抖阴社区

????? ?

2.1K 168 1
                                    

နှစ်စဉ် ဆောင်းဦးရာသီပွဲတော်​က ကြီးကျယ်ခမ်းနားလှသည့် နွေဦးပွဲတော် ပြီးလျှင် ဒုတိယနေရာ ဖြစ်သည်​။ အရှေ့မျိုးဆက် အနုပညာရှင်များအပြင် အကျော်ကြားဆုံးနှင့် နောက်ကြောင်းရှင်းသည့် နာမည်ကြီးများသာ စတိတ်ပေါ်မှာ ဖျော်ဖြေနိုင်လေသည်။ နိုင်ငံတစ်ဝှမ်း အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်ထုတ်လွှင့်မှုက အမှားတစ်စုံတစ်ရာ ရှိခွင့်မပြု​ပေ။ ဖျော်ဖြေသူများအားလုံး ပွဲမစမီ သုံးနာရီ၊ လေးနာရီအလိုကပင် စင်မြင်အနောက်ဖက် အ၀တ်လဲခန်းဆီသို့ ရောက်လာရပြီး ကြိုတင်ပြင်ဆင်မှုများနှင့် Behind the Scene အင်တာဗျူးများကို လုပ်ရမည်ဖြစ်သည်။

မိတ်ကပ်ဆရာမ ရှယ်လီ က ဘရက်ရှ်နှင့် ပေါင်ဒါအနည်းငယ်ကိုယူကာ ၊ သူမရှေ့ရှိ ပုဂ္ဂိုလ်​၏ နှစ်လိုဖွယ်ကောင်းသော ပါးပြင်လေးတွေနှင့် နှာတံဖျားပေါ်မှာ ညင်သာစွာ ပွတ်လိမ်းပေးနေသည်။

" အာ... ဟက်ချိုး ! "

ရှရှီးအိုက်က သူ့နှုတ်ခေါင်းလေးကို ပွတ်လိုက်ပြီး လှပသည့်မျက်ခုံးလေးတွေကို ရှုံ့ကာ : " ဒါက အရမ်းယားတာပဲ... မလိမ်းလို့ မရဘူးလား ? "

ရှယ်လီက အပြုံးလေးဖြင့် ပြောမိ​၏ : " ရှင်က အရမ်းကြည့်ကောင်းပြီးသားမို့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်တာပါ။ မိတ်ကပ်မလိမ်းထားရင် ခဏကြာပြီး အဆီပြန်လာလိမ့်မယ်။ ရှင်လဲ နိုင်ငံတဝှမ်းလုံးက ပရိတ်သတ်တွေကို အဆီပြန်နေတဲ့ မျက်နှာနဲ့ ရင်မဆိုင်ချင်ဘူးမလား ? "

ရှရှီးအိုက်က ထိုသို့ကြားလျှင် ၊ ရွေးစရာမရှိပဲ လက်ခံလိုက်ရသည့်တိုင် သူ့မျက်နှာကတော့ ဝန်လေးနေဆဲ : " တစ်ခါတလေ ၊ ဖန်တွေက ကျွန်တော့်ရုပ်ကိုကြိုက်တာလား ၊ ကျွန်တော့်သီချင်းတွေကို ကြိုက်တာလားဆိုတာကို သိချင်မိတယ်။ "

သူသည်ကား မဲနက်သည့် မျက်ဝန်းကြီးများဖြင့် ချောမောကြော့ရှင်း​၏။ သို့တိုင် သူ​၏ တောက်ပကြည်လင်သည့် မျက်လုံးတွေကပဲ အကြောင်းမဲ့စွာ ချည်းကပ်လို့ မရသကဲ့သို့ အေးစက်စက်ဟန် ပေါ်စေသည်။သူက ပြုံးရတာလဲ မကြိုက်ပါဘဲ ၊ အမြဲတစေ အေးစက်စက်မျက်နှာထားနှင့်ရှိတာကြောင့် သူ့ဖန်တွေထံမှ " အေးစက်တဲ့ နတ်သားလေး " ဟု မကြာခဏ ချစ်စနိုးခေါ်ခံရလေ့ရှိသည်။ ယခုချိန်၌ သူက စိတ်ဓာတ်ကျသယောင် အမူအရာလေးဖြစ်နေသဖြင့် နာမည်ကြီးတွေကို မြင်ဖူးနေကျ အဒေါ်ကြီးဖြစ်တဲ့ ရှယ်ရီပင်လျှင် အမေတစ်ယောက်လို အချစ်မျိူးနှင့် သောင်းသောင်းဖြဖြဖြစ်သွားရသည်။

???????????? || ????Where stories live. Discover now