"ဘာ ! ! !"
"ဘာပြောလိုက်တယ် ကိုဈာန်း ခင်ဗျားပြန်ပြောစမ်းပါ"
ဒီသခွန်းပိုင် သူ့နားသူမယုံနိုင်စွာဖြင့် ပြန်မေးလိုက်သည်။ ဒီလူ အဓိပ္ပါယ်မရှိတာတွေ လာပြောနေတာ။
"ဘာလို့အဲ့လောက် အလန့်တကြားအော်ဟစ်နေတာလဲ၊ ဇာတ်ကားလေးတစ်ကားလက်ခံလိုက်တာကို"
"ဟ ! ခင်ဗျားပြောတဲ့ဇာတ်ကားကလည်း ယောကျာ်းချင်းရိုက်ရမှာ ထည့်ပြောအုံးလေ"
"BL ကားပါဆို ယောကျာ်းချင်းမရိုက်လို့ ဘယ်လိုရိုက်ရမှာတုန်း"
"ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ဗျာ ၊
ကျွန်တော့်ကိုမပြောပဲ ဘာလို့ လက်ခံလိုက်တာလဲသာ ပြော"
အဓိကမေးချင်တာကဒါ။ ရိုက်ရမဲ့ကာယကံရှင်က သူကို သူ့ကိုဘာတစ်ခွန်းမှမပြောပဲ မန်နေဂျာဖြစ်တဲ့ ကိုဈာန်းဆိုသူက သူ့သဘောနဲ့သူလက်ခံလိုက်တဲ့ကိစ္စ။
"ပေါက်မဲ့ကားမို့ လက်ခံလိုက်တာပေါ့၊ ရိုက်ရမဲ့သူကလည်း နယ်နယ်ရရမဟုတ်ဘူး အဲ့ဒီလောကမှာ
နာမည်ရပြီးသားမင်းသားနဲ့ပဲ"
"ကျစ်! ပြန်ဖျက်လိုက်ဗျာ ဘာ BLကားမှမရိုက်နိုင်ဘူး ၊ ကိုဈာန်း ခင်ဗျားကျွန်တော့်ကို gay ဇာတ်လာမသွင်းနဲ့"
"ဘာဆိုင်လဲကွာ gay မှ BLကားရိုက်ရတာမှမဟုတ်တာ ဒါအနုပညာပဲလေ... သူများတွေဒီလိုပဲ ရိုက်နေကြတာပဲကို "
"ဘာမှလာမပြောနဲ့ ကျွန်တော်မရိုက်ဘူးဆို မရိုက်ဘူး"
ဈာန်းသူ့ရှေ့က ကောင်လေးကိုကြည့်၍ အကြံထုတ်ရတော့၏။ ဒီဇာတ်ကားက သေချာပေါက်,ပေါက်မှာ။ ဒါရိုက်တာကလည်း ကိုယ့်လူကိုမှသေချာလာကမ်းလှမ်းထားတာမို့ ချက်ချင်းလက်ခံခဲ့လိုက်တာကို ဒီရောက်တော့ ဆရာမင်းသားက ဒေါသူပုန်တွေထပါလေရော။
"မင်းပြောတော့ ဟိုကောင် မင်းဘုံထက်,ထက်သာချင်တယ်ဆို၊ ဇာတ်လမ်းကလည်း ဇာတ်အိမ်ခိုင်ပြီးသား ပေါက်မှာသေချာတယ်၊ ဒီကားနဲ့ မင်း ပရိသတ်အခိုင်အမာ ရသွားနိုင်တယ်နော်၊ နောက်မင်းမရိုက်ချင် ဆက်မရိုက်နဲ့တော့ကွာ ဒီကားလေးတော့ လက်ခံပြီးသားမို့ ရိုက်လိုက်ပါ"
"...."
"ဒါရိုက်တာကလည်း နာမည်ကြီး ဦးစည်အံ့ဖြိုး ဆိုတဲ့သူ၊ သူရိုက်တဲ့ကားတိုင်းက မပေါက်တဲ့ကားမရှိဘူး...ပြီးတော့ သူကမင်းသားကို သူ့စိတ်ကြိုက်ရွေးပြီးမှရိုက်တာ သူ့စိတ်ကြိုက်မင်းသားမရရင် လုံး၀မရိုက်ဘူး၊ မင်းကိုရွေးတယ်ဆိုကတည်းက သူမင်းကိုမျက်စိကျနေလို့...ဟိုတစ်ခါ ထွက်တဲ့ကားဆို နိုင်ငံခြားထိပါ ပေါက်သွားတာနော်"
ဈာန်း သူ့စကားကိုငြိမ်၍ နားထောင်နေတာသိတာနဲ့တရစပ်ပစ်ထည့်လိုက်သည်။ တကယ်လည်း သူ့စကားတွေအကုန်လုံးက အမှန်တွေချည်း။
"နောက်ထပ် ကျွန်တော်မသိပဲ ဘာကားမှ လက်မခံတော့ဘူးလို့ ကတိပေးမှာလား"
"ပေးတယ်ကွာ ပေးတယ်"
"အေး မတည်ရင် ကျွန်တော့်အဆိုးမဆိုနဲ့နော်၊ လျော်ကြေးငွေလိုရင် ကိုယ့်ဟာကိုယ်စိုက်လျော်"
"အေးပါကွာ မင်းမသိပဲ ဘာမှလက်မခံတော့ပါဘူးဆို"
နောက်ကိစ္စနောက်ရှင်း၊ မတတ်နိုင်ဘူး။ သူကြိုက်တာမှသာ လက်ခံရင် တစ်နှစ်နေလို့တောင် တစ်ကားရိုက်ရပါ့မလား!
