抖阴社区

Ep 11 (U)

2.6K 272 22
                                    

ဆေးရှိန်ကြောင့်အိပ်ပျော်နေသူအား စောင့်ကြည့်နေစဉ်မှာပဲ လှုပ်လှုပ်လှုပ်လှုပ်ဖြစ်လာတာကြောင့် ဒီသ
ထိုင်ရမှချက်ချင်း အနားသွားရပ်လိုက်မိ၏။

"ခင်ဗျား နိုးလာပြီလား...ဘယ်လိုနေသေးလဲ
ခေါင်းမူးလား"

သက်တန့်နိုးနိုးချင်း မမြင်ချင်တဲ့သူကိုမြင်လိုက်ရ‌တာကြောင့် ‌‌မျက်မှောင်ကြုတ်၍ အခန်းထဲဝေ့ကြည့်မိလိုက်သည်။ မအိကရော...။

ဒါကိုသတိထားမိသွားတဲ့ ဒီသက

"မအိက လိုအပ်တာတွေသွားယူတာ ပြန်လာနေပြီတဲ့ ရောက်တော့မယ်"

"...."

"နေရတာဘယ်လိုနေသေးလဲ သက်သာလား"

"အင်း..."

"ကိုဈာန်းကို စားစရာသွား၀ယ်ခိုင်းထားတာ ၊
ဘာမှာချင်သေးလဲ"

"ရတယ်"

အခုချိန်ထိ ဒီသကိုမကြည့်ပဲ မျက်နှာလွဲထားသူကြောင့် စိတ်ဆိုးနေတုန်းဆိုတာ အလိုအလျောက်သိလိုက်ရ၏။ ထို့ကြောင့်

"မနက်ကကိစ္စ... ကျွန်တော်တောင်းပန်ပါတယ် သေချာမသိပဲ ကျွန်တော့်ထင်မြင်ချက်နဲ့ အထင်လွဲပြီးပြောဆိုမိသွားတဲ့အတွက် တောင်းပန်ပါတယ်"

"...."

"ခင်ဗျား အဲ့ဒီအတွက် စိတ်မထိခိုက်ပါနဲ့ ကျွန်တော်‌ ပြောလိုက်တာတွေက စိတ်ထဲကမပါဘူး တကယ်ပြောတာ"

"အင်း...."

သက်တန့်က ခေါင်းလေးစောင်းကာ မျက်နှာကိုတစ်ဖက်လွှဲလျက်သားနှင့် အင်းတစ်လုံးပဲ ပြန်ဖြေလေတော့

"စိတ်ဆိုးနေတုန်းလား...တကယ်တောင်းပန်ပါတယ် ကျွန်တော်လွန်သွားတာလည်း သိပါတယ်"

"ရတယ် ဘာမှမဖြစ်ဘူး၊ မနက်က စိတ်ခံစားချက်တွေရောကုန်လို့"

တောင်းပန်တာချင်းထပ်နေတော့ သက်တန့်လည်း မနေတတ်တော့ပေ။ ပက်လက်အနေအထားအတိုင်း မျက်နှာကို မျက်နှာကျက်ကို ပြန်ရွှေ့ကြည့်ရင်း ဖြေပေးလိုက်တာကို ဒီသက ဘယ်လိုထင်သွားလို့လဲမသိ ထပ်တောင်းပန်လာပြန်သည်။

"ခင်ဗျားဒဏ်ရာကို ပြန်စွသလိုဖြစ်သွားရင်လည်း တောင်းပန်ပါတယ်၊ မနက်က ကျွန်တော်ပြောတာတွေကိုလည်း ခေါင်းထဲဘာမှမထည့်ထားနဲ့ ခင်ဗျားက အဲ့လိုလူမျိုးမဟုတ်ဘူး"

?????????????????? (ongoing)Where stories live. Discover now