Total - 82 Chapters + 2 Extras
မိတ်ဆက်
ကျန်းလျို့ရှန်း၏ နာမည်ကြီး အဆိုတော် အသစ်လေးအပေါ် အမြင် :
ခွေးသားလေး !အနှေးနဲ့ အမြန် ၊ မင်း နာမည်ကျမှာပဲ !→ .......အမ်း ဒီအသေးလေးက စိတ်ဝင်စားဖို့တော့ ည်းနည်း ကောင်းသား → အိုက်အိုက်က အရမ်းချစ်စရာကောင်း → ငါ 【 】ချင်တယ်
ရှရှီးအိုက်၏ ထိပ်တန်းအဆင့် ရုပ်ရှင်ဧကရာဇ်အပေါ် အမြင် :
အီစီကလီလုပ်ပြီး တဏှာထတတ်တဲ့ ရည်မွန်သည့် လူကြီးလူကောင်း → ....... အကျင့်ပျက် → ........အကျင့်ပျက်ပဲ → ထိပ်တန်း အကျင့်ပျက်ဟေ့ !
( တကယ်တော့ ၊ နှစ်ဦးနှစ်ဖက် ပြန်လည်ပေးဆပ်ခြင်းတွေ၊ အလိုလိုက်ခြင်းတွေနဲ့လေးနက်တဲ့ Showbiz ဝတ္တုတစ်ပုဒ်ပါ )
CP : ကျန်းလျိုရှန်း × ရှရှီးအိုက်
ရမ္မက်ပြင်းသည့် ရုပ်ရှင်ဧကရာဇ် X ခန့်ညားအေးစက်သည့် အဆိုတော်
အခန်း ၁
မွန်းလွဲ ၁၂နာရီ၊ တီဗွီစတေရှင် အဆောက်အအုံ၏ စတူဒီယိုအတွင်၌ 《ထိပ်တန်း ဧည့်သည်တော်》 ဟူသော အင်တာဗျူး ပရိုဂရမ်တစ်ခု ရိုက်ကူးရေးလုပ်နေခဲ့သည်။
အစီအစဉ်မှုးဖြစ်သူ ဖန်းဝေက နားသယ်မွှေးလေးတွေကို နားနောက်ညှပ်လိုက်ပြီး မိတ်ကပ်ပါးပါးခြယ်ထားသော မျက်နှာလှလှလေးအား ဖော်လိုက်ကာ၊ သူမအသံက ရေစင်အလား ညင်သာနေခဲ့သည် : " ရှင့်ရဲ့ ဖန်တွေလဲ တကယ်သိချင်နေကြမှာပဲ။တစ်နှစ်လောက် အနားယူပြီး ဘာတွေလုပ်ခဲ့သလဲဆိုတာ အားလုံးကို ပြောပြနိုင်မလား လျိုရှန်း ? "
ကျန်းလျိုရှန်းက တောက်ပစွာ ပြုံးလိုက်လျှင် သူ့မျက်နှာက နှာတံမြင့်မြင့် ၊ မျက်ဆံအိမ်တို့က နစ်ဝင်လျက် ချွန်ကာ အချိုးအစားကျလှသည်လှ၏။ သို့သော် မျက်လုံးစွန်းလေးတွေမှာ အနည်းငယ် လန်တက်နေသည်က ပေါ့ပြက်ပြက်နိုင်သည့်တိုင် စိတ်ခံစားချက်တို့ နင်နဲ့တတ်သည့်နှယ်။ နှစ်ချိူ့ဝိုင်တစ်ခွက်လို အတွင်းမှာ မဲနက်နေပေမယ့် လူကို တခဏချင်းပင် ရီဝေယစ်မူးလာစေသည်။

YOU ARE READING
???????????? || ????
Romance???????????????????????????? X Traffic Star ???????????