"ပြီးရောလေ ရိုက်ကြည့်တာပေါ့၊ ရိုက်နေရင်းအဆင်
မပြေရင်တော့ ကျွန်တော်ဆက်ရိုက်ချင်မှ ရိုက်မှာ
ကြိုပြောထားမယ်"
"အေးပါ အေးပါကွာ... မင်းကလည်း နဲနဲပါးပါးတော့သည်းခံပြီးရိုက်ပေါ့ ယောကျာ်းလေးချင်းဆိုတော့ ညီအစ်ကိုလိုတောင်ပေါင်းလို့ရသေးတယ် "
အင်း ဒါလည်းဟုတ်သား။ ဟုတ်တယ် ဒါကအနုပညာသဘောပဲ။ တကယ် gay နေတာမှမဟုတ်တာ။ ယောကျာ်းလေးချင်းဆိုတော့ ပိုပြီးပွင့်ပွင့်လင်း ပေါင်းလို့ရတာပေါ့ ဟုတ်ဘူးလား။
ဒီသ သူ့အတွေးနဲ့သူ ပြုံးမိသွား၏။
တစ်ဖက်ကအတူတွဲရိုက်ရမဲ့သူက gay ဆိုတာကိုတော့ မသိရှာပေ။ ထိုအချက်ကိုလည်း ဈာန်းက တမင်ထိန်ချန်ထားခဲ့တာပင်။
နောက်ကိစ္စနောက်ရှင်းပဲ မတတ်နိုင်ဘူး။
~~~
"ဟုတ်မှလည်း လုပ်ပါ မအိရာ"
"ဟုတ်ပါတယ် သက်တန့်ရယ် ၊ ဘာကိုမဟုတ်ရမှာလဲ"
"မအိရဲ့ မင်းသားကိုလည်းကြည့်အုံး နတ်ပြည်ခြောက်ထပ်ကကြည့်ရင်တောင်
ဓာတ်တိုင်ထက်ဖြောင့်နေတဲ့ရုပ်နဲ့"
မအိ ထုတ်ပြတဲ့ပုံကိုကြည့်၍ သက်တန့်မညှာမတာပင် ပြောပစ်လိုက်သည်။ ဟုတ်သည်လေ ခန္ဓာကိုယ်အချိုးအဆစ်ကျကျ၊ six pack အပြည့်ပြထားတဲ့ပုံက သူယောကျာ်းစစ်ပါတယ်လို့ မပြောနေရုံ
တမယ်။ လူပုံစံက ထောင်ထောင်မောင်းမောင်းကြီး မဟုတ်သော်ငြား တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ခပ်မိုက်မိုက်ကောင်လေးအသွင်ကို ဆောင်နေသည်။
သို့ပေမဲ့ မျက်နှာဘေးကတော့ အင်း...နဲနဲ....။
"ဟယ် မဟုတ်တာ ဒီလောက် body structure မိမိုက်နေတာ ကြည့်လိုက်တာနဲ့ seme ရုပ်ကြီးကို"
"ဘာမှ se မ me ဘူး ၊ straight ရုပ်ကြီး
ပြီးတော့ အကြည့်တွေကလည်း ဂျစ်ကန်ကန်ပုံစံနဲ့ ထောင့်ကျိုးမဲ့ပုံမပေါ်ပါဘူး တွဲရိုက်လို့ ဖြစ်ပါ့မလားဗျာ"
"ဖြစ်ပါတယ် သက်တန့်ရယ်၊ ဒါရိုက်တာ
ဦးစည်အံ့ဖြိုးရိုက်မှာဆိုကတည်း လူတွေကစိတ်၀င်စားနေကြပြီ...ပြီးတော့ ဒီထက်ပိုကောင်းတဲ့အချက်လည်းရှိသေးတယ်"
"ဘာလဲ"
သက်တန့် မျက်မှောင်ကြုတ်၍မေးလိုက်တော့ မအိက အကြံကြီးကြီးအပြုံးကြီးတစ်ခု ချိတ်ဆွဲလျက်
"အဟွန်း...ဒီသခွန်းပိုင်က single လေ"
"အဲ့ဒါဘာကောင်းလို့လဲ"
"ဪ ကဲ... single ဆိုတဲ့အချက်နဲ့တင် supporting တစ်၀က်ရနေပြီလေ ပြီးတော့...
