抖阴社区

Ep 14 (U)

2.9K 226 18
                                    

"သား အမေကြည့်ကောင်းလား ဘယ်လိုနေလဲ "

"ကောင်းပါတယ်...အမေက ဇာတ်ကားလိုက်ရိုက်မှာလား လိုက်ကြည့်မှာလား"

ရှုတင်မလိုက်ရမချင်း ကလေးမုန့်ပူဆာသလို
တဂျီဂျီလုပ်နေတဲ့အမေကြောင့် ညကတည်းက ဒီနေ့ရှုတင်လိုက်ရင်လိုက်ခဲ့လို့ ပြောလိုက်တာ အစောကြီးထပြင်ဆင်ထားတော့တာပဲ။ ခြေသလုံးအလယ်လောက်ထိရှိတဲ့ စကပ်နဲ့ အင်္ကျီကလဲ အခုခေတ်စားနေတဲ့ ထိုင်းကားထဲကမင်းသမီးကြီးတွေ၀တ်သလို ရယ်ဒီမိတ်ကို ပျံလန်နေအောင် ၀တ်ထား‌သေးတာ။ မျက်နှာမှာလဲ မိတ်ကပ်က အပြည့်။ ဦးမင်းပိုင်တို့ကတော့ သွေးတိုးတော့မှာပဲ။

"အရင်ကတည်းက မင်းသမီးလုပ်ရင်ရတယ်နော်... မင်းအဖေက စိတ်မချလို့ သနားလို့မင်းသမီးမလုပ်ခဲ့တာ"

"အဖေသိလား အမေဒါမျိုး၀တ်လာတာ"

"သိတာပေါ့ မင်းအဖေမသိပဲ ငါဘာလုပ်လို့လဲ...
မင်းအဖေက လှတယ်လို့တောင်ပြောလိုက်သေး "

ဒေါ်မွန်မွန်ထူးမျက်နှာက အချစ်ခံရတယ်ဆိုတဲ့ မျက်နှာဘေးနဲ့ မော်ချီနေလေသည်။

"သူ့မိန်းမကို ပြောမှာပေါ့"

ဒီသ ခပ်ရွဲ့ရွဲ့ပြန်ဖြေလိုက်၏။ အဖေဆိုတာ သူ့မိန်းမ ဘာလုပ်လုပ် အကောင်းမြင်တတ်တဲ့အမျိုး။ အခုလဲ ဂျင်ခန်းမှာ‌သွားဆော့နေတာ။ အဖေက မနက်တိုင်း အလုပ်မသွားခင် ဂျင်မှာအပြေးလေ့ကျင့်တာကို
ပုံမှန်လုပ်တတ်သည်။ အသက် ၄၀ကျော်တွေမို့ အရွယ်ကတော့ နှစ်‌ယောက်လုံးတင်ကြသည် ။

"ကိုဈာန်းကမရောက်သေးဘူးလား"

"လာနေပြီတဲ့ မနက်စာစားလိုက်အုံးမယ်"

"ဟုတ်သားပဲ မေ့တော့မလို့...သက်တန့်လေးအတွက် စတော်ဘယ်ရီဖျော်ရည်လေးလုပ်ထားတာ ရေခဲသေတ္တာထဲမှာ...တော်သေးတယ် ကျန်နေခဲ့တော့မလို့"

ပြောပြောဆိုဆို ရေခဲသေတ္တာထဲက ဖျော်ရည်ဘူးကိုထုတ်၍ ခြင်းတောင်းလေးထဲ ထည့်လေသည်။ ခြင်းထဲမှာလဲ ထမင်းဗူးနဲ့ မုန့်တွေနဲ့ အကျအန။

"ကျွန်တော့်အတွက်ရော"

"သားဖို့ကမပါဘူးလေ သောက်ချင်မှန်းမှမသိတာ"

?????????????????? (ongoing)Where stories live. Discover now