抖阴社区

Ep 2 (U)

3.2K 241 15
                                    

ညဘက် ရေချိုးပြီးနောက် sweet pant တစ်ထည်နှင့် ချိုင်းပြတ်တစ်ထည်၀တ်၍ အိပ်ယာထက်အနားယူရင်း ဖုန်းကြည့်နေမိသည်။ ထိုစဉ် ညနေက ကိုဈာန်းfollow လုပ်ထားပေးတဲ့  Facebook က That Thant Yaung Phyar ဆိုတဲ့
အကောင့်မှ post တစ်ခုတက်လာတာမို့ ၀င်ကြည့်လိုက်မိသည်။ တင်ထားတာက ကြောင်ဖြူလေးပုံတွေဖြစ်ပြီး ကြည့်ရင်းကြည့်ရင်းနဲ့ သုံးပုံမြောက်မှာ‌ တော့ ဒီသရဲ့မျက်နှာက အလိုမကျသလိုလို
တဖြေးဖြေးမှောင်ကုတ်လာလေ၏။ မျက်ခုံးနှစ်ခုကိုလည်း ထိစပ်မတတ် စုကျုံ့ထားမိသေးသည်။ မဖြစ်ချင်မှနေရောလေ ကြောင်ကိုရိုးရိုးတန်းတန်း ရိုက်တင်ထားတာမဟုတ်။ သူ့ပေါင်ပေါ်မှာ ကြောင်ကဆော့ကစားနေတဲ့ပုံတင်ထားတာကို ၀တ်ထားတဲ့ ဘောင်းဘီက ပေါင်ရင်းရောက်နေပြီ! နောက်တစ်ပုံမှာကျ ကြောင်ကသူ့ပေါင်ပေါ်မှာ အိပ်ပျော်နေဟန်။ အသားက၀င်းမွတ်နေအောင် ဖွေးသူမို့ ဖြူနုနေတဲ့အသားအရေမှာ ကြောင်ဖြူလေးနှင့် ပနံသင့်နေသည်။ မသင့်တာက သူ့စိတ်။ ဘာကိုအလိုမကျလို့ မကျမှန်းမသိ!

စိတ်ပေါက်ပေါက်နှင့် မှတ်ချက်ပြုမိလိုက်တာက

ဘောင်းဘီကို အဲ့လောက်တိုအောင်၀တ်ထားရအောင် သူကမိန်းမမို့လား!!

အလကား သူ့ပေါင်အလှကိုပြချင်နေတာ! မိန်းကလေးတွေအတိုလေးတွေ၀တ်ရင် ပုံရိုက်တင်သလိုက တင်ထားသေးတယ်။

သို့သော် မနေနိုင်မထိုင်နိုင် ကွန်းမန့်တွေ‌ကိုတော့ ၀င်ဖတ်ကြည့်လိုက်သေးသည်။

- သက်တန့်ရဲ့ ကြောင်လေးဖြစ်ချင်တယ်

- ကြောင်ဖြူလေးက ကျွန်မပါ

- ဘ၀မှာ ကြောင်ဖြစ်ချင်လိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး

- အဲ့လိုပုံတွေမတင်ပါနဲ့ အရမ်းသ၀န်တိုလို့ပါ နောက်မှာလည်း ငိုနေတဲ့ emoji လေးနဲ့

ပြီးတော့

- ငါမိန်းမစစ်စစ်ရဲ့ ပေါင်တံကျ ကာယဗလမယ်၀င်ပြိုင်လို့တောင်ရတယ်

-တစ်ကိုက်လောက် ကိုက်ဖူးချင်တယ်

ဟ! ဒါတော့နဲနဲများသွားပြီ။ ဒီသ မန့်တွေဖတ်ရင်း ဖတ်ရင်း အသက်ရှုသံတွေ ပိုပိုမြန်လာကာ ဘာကိုဒေါသဖြစ်လို့ဖြစ်မှန်း မသိ။ သို့သော် မနေနိုင်စွာပဲ
မန့်တွေဆက်ဖတ်နေလိုက်ပြန်သည်။

?????????????????? (ongoing)Where stories live. Discover now