သက်တန့်ကလည်း single ပဲလေ ဟိ"
"အမလေး single လည်း အချိန်တန်ရင် မိန်းမယူမဲ့ဟာတွေချည်း ဘာမှ ဟိ မနေနဲ့!!"
"အိုး ဘာပဲနေနေ လောလောဆယ်တော့ ဘယ်သူ့မှအားနာစရာမလိုပဲ ship လို့ရပြီလေ၊
နှစ်ယောက်လုံး single ဆိုတဲ့အချက်နဲ့တင် fan တွေအကြိုက်ဖြစ်နေပြီ ၊ပြီးတော့ သက်တန့်လည်း လောလောဆယ်တွဲလုပ်နေတဲ့partner မှ မရှိတာ...တွဲရိုက်ကြည့်လိုက်ပါ နော်"
"ဟင်း...."
သက်တန့် သက်ပြင်းရှည်ကြီးသာ ချလိုက်တော့သည်။ သူ့အနေနဲ့ BL ကားရိုက်တာက ခုမှပထမဆုံးမဟုတ်ပေမဲ့ အသည်းကွဲပြီးကတည်းက BLကားကို ဆက်မရိုက်ဖြစ်တော့တာပေ။ ဒီကြားထဲမှာ ကြော်ငြာတွေ၊ ရှိုးပွဲတွေသာ ဆက်တိုက်လက်ခံနေခဲ့တာမို့ သူ့ fanတွေအနေနဲ့လည်း သူ့ဇာတ်ကားကို မျှော်နေကြမှာ။ ဒီဇာတ်ကားသာ confirm ဖြစ်သွားရင် အပျော်ဆုံးသူတွေက သူ့ဖန်တွေပင် ဖြစ်လိမ့်မည်။ ဒါကြောင့် fanလေးတွေအတွက်ဖြစ်ဖြစ် လက်ခံလိုက်မည်ဟု ဆုံးဖြတ်လိုက်တော့၏။
"ဒါဆို အစ်မ ဒါရိုက်တာကိုအကြောင်းပြန်လိုက်တော့မယ်နော်"
"အင်း..."
အိသဇင်မြင့် ၀မ်းသာအားရဖြင့် ချက်ချင်းဆိုသလို ဒါရိုက်တာကို ဖုန်းလှမ်းဆက်လိုက်တော့၏။ သူ့မင်းသားလေး စိတ်မပြောင်းခင် ဆက်ထားတာ
သေချာတယ်မလား။
"သက်တန့် မနက်ဖြန်နေ့လည် ၁နာရီတွေ့ကြမယ်တဲ့"
"အင်း မအိလိုတာပြင်ထားလိုက်လေ၊ မနက်ဖြန် ဘာ schedule မှမရှိဘူးမလား"
"မရှိဘူး မရှိဘူး၊ အမလေး rainbow လေးတွေသိရင်တော့ ပျော်နေကြတော့မှာပဲ အရိပ်အမြွက်လေး နဲနဲပြောပြထားလိုက်မယ်သိလား"
"အဟင်း...မအိစိတ်ကြိုက်သာ လုပ်ပါတော့ဗျာ"
ခွင့်ပြုချက်ရလိုက်တာနှင့်တပြိုက်နက် အိသဇင်မြင့်ဆိုတဲ့အကောင့်မှ သက်တန့်ကို tag တွဲလျက် coming soon welcome back ဆိုတဲ့စာလေး အင်တာနက်ပေါ်တွင် တင်လိုက်လေသည်။
စာတင်ပြီး ၅မိနစ်အတွင်းမှာပဲ မန့်တွေတန်းစီတက်လာကာ rainbow လေးတွေအားလုံး ၀မ်းသာအားရဖြင့် ပြန်ရှယ်သွားကြ၏။ rainbow ဆိုတာ သက်တန့်ရောင်ဖြာရဲ့ fandom name ။
- အား...! ရင်ခုန်နေပြီ ဘာများလဲ
- ဇာတ်ကားသစ်လာတော့မှာများလား??
- ဟဲ့ရေ...တို့ rainbow လေးရဲ့ကားသစ် ကြည့်ရတော့မှာများလား
- ငါ့ရဲ့ ဆဌမအာရုံအရဆို တစ်ခုခုတော့အကြီးကြီးလာတော့မယ်ထင်တယ် အား ပျော်လိုက်တာ...
