီးပဲ'တဲ့။ သူလုပ်ပုံနဲ့ ဟိုက ‌လောလောလောလော ထွက်လာရတော့မှာ ကြည့်နေ။ တကယ်ပါ ဘယ်သူ့မှကို အငြိမ်မနေရတာ။

ပြီးတော့ ရှုတင်လေးသွားတာကို ရှိုးအပြည့်နဲ့။ ဂျင်းဘောင်းဘီနဲ့ အပေါ်ကတီရှပ်ကလည်း ၀တ်လာတာ အသစ်။ မျက်မှန်က အင်္ကျီလည်ပင်းမှာ ချိတ်ထားသေးတာ။ ခါးမှာလည်း ခါးပတ်တစ်ခုပတ်ထားသေးတယ်။ ဒါ့အပြင် လက်တွေမှာလည်း လက်စွပ်က ၂ကွင်း၃ကွင်း။ ရှုတင်သွားမှာ အဲ့လောက်ထိလိုလို့လား။ မသိတဲ့သူဆို ပွဲတစ်ခုခုတက်မဲ့သူလိုလို။ ရှိုးပွဲသွားမှာလိုလို။ ဆံပင်တွေကတော့ ဟိုရောက်ရင်ပုံသွင်းရမှာမို့ထင်တယ် ဒီတိုင်းဖွာလန်ကြဲ။

?????????????????? (ongoing)Where stories live. Discover now