အခန်း ( ၇၄ )
『Unicode 』
Warning : Mature Contents
ထိုသို့ကြားလျှင် ရှရှီးအိုက်၏ မျက်နှာလေးမှာ တစ်မုဟုတ်ချင်း ပူသွားရသည် : " ဒီလိုဖြစ်နေပြီးတာတောင် ၊ ခင်ဗျား မဟုတ်တာတွေ တွေးနိုင်သေးတယ်နော်...... "
" ဘာကို မဟုတ်တာတွေလဲ ? " ကျန်းလျိူရှန်းက မျက်မှောင်ကြုတ်လျက် : " ဒါက ရဲဘော်ရှရှီးအိုက်က ရဲဘော်ကျန်းလျိုရှန်းကို အပြည့်အဝ ယုံသလား မယုံဘူးလားဆိုတဲ့ အရေးကြီးသက်သေပဲလေ။ ပြီးတော့ ဒါက ကိုယ်တို့ရဲ့ လုံးဝဥဿုံပြောင်းလဲပစ်လိုက်တဲ့ ချစ်ကြည်ရေးကို ပိုပြီး ချောမွေ့လာစေမဲ့ အဓိက သော့ချက်ပဲ။ အချစ်ရဲ့ကြီးကျယ်လှတဲ့ ဂုဏ်အသရေက ဂီတလောကနဲ့ ရုပ်ရှင်လောက အတူတူ လက်ချင်းတွဲယှက်မှုကို ပြသနေတဲ့ မြင့်မြတ်တဲ့အခိုက်အတန့်လေ။ ဒါကို ဘယ်လိုလုပ်ပြီး မဟုတ်တာလို့ ခေါ်နိုင်ရတာလဲ ! ? "
"........"
ရှရှီးအိုက်က သူ့ကို အပြည့်အဝယုံကြည်တာကြောင့် : ဒ နမ်းချင်ရင်လဲ နမ်း ၊ အဓိပ္ပာယ်မရှိတာတွေ များလွန်းအားကြီးတယ်။ "
" မင်း ပြောသလိုပဲပေါ့။ " ကျန်းလျိုရှန်းဟာ ချက်ချင်း ပြုံးရွှင်သွားပြီး သူ့ကို လက်ယမ်းပြကာ : " ဒီလာခဲ့... မင်းကောင်လေးကို အရင် လာနမ်းပါဦး "
နမ်းခြင်းက ဘာမှမဟုတ်ပေ ။ ဘာပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်က အကြိမ်ပေါင်းများစွာ နမ်းရှိုက်ဖူးခဲ့ပြီးသား။ ဒါအပြင် ကျန်းလျိူရှန်းက သူ့ကို ကာကွယ်ရင်း ဒဏ်ရာရထားတာကြောင့် ဘယ်လောက်ပဲ သူ အလျော်အစားပေးရပါစေ.....လုပ်သင့်သည်ပင်။
ရှရှီးအိုက်က တုံ့ဆိုင်းမနေ ၊ အသာငုံ့ကိုင်း၍ Backstage မပြီးမြောက်နိုင်ခဲ့တဲ့လုပ်ရပ်ကို ပြီးအောင် လုပ်လိုက်၏။
ကျန်းလျိုရှန်းက သူ့ခါးကို လက်မောင်းနှင့် ဖက်တွယ်လိုက်ပြီး သူ့ဘက်သို့ ကိုင်းညွှတ်လာစေကာ သူ့ခေါင်းကို ပခုံးတွင်မှီစေပြီး မျက်နှာဘေးတိုက်ဖြင့် ညင်သာစွာ နမ်းရှိုက်လိုက်သည်။ လျှာဖျားက နှုတ်ခမ်းပုံစံအတိုင်း ခြေရာကောက်နေပြီး လေးကိုင်းပုံလေးကို နမ်းလိုက်ကာ ၎င်းနောက် လျှာနုနုလေးကို ဆွဲထုတ်၍ ဖွဖွလေး အရသာခံနေ၏။ ခဏအကြာ ၎င်းတို့တွေ ခွာသွားပြီး ခွာသွားသည့်အကြိမ်တိုင်း တမင်ပင် နမ်းရှိုက်သံတွေကို တမင်ထုတ်ပေးနေခဲ့လျက် မခွဲနိုင်မခွာရက်။

YOU ARE READING
???????????? || ????
Romance???????????????????????????? X Traffic Star ???????????