《အချပ်ပို ( ၁ ) : မျှော်လင့်ချက်လမ်းတစ်လျှောက် ( ၄ )》
နောက်တစ်နေ့ မနက်၌ တခြားအဖွဲ့နှစ်ဖွဲ့မှ ဧည့်သည်များ ထွက်လာကြသည်။ မထွက်ခွာခင် လင်းချန်က ရှရှီးအိုက်အခန်းသို့ အထူးတလယ် လာရောက်လည်ပတ်ခဲ့ပြီး ယမန်နေ့က Taskပြီးမြောက်သည့်အတွက် ဆုလေးကိုယူလာခဲ့၏။ ရှရှီးအိုက်က ကျန်းလျိုရှန်း၏ အခန်းထဲသို့ယူသွားခဲ့ရာ ဘယ်သူပေးသလဲသိသွားသော် ကျန်းလျိုရှန်းက ချဉ်စူးစွာ ဆိုလာခဲ့၏ : " သူ မင်းကို တကယ်သဘောကျနေတာ "
ရှရှီးအိုက်မှာ ဘာပြောရမှန်းပင်မသိတော့ : " ခင်ဗျား ဘယ်လိုလုပ် သူနဲ့တောင် သဝန်တိုနေတာလဲ ? သူက အရမ်းလိမ္မာတာ "
" လိမ္မာပေမယ့် ဘာပဲဖြစ်ဖြစ် သူ့ကို သွမ့်မင်ယန်ကလွှတ်လိုက်တာ။ "
" တကယ်ကြီး ? " ရှရှီးအိုက် နည်းနည်းတော့ အံ့ဩသွားရသည်။
" အမှန်ပဲ။ မဟုတ်ရင် သူ့လို အခုမှ တစ်ကိုယ်တည်းပွဲဦးထွက်ပြီး ဖန် တစ်သန်း နှစ်သန်းလောက်ပဲရှိတဲ့ အိုင်ဒေါလ်ပေါက်စက ဒီလို အရင်းအမြစ်ကောင်းမျိူး ရနေပါ့မလား ? " ကျန်းလျိုရှန်းက ဆိုသည် : " သွမ့်မင်ယန်က မင်းကို အနိုင်ယူဖို့ သူ့ကို လွှတ်လိုက်မှာစိုးတယ် "
လက်စသတ်တော့ အရင်တစ်ခေါက် ဆုပေးပွဲအခမ်းအနားမတိုင်ခင်က သွမ့်မင်ယန်၏ " ကလေးလေး " ကို ကျန်းလျိုရှန်းတစ်ယောက် စိတ်ပူနေတုန်း ဖြစ်ပုံရသည်။
ရှရှီးအိုက်မှာ သူနှင့် ဘာမျှ မပတ်သတ်ပေ။ ထို့ကြောင့် သူ ဘယ်တော့မှ အလစ်သုတ်ခံရမည်မဟုတ်ကြောင်း ခိုင်ခိုင်မာရပ်တည်ချက်အား ပြသပေးရုံသာတော့ရှိ၍ တစ်နေ့ပတ်လုံး သူ့နောက် နီးနီးကပ်ကပ် လိုက်ပါနေခဲ့၏။
နေ့ပိုင်းတွင် ပရိုဂရမ်အဖွဲ့က အင်တာဗျူးတချို့နှင့် နေ့ဓဒူဝလုပ်ငန်းစဉ်များအား ရိုက်ကူးရန် အခန်းထဲ ဝင်လာခဲ့ကြသည်။ ပြီးလျှင် တစ်လက်စတည်း ဒေါက်တာ့အားလည်း ခန္ဓာကိုယ်အပူချိန်တိုင်းပေးဖို့ပြောခဲ့၏။ ကျန်းလျိုရှန်း၏ ယခုတစ်ခေါက်အဖျားက သိပ်မပြင်းထန်လှသော်လည်း နလံမထနိုင်ခဲ့ပေ။ ခေါင်းမူးခြင်းအပြင် တစ်ခါတလေ ဗိုက်ပြဿနာလဲ ဖြစ်နေခဲ့တာဖြစ်သည်။ ထို့ကြောင့် ညဘက်၌ မူလပလန်အရ ဟိုတယ်ခန်းအကျယ်ကြီးမှာ ကင်မရာပေါင်းများစွာ တပ်ဆင်ခဲ့ကြသည်။ ကျူးကျစ်မင်ကိုယ်တိုင်က ဘေးချင်းကပ်အခန်းရှိ စောင့်ကြည့်ရေးစခရင်ရှေ့မှာထိုင်ပြီး သူတို့နှစ်ယောက်၏ လှပပြီး ရိုမန့်တစ်ဆန်သည့် အကပါတီပွဲကို ရိုက်ကူးနိုင်ရန် သံဓိဋ္ဌာန်ချထားခဲ့လေသည်။

YOU ARE READING
???????????? || ????
Romance???????????????????????????? X Traffic Star ???????????