အင်တာနက်ကွန်ယက်ပေါ်တွင် သတင်းတစ်ခု ပျံ့နှံ့နေ၏။ ထိုသည်မှာ ယနေ့မနက်သတင်းစာရဲ့ စာမျက်နှာတစ်ခုရှိ တရားဝင်ကွာရှင်းပြတ်စဲကြောင်းကြေငြာခြင်း ဆိုသည့် ခေါင်းစဉ်ပါအကြောင်းအရာနှင့် ပတ်သက်၍ဖြစ်သည်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင်မင်းသား ထက်ထူးစေနိုင်နှင့် နာမည်ကြီးဒိတ်ဒိတ်ကြဲ သူဌေးသမီးဖြစ်သည့် ဟန်နီသက်ထား တို့သည် သူတို့၏လူမှုစာမျက်နှာပေါ်တွင်ပါ ထိုသတင်းစာမျက်နှာအား ပြန်တင်ထားတာမို့ အားလုံးဟာဘယ်ဖြစ်လို့ကွာရှင်းလိုက်တာလဲဆိုတဲ့ အကြောင်းအရာကို စိတ်ဝင်စားနေကြ၏။
ထက်ထူးစေနိုင်သည် တစ်ချိန်က နာမည်ကြီးမင်းသားဖြစ်ပြီး နောက်ပိုင်းမှာရုပ်ရှင်လောကကထွက်၍ စီးပွါးရေးနယ်ပယ်ထဲကို အပြီးပြောင်းသွားခဲ့တာ ၅နှစ်ခန့်သာရှိသေးသည်။ ဒီမတိုင်ခင်က သက်တန့်ရောင်ဖြာဆိုသော မင်းသားတစ်ယောက်နှင့် official တွဲသွားတွဲလာလုပ်တာတွေထိရှိခဲ့ပေမဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကတော့ ရုတ်တရက်ကြီး သူဌေးသမီးတစ်ဦးနှင့် လက်ထပ်သွားခဲ့တာဖြစ်သည်။ ထိုအချိန်က သက်တန့်ရောင်ဖြာနှင့် တွဲနေစဉ် cheat လုပ်ခဲ့တာဟု လိုင်းပေါ်မှာနာမည်ကြီးသွားကာ သက်တန့်ဖန်တွေရဲ့ ဆဲရေးခြင်းကိုလည်း ခံလိုက်ရသေးသည်။
တပြိုင်တည်းဆိုသလို ထိုသတင်းထွက်ပြီးမကြာ သက်တန့်ရောင်ဖြာ ဆေးရုံတက်လိုက်ရတယ်ဆိုတဲ့ သတင်းဟာလည်း ဟိုးလေးတကြော်ဖြစ်သွားခဲ့သေးသည်။ ထိုစဉ်က sucide လုပ်ခဲ့တယ်ဆိုသော ကောလဟာလတွေလည်း ထွက်ခဲ့သေးသည်။ အဆိုပါသတင်းထွက်ပြီးနောက် အတန်ကြာအလုပ်တွေနားလိုက်တဲ့ မင်းသားသက်တန့်ဟာ ဒီနှစ်မှဇာတ်လမ်းအသစ်ရိုက်ကူးဖို့ စတင်လက်ခံခဲ့တာ ဖြစ်သည်။
ထိုအချိန်ကတည်းက ထက်ထူးစေနိုင်ကို အမုန်းကြီးမုန်းနေကြတဲ့ အဖွဲ့တစ်ဖွဲ့ သီးသန့်တည်ရှိသွားခဲ့လေသည်။
အခုလည်း မင်္ဂလာဆောင်ပြီးတစ်နှစ်ကျော်ပဲရှိသေး ကွာရှင်းပြတ်ဆဲလိုက်တာကြောင့် လူအများက ထိုကိစ္စအပေါ်စိတ်ဝင်တစားဖြစ်နေကြ၏။ ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုစိတ်ဝင်စားတတ်ကြတာ လူတွေရဲ့သဘာဝမဟုတ်လား။ တစ်ချိန်တည်းမှာပဲ လူတစ်ချို့ရဲ့ထင်ကြေးတွေကလဲ ထွက်ပေါ်လာလေသည်။

YOU ARE READING
?????????????????? (ongoing)
Fantasy??????????????????????????? ????????????? ?????????????? ?????????