- welcome back အမိုက်စားကြီးနဲ့ပြန်လာခဲ့နော်
Rainbow's fan group မှ admin
# မင်္ဂလာပါရှင်။ မင်မင် မအိကို တီးခေါက်ကြည့်တာ series သစ်လာမှာပါတဲ့ရှင်။ သေချာ confirm ပြီဆိုတာနဲ့ ကြေညာပေးပါမယ်တဲ့။
မင်မင်လည်း သိရတာနဲ့ တန်းလာပြောမယ်နော်။
မင်လည်း သက်တန့်လေးကို အရမ်းလွမ်းနေတာရယ်။ မအိပို့စ်တွေ့တွေ့ချင်း ပျော်လွန်းလို့ လက်တွေတောင်တုန်တယ်။ တို့ကလေးလေးရဲ့ moment တွေကို လွမ်းနေခဲ့ရတာ ဆုတောင်းလေးပြည့်တော့မယ်ထင်ပါရဲ့....။
- ဒါဆို series လာမှာသေချာပြီပေါ့...အား
ပျော်လိုက်တာ ပျော်လိုက်တာ
-မင်ရေ သတင်းထူးလေးသိရတာနဲ့ လာပြောပေးနော်
- ငါတို့ကလေးလေးရဲ့ သရုပ်ဆောင်တွေကို လွမ်းနေတာ...ဘယ်လောက်ကြာကြာ စောင့်မယ်နော်
-series သစ်ဆိုတော့ တွဲဖက်ကဘယ်သူများလဲဟေ့
-တွဲဖက်ဘယ်သူနေနေ တို့က သက်တန့်ပါတာနဲ့တင်ကြည့်တော့မှာ
စသည်ဖြင့် မန့်တွေဟာ ခဏတွင်းချင်းမှာ ရာချီသွားလေတော့သည်။ သူတို့ရဲ့ ကလေးလေးက
သန်သန်မာမာနဲ့ နောက်ဆုံးပြန်လာနိုင်ခဲ့ပြီလေ။
~~~
သက်တန့် ဒါရိုက်တာပြတဲ့ ဇာတ်ညွှန်းကို သေချာဖတ်ကြည့်နေတာဖြစ်သည်။ ဇာတ်လမ်းက BL အချစ်သီးသန့်မဟုတ်ပဲ LGBT နဲ့ပတ်သက်လို့
မိဘနဲ့သားသမီးကြားက အတ္တတွေ၊ မာနတွေ၊
အပြင်မှာဖြစ်တတ်တဲ့သဘောတရားတွေ ပါသည်။
ဂျစ်ကန်ကန်ကောင်လေးနဲ့ introvert ကောင်လေးနှစ်ယောက်ကြား သူငယ်ချင်းကနေ အချစ်ကိုပြောင်းလာမဲ့ပုံစံမျိုးလေးဖြစ်ပြီး နှစ်ယောက်အတူ အချစ်တွေကို အရင်းတည်၍ အခက်အခဲအတွေကိုသတ္တိရှိရှိရင်ဆိုင်ဖြေရှင်းသွားရင်းက နောက်ဆုံးမှာမှ မိဘတွေခွင့်ပြုချက်နဲ့ ပြန်ပေါင်းသွားတဲ့ အချစ် drama ဇာတ်လမ်းမျိုးလေးဖြစ်သည်။ ကြားထဲမှာ အသေအကြေငိုရမဲ့အခန်းတွေပါပေမဲ့ ဇာတ်သိမ်းလေးက တော်တော်ကောင်းတာမို့ သက်တန့်သဘောကျမိတာအမှန်။
အထူးသဖြင့် happy ending ဖြစ်တဲ့အတွက် ပိုသဘောကျတာဖြစ်သည်။ ကိုယ်တိုင်ကလည်း အပြင်မှာ ချစ်သောသူနဲ့မပေါင်းခဲ့ရတော့ ဇာတ်လမ်းထဲထိပါ လိုက်ပြီးအသည်းမကွဲချင်တော့။
"ဘယ်လိုလဲ သက်တန့် သဘောကျတယ်မလား"
"ဟုတ် သဘောကျပါတယ်၊ ဟိုမင်းသားကရော ဘယ်ချိန်လာမှာတဲ့လဲ"
"လာနေပြီတဲ့ သူ့မန်နေဂျာပြောတာ"
meeting ခန်းထဲကို သက်တန့်တို့က စောရောက်နေတာဖြစ်သည်။ ဘာ schedule မှမရှိတော့ ဇာတ်ညွှန်းလေးဖတ်ချင်တာနဲ့ စောလာခဲ့လိုက်တာ။
ခဏကြာတော့ ဟိုမင်းသားဆိုသူနဲ့ သူ့မန်နေဂျာ ရောက်လာသည်။ မန်နေဂျာဆိုသူကတော့ ပြုံးပြုံးပြုံးပြုံးနှင့် နှုတ်ဆက်ရှာပေမဲ့ ဟိုသကောင့်သားကတော့ ခပ်တည်တည်ပင်။ ပုံစံကလည်း ဂျစ်ကန်ကန်နဲ့။ ဒီလိုပုံမျိုးနဲ့ သူဘယ်လိုလုပ်များ တွဲဖက်အနေနဲ့ ရိုက်ရပါ့မလဲ။
"အဟမ်း... ဒီသ ဒါကမင်းနဲ့အတူတွဲရိုက်ရမဲ့ မင်းသား သက်တန့်ရောင်ဖြာတဲ့... သက်တန့် ဒါက ကျွန်တော်တို့ မင်းသားဒီသခွန်းပိုင် တဲ့"
"ဟုတ် မအိပြောပြထားလို့ ကျွန်တော်သိထားပါတယ်"
ဒီသခွန်းပိုင် သူ့ရှေ့ကလူကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး
"ခင်ဗျားက gay လား"
"ဘာ!"
