"သေချာလား ဒီနေ့ထွက်လာတာလား"
တစ်ဖက်ကဖုန်းထဲကလူရဲ့အဖြေစကားကြောင့်
ထက်ထူးစေနိုင်ရဲ့မျက်နှာမှာ အပြုံးကြီးကြီးတစ်ခု ချိတ်ဆွဲသွား၏။ နောက်ဆုံးတော့ ကိုယ်ရှိတဲ့နေရာကို မင်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပဲ။"သူတို့ဘယ်မှာတည်းလဲ၊ ရိုက်ကွင်းဘယ်မှာလုပ်မလဲတစ်ချက်စုံစမ်းထားပေး"
"အင်း ကျေးဇူးပဲ"
"ဒါလင်...."
ခေါ်သံကြားလိုက်တာနဲ့ ထက်ထူးစေနိုင် ဖုန်းကို
ကပြာကယာချလိုက်မိသည်။"အဟွန်း....ဘာတွေများ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ ဒါလင်ရဲ့"
"မင်းသိဖို့မလိုပါဘူး"
"ဒါပေါ့ ဟန်နီမသိရင်တော့ အကောင်းဆုံးပေါ့...
သိခဲ့ရင်လဲ ဒါလင်မလွယ်ဘူးနော်"ခပ်ပြုံးပြုံးနဲ့ပြောနေသော်ငြား စကားတွေနဲ့ အကြည့်တွေမှာသတိပေးမှုတွေပါကြောင်း ထက်ထူးစေနိုင် ကောင်းကောင်းသိသည်။
"မင်းငါ့ကို ခြိမ်းခြောက်တာတွေသိပ်များနေပြီ ဟန်နီ! ငါမနေချင်တဲ့ ဒီနိုင်ငံကိုလဲ မရရအောင်ခေါ်လာတယ်... ကွာရှင်းပေးဆိုတော့လဲ မပေးဘူး
မင်းဘာဖြစ်ချင်နေတာလဲ ဟန်နီ!!"ဒီမတိုင်ခင်က သူ့စိတ်ကိုသေချာသိသွားခဲ့တာမို့ ကွာရှင်းခွင့်တောင်းခဲ့သေးသည်။ လက်မခံသည့်အပြင် ကလေးကိုတောင် ဘန်ကောက်ထိ လာယူတာက သူ့ကိုတမင်ရွဲ့နေသလို။
"အဟင်း...ဟန်နီတို့ ဒီကိုကလေးယူဖို့ရောက်လာကြတာလေ ဟန်နီဘာခြိမ်းခြောက်လို့လဲ..."
"ကလေးကရမှမရပဲ..."
"ပိုက်ဆံရှိရင်ဘာမဆိုလုပ်ဖြစ်နေတာပဲကို ဒါလင်ရယ်..."
"မင်းနဲ့ရတဲ့ကလေး မလိုချင်တော့ဘူး၊ မင်းနဲ့လဲ ဆက်မပေါင်းချင်တော့ဘူးလို့ ပြောပြီးပြီမို့လား"
တဖက်ကရွဲ့တာမို့ ထက်ထူးစေနိုင်လဲ ဘာမှအားနာမနေတော့။ အခုနောက်ပိုင်း ဟန်နီ့အပေါ် ကြာလေ စိတ်ပြတ်သားလာလေမို့ အရင်လိုချိုချိုသာသာ စကားလုံးတွေပြောချင်စိတ်တောင်မရှိတော့ပါ။

YOU ARE READING
?????????????????? (ongoing)
Fantasy??????????????????????????? ????????????? ?????????????? ?????????