抖阴社区

????? ?

1.5K 141 1
                                    

ရွှီယန်က တံခါးကိုလော့ချလိုက်ပြီး ဆိုဖာပေါ်မှာ လူသေကောင်လို ပြိုလဲသွားသည် : " လုံခြုံရေးအစောင့်တွေအများကြီး ခေါ်ခဲ့သင့်မှန်း ငါသိသားပဲ။ ဆယ်ပေါင်လောက် ကျသွားသလို ခံစားရတယ်.... မင်းက တစ်နှစ်လုံးလုံးပေါ်မလာခဲ့တာကို ဘယ်လိုလုပ်ပြီး မင်းရဲ့ ကျော်ကြားမှုက ကျမသွားပဲ တိုးလာနေတာလဲ ? "

ကျန်းလျိူရှန်းက မျက်ခုံးပင့်လိုက်၍ : " စကားကို ဘယ်လိုပြောနေတာလဲ ? "

ရွှီယန်က မျက်လုံးလှန်လိုက်ပြီး : " မင်းငါ့ကိုလာပြောရဲသေးတယ်။ အခုပဲ အပြင်မှာ အရမ်း မောက်မာခဲ့တာမဟုတ်ဘူးလား ? ဒီနေ့ည ဂရုစိုက်နော်​။ တချို့လူတွေက သိမ်ဖျင်းကြတော့ Hot Searchမှာ 《ကျန်းလျိုရှန်း မောက်မာသလို ပြုမူ》ဆိုပြီး Trending Listထဲ ပါလာမှာပဲ။ မင်းကအခုမှ ပြန်လာတာ ၊ သိုသိုသိပ်သိပ်လေးနေကြရအောင်ကွ၊ ဟုတ်ပြီလား ? "

အဝတ်လဲခန်းအတွင်းမှာ စောင့်နှင့်နေပါသော စတိုင်လစ်ဖြစ်သူ အားလန်က ပြုံးလျက်ဆိုလာသည် : " ငါတို့ ရှန်းကောက ဒါတွေကို စိတ်ပူနေစရာလိုသေးလို့လား ? သူ့မကောင်းကြောင်းရေးတဲ့ ဘယ်သူမဆို ချက်ချင်း မစ္စကျန်းဆီကနေ လက်ဖက်ရည်သောက် ဖိတ်ခံရမှာပဲကို "

ဖျော်ဖြေရေးလောက​အတွင်းရှိ အတင်းအဖျင်းအနည်းငယ်ကို သိသူတိုင်း ကျန်းလျိူရှန်း​၏ မိသားစုအတွင်းက အကြောက်ရဆုံးသောသူမှာ စီးပွားရေးလောက​၏ ဥက္ကဋ္ဌဖြစ်သူ သူ့အဖေ မဟုတ်ပါဘဲ၊ သွက်သွက်လက်လက်နှင့် ပြတ်သားပါတဲ့ သားဖြစ်သူကို အလွန်အမင်းအလိုလိုက်ပါသည့် အဆိုတော်အမေဖြစ်သူမှန်း သိကြလေ​၏။မည်သည့်အချိန်မဆို သားဖြစ်သူ​၏ အပျက်သဘောဆောင်ပြီး သတင်းမှားတွေ ထွက်လာတိုင်း ၊ အမြဲလိုလိုပင် ဇစ်မြစ်နိဂုံးချုပ်ရန်အတွက် နေ့တစ်ဝက်ပင်မကြာစေရ။ မဟုတ်ပါက ကျန်းလျိုရှန်း​၏ စိတ်နေစိတ်ထားမျိူးနှင့်ဆိုလျှင် သူဟာ မီဒီယာတွေကြောင့် အပိုင်းပိုင်းအစစ ဖွာဆန်ကြဲသွားတာ အတော်ကြာလောက်ပြီပင်။

သူသည်လည်း ထိုသို့သော အခြေအမြစ်မဲ့သည့်ကိစ္စတွေကို ကိုင်တွယ်ရန် ၊ မိသားစုနောက်ခံအား အသုံးပြုခြင်းကို စိတ်ထဲမထားပါချေ။ သူက မိုက်မဲလှတဲ့ မိန်းကလေး ကျန်းရှောင်ဖူနှင့် မတူ။ သူမသည်ကား ပန်းတိုင်မှာမွေးဖွားခဲ့သည့်တိုင် စမှတ်မျဉ်းကို ပြန်သွားကာ ၊ ခံစားရသည်များကိုလဲ ထပ်ပေါင်းထည့်သေး​၏။

???????????? || ????Where stories live. Discover now