"ဒီကားရိုက်ဖို့လက်ခံတယ်ဆိုလို့လေ ခင်ဗျားက gayလား ကျွန်တော်က gay မဟုတ်ဘူး"
"အင်း ဟုတ်တယ် ကိုယ်က gay"
"စိတ်တော့မရှိပါနဲ့ဗျ အဲ့တာဆို ကျွန်တော်တွဲရိုက်လို့ အဆင်မပြေလောက်ဘူး ကိုဈာန်း ဖျက်လိုက်တော့"
သက်တန့် သူ့ရှေ့ကနေ အချိုးတစ်စက်မှမပြေတဲ့ ကောင်ကိုကြည့်၍ ဒေါသတွေထွက်လာရသည်။ တွေ့တွေ့ချင်းကို စကားပြောတာက respectမရှိ။
ဟွန့် လူကို ဒီလိုလာကြောလို့ ရမယ်တဲ့လား။
"အဟင်း...ဘာလဲ မင်းက BL ကားရိုက်ဖို့ သတ္တိမရှိလို့လား ဒါမှမဟုတ် မိန်းကလေးတွေနဲ့ပဲ မင်းသရုပ်ဆောင်စကေးက တက်တာမို့လား"
"ခင်ဗျား ကျွန်တော့်အရည်အချင်းကို အထင်မသေးနဲ့"
သက်တန့်စကားကို တစ်ဖက်က ရှူးရှူးရှဲရှဲတွေဖြစ်သွားတာမို့ သက်တန့်နှုတ်ခမ်းတွန့်၍ ပြုံးလိုက်မိ၏။ အကွက်ထဲ ၀င်လာပြီပဲ....!
"အဟွန်း ဒါက လက်တွေ့ကြည့်မှသိရမဲ့ကိစ္စပဲလေ "
"ဒါမှမဟုတ် မင်းက ငါနဲ့တွဲမရိုက်ရဲလို့လား၊ ငါက
မင်းကိုကြိုက်မှာစိုးနေတာလား အဟက်! စိတ်ကူးယဉ်မနေနဲ့ မင်းကလည်း ငါ့အကြိုက်မဟုတ်ဘူ"
"ဘာကိစ္စတွဲမရိုက်ရဲရမှာလဲ ! "
"ဒါဆိုဘာလို့လဲ... ဒါမှမဟုတ် မင်းက ငါ့ကိုကြိုက်သွားမှာစိုးလို့လား ကိုယ့်ကိုယ်ကိုယ်မယုံလို့လား"
"ဘာ! ! ! ဘာပြောလိုက်တယ် ကျွန်တော်က ခင်ဗျားကိုဘာကိစ္စကြိုက်ရမှာလဲ"
သက်တန့်သူ့ရှေ့ကနေ ရှူးရှူးရှားရှားဖြစ်နေတဲ့ ကောင်လေးကိုကြည့်၍ စိတ်ထဲက ကြိတ်ရယ်လိုက်မိ၏။ မင်းငယ်ပါသေးတယ် ကောင်လေးရာ...။ သို့သော် အပြင်မှာတော့ တစ်ဖက်လူ ကလိကလိဖြစ်နေအောင် ပခုံးနှစ်ဖက်တွန့်၍ မထီမဲ့မြင်မျက်နှာထားလေးလုပ်နေလိုက်သည်။
မန်နေဂျာနှစ်ယောက်မှာတော့ ကိုယ့်လူကိုယ်လည်း၀င်မဆွဲရဲနဲ့ လက်တကာကာ ခေါင်းတကုတ်ကုတ်ဖြစ်နေကြ၏။
ဒီသ သူ့ကို အထင်သေးတာခံနိုင်သည်။ သူ့အရည်အချင်းကို အထင်လာသေးတာတော့ လုံး၀သည်းမခံနိုင်။ ကိုယ်ကပဲ သူ့ကိုကြိုက်မှာစိုးလို့ တွဲမရိုက်ရတယ် ရှိရသေး။ ပုံစံကြည့်တော့ ဖြူဖပ်ဖြူလျော်နဲ့ သူ့တစ်ကိုင်ပေါက်စာရှိတာကိုများ။
နှံပြည်စုပ်က !!
