"ဘာ ! ! !"
"ဘာပြောလိုက်တယ် ကိုဈာန်း ခင်ဗျားပြန်ပြောစမ်းပါ"
ဒီသခွန်းပိုင် သူ့နားသူမယုံနိုင်စွာဖြင့် ပြန်မေးလိုက်သည်။ ဒီလူ အဓိပ္ပါယ်မရှိတာတွေ လာပြောနေတာ။
"ဘာလို့အဲ့လောက် အလန့်တကြားအော်ဟစ်နေတာလဲ၊ ဇာတ်ကားလေးတစ်ကားလက်ခံလိုက်တာကို"
"ဟ ! ခင်ဗျားပြောတဲ့ဇာတ်ကားကလည်း ယောကျာ်းချင်းရိုက်ရမှာ ထည့်ပြောအုံးလေ"
"BL ကားပါဆို ယောကျာ်းချင်းမရိုက်လို့ ဘယ်လိုရိုက်ရမှာတုန်း"
"ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ဗျာ ၊
ကျွန်တော့်ကိုမပြောပဲ ဘာလို့ လက်ခံလိုက်တာလဲသာ ပြော"အဓိကမေးချင်တာကဒါ။ ရိုက်ရမဲ့ကာယကံရှင်က သူကို သူ့ကိုဘာတစ်ခွန်းမှမပြောပဲ မန်နေဂျာဖြစ်တဲ့ ကိုဈာန်းဆိုသူက သူ့သဘောနဲ့သူလက်ခံလိုက်တဲ့ကိစ္စ။
"ပေါက်မဲ့ကားမို့ လက်ခံလိုက်တာပေါ့၊ ရိုက်ရမဲ့သူကလည်း နယ်နယ်ရရမဟုတ်ဘူး အဲ့ဒီလောကမှာ
နာမည်ရပြီးသားမင်းသားနဲ့ပဲ""ကျစ်! ပြန်ဖျက်လိုက်ဗျာ ဘာ BLကားမှမရိုက်နိုင်ဘူး ၊ ကိုဈာန်း ခင်ဗျားကျွန်တော့်ကို gay ဇာတ်လာမသွင်းနဲ့"
"ဘာဆိုင်လဲကွာ gay မှ BLကားရိုက်ရတာမှမဟုတ်တာ ဒါအနုပညာပဲလေ... သူများတွေဒီလိုပဲ ရိုက်နေကြတာပဲကို "
"ဘာမှလာမပြောနဲ့ ကျွန်တော်မရိုက်ဘူးဆို မရိုက်ဘူး"
ဈာန်းသူ့ရှေ့က ကောင်လေးကိုကြည့်၍ အကြံထုတ်ရတော့၏။ ဒီဇာတ်ကားက သေချာပေါက်,ပေါက်မှာ။ ဒါရိုက်တာကလည်း ကိုယ့်လူကိုမှသေချာလာကမ်းလှမ်းထားတာမို့ ချက်ချင်းလက်ခံခဲ့လိုက်တာကို ဒီရောက်တော့ ဆရာမင်းသားက ဒေါသူပုန်တွေထပါလေရော။
"မင်းပြောတော့ ဟိုကောင် မင်းဘုံထက်,ထက်သာချင်တယ်ဆို၊ ဇာတ်လမ်းကလည်း ဇာတ်အိမ်ခိုင်ပြီးသား ပေါက်မှာသေချာတယ်၊ ဒီကားနဲ့ မင်း ပရိသတ်အခိုင်အမာ ရသွားနိုင်တယ်နော်၊ နောက်မင်းမရိုက်ချင် ဆက်မရိုက်နဲ့တော့ကွာ ဒီကားလေးတော့ လက်ခံပြီးသားမို့ ရိုက်လိုက်ပါ"

YOU ARE READING
?????????????????? (ongoing)
Fantasy??????????????????????????? ????????????? ?????????????? ?????????