抖阴社区

??

807 79 1
                                    

အခန်း ( ၆၇ )

『Unicode』

ရှရှီးအိုက်ဟာ နောက်တစ်နေ့ အပြန်လမ်းရောက်မှ Weibo ပိုစ့်ကို မြင်လိုက်ရတာပင်။ သူ အလွန်စိတ်ရှုပ်သွားပြီး ရွှီထုံအား ရိုက်ကွင်းအခြေစိုက်ဆီသို့ ပြန်လှည့်မောင်းစေကာ ချက်ချင်း ကျန်းလျိူရှန်းအား ရိုက်ချင်စိတ်တွေ ဖြစ်လာခဲ့သည်။

ကံကောင်းစွာနှင့် သူ့အကောင့်ပိုကို မည်သူမှ အာရုံမစိုက်ကြပေ။ Weiboဆွဲကြည့်သော နာမည်ပြောင်နှင့် ဖန်တစ်ယောက်ကသာ ပေါ့ပေါ့တန်တန်နှင့် ကွန့်မန့်ပေးထားလေသည်။

[ ရှရှီးအိုက်က အရမ်းမျက်နှာတည်တာကို ဟားဟား ၊ ငါလည်း တကယ် သူ အားပျော့ပြီး ချွဲနွဲ့နွဲ့လုပ်တာလေးတွေ မြင်ချင်မိပေမယ့်လဲပေါ့ ]

ကျန်းလျိုရှန်းက တကယ်ကြီး ဖန်ကို စာပြန်ထား​၏ : [ မင်း ကြည့်လို့မရနိုင်ဘူး။ ]

ရှရှီးအိုက်လဲ ဒေါသဖြစ်စွာနှင့် သူ့အကောင့်ပိုဖြင့် စာပြန်လိုက်သည် : [ မင်းလဲ ကြည့်လို့မရပါဘူး! ]

တိုက်ခန်းသို့ ပြန်ရောက်လာသောအခါ အိမ်ဟာ ဗလာကျင်းနေခဲ့​၏။ နောက်ထပ်ရက်နည်းနည်းသော်၎င်း ၁၀ရက်လောက်အထိသော်၎င်း တစ်ယောက်တည်း နေသွားရမည်ကို တွေးမိလျှင် ယခုမှ စိတ်ညစ်လာရသော ကျန်းလျိုရှန်းအား ရုတ်တရက်ကြီး လွမ်းမိပြန်သည်။ သို့သည့်တိုင် ယခုမှ သူထွက်လာတာ နာရီပိုင်းပဲ ရှိသေးတာမို့ သူ့ကို ဖုန်းဆက်ခြင်းက တစ်ဖက်လူကို သူမည်မျှလောက် မခွဲနိုင်မခွာရက်ဖြစ်နေသလဲဆိုတာကို ပြသမိသွားစေနိုင်သည်.......

သူ့မှာ ကိုယ်တိုင် တစ်ခုခုလုပ်နေရုံအပြင်ရွေးစရာမရှိတာကြောင့် အရင်ဆုံး ခရီးဆောင်အိတ်ကို ဖြည်လိုက်​၏။ သို့သော် မနေ့ညကဝတ်ထားသည့် Pajamas ဝမ်းဆက်အား မြင်လိုက်ရလျှင် သူ ချက်ချင်း ခရီးဆောင်အိတ်ကို ဝေးဝေးတွန်းပစ်လိုက်၍ နီရဲနေသော မျက်နှာဖြင့် ရေချိူးခန်းထဲဝင်ကာ ရေချိူးလိုက်တော့သည်။

ရှက်စိတ်တွေ အနည်ထိုင်သွားပြီးသည်နှင့် ရှရှီးအိုက် အဝတ်လဲ၍ စတူဒီယိုသို့ထွက်လာခဲ့လိုက်သည်။

???????????? || ????Where stories live. Discover now