"ကောင်းပြီလေ ရိုက်ကြတာပေါ့! ကျွန်တော့်အရည်အချင်းတွေကို ခင်ဗျားအထင်မသေးရဲတော့အောင်ထိ ထုတ်ပြပေးမယ်"
"အဟွန်း စောင့်ကြည့်ကြသေးတာပေါ့"
လိုချင်တဲ့အဖြေရသွား၍ သက်တန့်စိတ်က သိသိသာသာ ကြည်လင်သွားလေသည်။ လူကို ဘလိုင်းကြီးလာကြောပြီး မရိုက်နိုင်ဘူးလေးဘာလေးနဲ့။ သက်တန့်ရောင်ဖြာတို့က ကိုယ်ကဘယ်သူ့မှသွားမစသလို သူများကလာစရင်လည်း ငြိမ်ခံနေတတ်သူများမဟုတ်။ အလကားသပ်သပ် ဘယ်သူကြောတာမှ သည်းခံမနေနိုင်။
ထိုစဉ် ဒါရိုက်တာ ဦးစည်အံ့ဖြိုး ရောက်လာကာ
"ကဲ ဘယ်လိုလဲ သက်တန့် ဇာတ်ကိုသဘောကျရဲ့လား"
"ဟုတ် ဦးစည် ကျွန်တော်သဘောကျပါတယ်"
"အင်း ဒီဘက်ကမင်းသား ဒီသခွန်းပိုင်ကရော ဘယ်လိုသဘောရလဲ နှစ်ဦးစလုံးသေချာ confirm ပြီဆိုရင် ဦးစည်ဘက်က တခြားစီစဉ်ဖို့လိုတာတွေ လုပ်တော့မှာ"
"ဟုတ် ကျွန်တော့်ဘက်ကလည်း confirm ပါတယ်၊ ဇာတ်ညွှန်းကိုတော့ အိမ်ရောက်မှအေးဆေးဖတ်ကြည့်ထားလိုက်ပါမယ်"
"Ok Ok ဒါဆိုအဆင်ပြေသွားပြီ၊ နောက်လလောက်ကို စရိုက်ချင်တယ်...လောလောဆယ်နောက်အပတ်ထဲ poster အတွက် photo shoot အရင်၀င်ထားမယ်"
"ဟုတ်ကဲ့"
"ဟုတ် ဦးစည်"
ဦးစည်အံ့ဖြိုးက အလုပ်လုပ်တာ တိကျသေသပ်သလို ဖြစ်သလိုဘယ်တော့မှမလုပ်။ သေချာစီစစ်ပြီး အကောင်းဆုံးဆိုတာတွေမှ ချပြတတ်တဲ့ သူမျိုး။ အမှန်တော့ အသက်က 40လောက်ပဲရှိသေးတာ။ အားလုံးကရိုသေသမှုနဲ့ ဦးစည်ခေါ်လို့သာ မသိတဲ့သူတွေက ကြီးတယ်ထင်ကြတာ။ ပုံစံကလည်း တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ စမတ်ကျကျနေတတ်တဲ့သူမို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးဆိုလည်းမမှားပေ။
"မင်းသားက ဆံပင်မညှပ်နဲ့အုံးနော် လောလောဆယ်၊ အရှည်ထားပေးအုံး"
ဒီသ ကို ရည်ရွယ်၍ ပြောလာတာပင်။
"ဟုတ် ရပါတယ်"
"abroad ကိုသွားရိုက်ရမဲ့အခန်းလည်းပါအုံးမှာ၊ ထိုင်းနိုင်ငံဖြစ်ဖို့များတယ် အကြာကြီးတော့မဟုတ်ပါဘူး တစ်ပတ်၊ဆယ်ရက်ပါပဲ ရိုက်ပြီဆိုကာမှ အချိန်ဇယားပြန်ညှိကြတာပေါ့"
"ဟုတ် ဦးစည်"
"ဒါဖြင့် ဇာတ်လမ်းကို တရား၀င် promote လုပ်လိုက်တော့မယ်နော်....ဇာတ်ညွှန်းဆရာနဲ့လည်း ကြားထဲ ချိန်းပေးမယ် ဇာတ်လမ်းအတွက်လိုအပ်တာပြင်လို့ရအောင် ၊ ဦးစည်ကတော့ မင်းသားနှစ်ယောက်လုံးကို ယုံပြီးသား သက်တန့်ရဲ့သရုပ်ဆောင်စကေးကိုလည်း သိပြီးသားမို့ လုပ်နိုင်မယ်ဆိုတာယုံတယ်...ဒီကာရိုက်တာက သက်တန့်ကလွဲပြီး ဘယ်သူမှလုပ်နိုင်မယ်မထင်ဘူး...ပြီးတော့ ဒီသခွန်းပိုင်ရောပဲ ဒီကာရိုက်တာနဲ့လိုက်ဖက်တာ မင်းအပြင်တခြားရှာမတွေ့ဘူး မင်းနဲ့100%ကို လိုက်ဖက်တယ်လို့မြင်လို့ ကမ်းလှမ်းခဲ့တာပဲ"
