抖阴社区

??

1K 106 3
                                    

အခန်း ( ၃၇ )

နောက်တစ်နေ့ မနက်စောစောတွင် ရွှီယန်မှာ နာနီကြီးတစ်ယောက်လို စူပါမားကတ်မှဝယ်လာသော လတ်လတ်ဆတ်ဆတ် သစ်သီး၊ဟင်းသီးဟင်းရွက်တို့ဖြင့် ဘာမှမလုပ်တတ်ဘဲ သူများက တည်ခင်းပေးတာကိုသာ စောင့်နေတတ်သည့် ဦးလေးကျန်း​၏ အိမ်သို့ ရောက်လာခဲ့ရသည်။သူ Password ထည့် တံခါးလော့ခ်ဖွင့်ပြီးနောက် အိတ်ကြီးအိတ်ငယ်အသွယ်သွယ်ကို မီးဖိုချောင်ထဲ သွားတင်လိုက်ကာ ပုံမှန်အတိုင်းပဲ ကျန်းလျိုရှန်း​၏ အိပ်ခန်းထဲသို့ အမှုအမှတ်မဲ့စွာ ဝင်လာခဲ့​၏။ ထိုအခါမှ သူ​၏ ဦးလေးကျန်းဟာ ယနေ့တွင်တော့ အစောကြီးနိုးနေတာကို အံ့ဩတသင့် တွေ့လိုက်ရသည်။

အိပ်ခန်းက မှိန်ပျပျသာလင်းလျက် ကျန်းလျိုရှန်းက ကုတင်နှင့် မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာ ထိုင်ကာ ထသွားထလာအဝတ်အစားတွေနှင့် ဖုန်းကြည့်နေတာပင်။

" အစ်ကို ၊ မနေ့ညက ဘယ်သွားလိုက်တာလဲ ? သူ့ကိုရော ရှာတွေ့လား ​? " ရွှီယန်က မေးသည်။

ကျန်းလျိုရှန်းက မော့ကြည့်၍ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ကာ ရှုးခနဲ့အသံပြုကာ အိပ်ရာကို ထိုးပြသည် : " လူရှိတယ် ၊ တိုးတိုးနေ "

" ဟားဟား ၊ ဒီအကွက်ကြီးလာပြန်ပြီ။ မင်း ငါ့ကို နောက်တစ်ခါ နှပ်ချလို့ရမယ် ထင်နေလား ? " ရွှီယန်က အရှေ့တိုးသွား၍ စောင်ကို မ,ယူလိုက်ပြီး : " ဘယ် စောက်လူမှ မရှိ–——"

သူ့စကားရော လှုပ်ရှားချက်တွေပါ အတောင့်သား။

တကယ်ကြီး အိပ်ရာထဲမှာ လူရှိနေတယ် !

ကျန်းလျိုရှန်းက သူ့လက်ထဲမှစောင်ကို အမြန်ဆွဲယူသွား၍ လူကို ပြန်ပြီးခပ်တင်းတင်း ခြုံပေးလိုက်သည်။ အိပ်ရာထဲရှိ လူက ယောင်တီးယောင်ဝါးနှင့် ညည်းသံထွက်လာရာ ကျန်းလျိုရှန်းက ငုံ့ကျသွား၍ ခပ်တိုးတိုး ချော့မြှူလိုက်​၏ : " အစောကြီးရှိသေးတယ်။ နည်းနည်း အိပ်လိုက်ဦး လိမ္မာတယ် "

ရွှီယန့်မှာ မေးအောက်ပြုတ်ကျသွားပြီး စိတ်အစဉ်လဲ ပေါက်ကွဲသွားတော့သည်။

ကျန်းလျိုရှန်းက သူ့ကို မေးဆတ်၍အချက်ပြကာ အရင် အိပ်ခန်းထဲမှ ထွက်သွား​၏။ ရွှီယန် သူ့နောက်မှလိုက်သွားပြီး အိပ်ခန်းတံခါးပိတ်လိုက်သည်နှင့်တပြိုင်နက် တရစပ်ထွက်လာတော့သည် : " သောက်-ျီး ! အစ်ကို... အကျိုးနည်းမှ မ-မင်း တကယ်ကြီး ရှရှီးအိုက်နဲ့ အိပ်လိုက်တာလား ? "

???????????? || ????Where stories live. Discover now