"သက်တန့် ပွဲပြီးရင် အင်တာဗျူးရှိတယ်နော်...
YR က ဟိုကောင်လဲပါမှာ သူမေးရင်သေချာ
သတိထားဖြေနော်"YR ဆိုတာ အနုပညာအသိုင်းအဝိုင်းက လန့်ရတဲ့ သတင်းမီဒီယာတစ်ခုဖြစ်သည်။ အဲ့ဒီထဲက နာမည်ကြီး ထွန်းအောင်ကျော်ဆိုတဲ့တစ်ယောက်က အဆိုးဆုံး။ မေးရင်လဲ စစ်စစ်ပေါက်ပေါက် မေးတတ်သလို စကားအမှားမပါ,ပါအောင် မေးတတ်ပြီး အမှားပါပြီဆိုတာနဲ့ ဆက်တိုက်ထောက်မေးတော့တာ။ ပြီးရင် အဲ့ဒီမှားသွားတဲ့စကားကို ခေါင်းစဉ်အကြီးကြီးတပ်ပြီး တင်တော့ ဝိုင်းဆဲကြရော။ အဲ့ဒါကြောင့် YR ဆိုရင် တော်တော်လန့်ကြသည်။ အကျင့်မကောင်းသော်လည်း နာမည်ကြီးမီဒီယာမို့ ငြင်းလို့ကလဲမရ။ တခြား မီဒီယာတွေက အဲ့လောက်မဆိုး YR က မေးသမျှ negative ကိုချည်းဦးတည်မေးတတ်တာကြောင့် မိတ်ကပ်ပြင်နေတုန်း ကိုယ့်မင်းသားကိုယ် ဘေးကနေသတိပေးနေရတာ။ သက်တန့်ကိုက ယုံပြီးသားပေမဲ့ စကားဆိုတာ ပြောတာများရင်အမှားပါသွားတတ်တာမျိုးမလား။
"အေးဆေးပါမအိရာ...မပူပါနဲ့ ဟိုတစ်ယောက်ကိုသာမှာ..."
သက်တန့် ဟိုဘက်ခုံမှာမိတ်ကပ်ပြင်နေတဲ့ တစ်ယောက်ကို မေးငေါ့ပြလိုက်သည်။
"အေး ငါလဲ သူ့ကိုပိုစိတ်ပူတာ...ကိုဈာန်း ဒီသကို သေချာမှာထားနော် မီဒီယာတွေရှေ့ တလွဲတွေမဖြေဖို့"
"မှာထားတယ် မအိ၊ စိတ်ချ...ကျွန်တော့်မင်းသားက အရင်လိုမဟုတ်တော့ပါဘူးဗျ အလုပ်ကသင်ပေးသွားလို့ အခုဆိုတော်တော်အပိုးကျိုးနေပါပြီ"
"ဘာအပိုးကျိုးတာလဲ! လူကိုရှေ့ထားပြီးခင်ဗျား"
"ဟဲဟဲ ကိုယ့်ညီလေးကို ချီးကျူးတာလေကွာ..."
မိတ်ကပ်roomထဲမှာမို့ လူစုံတက်စုံဖြစ်နေကာ ဘန်ကောက်ကပြန်ရောက်ပြီးနောက် နာမည်ကြီးရေမွှေးကုမ္ပဏီတစ်ခုရဲ့ပစ္စည်းသစ်မိတ်ဆက်ပွဲကို အတူတက်ရောက်ဖို့ ပြင်ဆင်နေကြတာဖြစ်သည်။ သို့သော် ဟိုကောင် ဂုဏ်ရှိန်တိုးရောပါမှာဖြစ်လို့ ဒီသစိတ်တွေက သိပ်မကြည်ချင်။ ဒီအလုပ်လုပ်နေသ၍ ဒါတွေကရှောင်လို့ရမှာမဟုတ်။ ဒီသအနေနဲ့ ငြင်းလိုက်ရင်တော့ရပေမဲ့ ဘေဘီပေါက်စနဲ့ ပထမဆုံးအတူတက်ရမဲ့ပွဲဖြစ်တာကြောင့် မလွတ်ချင်။ ပြီးတော့ ကိုယ့်ဘက်ကတကူးတကရှောင်နေရင် rollကျတယ်လို့ခံစားရတာကြောင့်။

YOU ARE READING
?????????????????? (ongoing)
Fantasy??????????????????????????? ????????????? ?????????????? ?????????