"ဟုတ်ကဲ့ ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်"
"မန်နေဂျာတွေကလည်း မင်းသားအချင်းချင်း ရင်းနှီးအောင် လိုအပ်မယ်ထင်တာကြိုလုပ်ထား... Facebook IGတွေလည်း အပြန်အလှန် follow ခိုင်းထား"
(ဟုတ်ကဲ့)၂
"Main character တွေ confirm ပြီဆိုတော့ ဦးစည်ဘက်ကလည်း ဇာတ်အတွက်လိုအပ်မဲ့ တခြားcharacter တွေအကုန်စီစဉ်လိုက်အုံးမယ်...မင်းသားနှစ်ယောက်က တစ်ယောက်အကြောင်းတစ်ယောက်သိအောင် ကိုယ်ရေးအကျဉ်းလေးတွေ အပြန်အလှန် ဖတ်ထားကြနော်... ကန်တော့ပွဲစီစဉ်ရင် Media တွေက interview စတော့မှာ... အတူတွဲရိုက်မဲ့သူအချင်းချင်း ခင်ခင်မင်မင်ရှိထားတော့ ပိုကောင်းတာပေါ့... BL ကားဖြစ်တဲ့အတွက် နှစ်ယောက်က chemistry ပိုမိဖို့လိုတယ်"
"ဟုတ် ဦးစည်"
"ဟုတ်ကဲ့"
သက်တန့်ကတော့ အစောကတည်းက ဂျစ်ကန်ကောင်ရဲ့ profile ကိုကြည့်ထားပြီးသားမို့ ထူးကြည့်စရာမလို။ ဒါပေမဲ့ အသေးစိတ်တော့
ထပ်ကြည့်ရအုံးမယ်။ ဇာတ်လမ်းတောင်တူတူရိုက်တော့မယ်ဆိုတော့ တွဲဖက်ရဲ့အသေးစိတ်လေးတွေလည်း သေချာသိအောင်လုပ်ထားရမည်မလား။ media တွေရဲ့ စေ့စေ့ပေါက်ပေါက် မေးခွန်းတွေကလွတ်ဖို့ သူတို့မှာလည်း ကြိုပြင်ထားရတာမလွယ်နေ။
"ကိုဈာန်း ဒါကကျွန်မမင်းသားရဲ့ ကိုယ်ရေး အကျဉ်း"
"ဟုတ် မအိ...ဒါက ကျွန်တော့်မင်းသားရဲ့ ကိုယ်ရေးအကျဉ်း"
"ကဲ ဒါဆိုဒီနေ့တော့ ဒီလောက်ပါပဲ နောက်အပတ် poster ရိုက်မဲ့အချိန်ကို မန်နေဂျာတွေကို လှမ်းပြောထားပေးမယ်"
(ဟုတ် ဦးစည်)၂
ဦးစည်ထွက်သွားတာနဲ့ သက်တန့်လည်း မအိကိုပြန်ဖို့ရာ ပြောလိုက်တော့သည်။ ဆက်နေစရာလည်း အကြောင်းမှမရှိတော့တာ။ ပုံမှန်တခြားမင်းသားတွေနဲ့သာဆို အချင်းချင်းမိတ်ဆက်၊ လိုမယ်ထင်တာလေးပြောကြဆိုကြနဲ့ ရှိရင်ရှိအုံးမှာ။ ဒီထောင့်မကျိုးကောင်ကတော့ ဆရာကြီးအထာနဲ့ သူ့ကိုယ်သူ ဘာထင်နေလဲမသိ။
"ကျွန်တော်တို့လည်းပြန်မယ်လေ မအိ"
"အင်း ပြန်မယ်လေသက်တန့်...ဒါဆို ကျွန်မတို့ကို ခွင့်ပြုပါအုံး"
"ဟုတ်ကဲ့... ဟုတ်ကဲ့ အတူလက်တွဲလုပ်ရလို့
၀မ်းသာပါတယ်ဗျာ"
"ကျွန်မတို့လည်းအတူပါပဲရှင်...ရှေ့လျှောက်အဆင်ပြေပြေနေသွားကြတာပေါ့"
"ဒါပေါ့ဗျာ...သက်တန့်ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ"
"ဟုတ် ရပါတယ်...ဒါဆို ကျွန်တော့်တို့အရင်ပြန်နှင့်လိုက်မယ်နော်"
"ဟုတ်ဟုတ် ဂရုစိုက်သွားကြအုံးနော်..."
သက်တန့်ပြန်ခါနီး ဟိုသကောင့်သားလေးကို တစ်ချက်ဝေ့ကြည့်ပြီး နှုတ်မဆက်ပဲထွက်လာခဲ့လိုက်သည်။ သူ့ဘ၀မှာ ဒီလိုထောင့်မကျိုးတဲ့မင်းသားနဲ့ ပထမဆုံး အလုပ်အတူတွဲလုပ်ဖူးခြင်းပင်။
ဒီသ ဟိုတစ်ယောက်ထွက်သွားမှ သူ့ကိုယ်ရေးအကျဉ်းကို ယူကြည့်လိုက်သည်။ ထိုအခါ ဘေးက ကိုဈာန်းက
"ဒီသ...မင်း သက်တန့်ကို နဲနဲပါးပါးလေးလေးစားစားဆက်ဆံအုံး ဟိုကမင်းထက်လုပ်သက်ရော အသက်ရော ၇နှစ်လောက်ကြီးတယ်"
"ဘာ!!"
"လန့်တာကွာ...မင်းနဲ့နေရတာ ငါလည်းမြန်မြန်နှလုံးရောဂါရတော့မှာပဲ"
မဟုတ်ဘူး လုပ်သက်ကြီးတာ စီနီယာကျတာက ထားလိုက်တော့။ သူကဒီလောကထဲရောက်တာ နှစ်နှစ်လောက်ပဲရှိသေးတာကို။ ဒါပေမဲ့ အဲ့ဒီနှံပြည်စုပ်လောက်ရှိတဲ့ဟာလေးက သူထက် ၇နှစ်ကြီးတယ်ဆိုတာကတော့....
"ခင်ဗျားဟာက ဟုတ်ရောဟုတ်ရဲ့လား... ကျွန်တော်ကပဲရင့်နေတာလား သူကပဲနုနေတာလား"
"သူ့အသက်က 27 ရှိပြီ မင်းထက် 7နှစ်ကြီးတယ်
လက်ထဲက ကိုယ်ရေးအကျဉ်းကိုသေချာကြည့်လိုက်အုံး"
ဒီသ မယုံသင်္ကာဖြင့် လက်ထဲကစာရွက်ထဲမှ ထိုလူ့ရဲ့ မွေးသက္ကရာဇ်ကို သွားကြည့်လိုက်သည်။
ဟ! တကယ်ကြီးပဲ...။
မွေးသက္ကရာဇ်မှာပြထားတဲ့ ခုနှစ်က သူကိုလှောင်နေသလို...။ ဒီသ စိတ်ထဲ နဲနဲတော့ အောင့်သက်သက်ဖြစ်သွားရသည်။ သူ ထိုလူ့ကို အစ်ကိုလို့မခေါ်ချင်။
_________________________________
စလာကတည်းက တကျက်ကျက်😂
Fantasy romance comedy လေးမို့
စိတ်အပန်းပြေစေဖို့ကိုသာ ရည်ရွယ်ပါတယ်။
အစကတော့ နားမလို့ပဲ စာရေးနေတာကမှ ပိုစိတ်အဆင်ပြေသေးလားလို့။ မန့်လေးတွေမျှော်နေမယ်နော်။
A တို့မပြီးသေးတော့ update ရက်ကပုံမှန်တော့မရှိသေးပါဘူး ပြီးရင်ပြီးသလိုတင်ပေးပါ့မယ်။ Aတို့ complete သွားရင်တော့ ခါတိုင်းလိုပဲ
နှစ်ရက်ခြားတစ်ခါ ပုံမှန်အပ်ပါမယ်ရှင့်။
ပြီးတော့လေ သက်တန့်ရောင်ဖြာဆိုတဲ့ နာမည်လေးက ရှိတယ်ဆိုလားလာပြောထားလို့။ နာမည်တူမရှားဆိုတော့ ဒါလေးတော့နားလည်ပေးကြမယ်မလားဟင်။ သူ့ကာရိုက်တာလေးပုံဖော်ထားတာနဲ့က ဒီ
နာမည်လေးနဲ့ကိုက်ထားတာမို့ ။ ဖတ်ရတာ ကသိကအောင့်ဖြစ်နေတယ်ဆိုရင်တော့ ပြန်စဉ်းစားပြီးပြင်ပေးပါ့မယ်။
Breeze 🤍
25.Feb.2025