အခန်း ( ၄၂ )
『Unicode』
ညစာစားပြီးနောက် အိမ်ပြန်လာသောအခါ ရှရှီးအိုက်မှာ ကျန်းလျိုရှန်း၏ ရှက်ရွံ့ဖွယ်စကားတို့ကြောင့် မျက်နှာနီမြန်းမြန်း ဖြစ်နေဆဲဖြစ်ကာ မျက်နှာပေါ်မှ အပူသည်လည်း အချိန်အတော်ကြာ မပျောက်ကွယ်သွား။
ကျန်းလျိုရှန်းက ဘယ်လောက်ပဲ အင်အားကြီးပြီး ယုံကြည်လို့ရနေပါစေ အဓိကမှာ အရှက်မရှိတဲ့နှာဘူးအိုကြီးဖြစ်နေဆဲပဲဆိုတာကို သူက ဘယ်လိုလုပ် မေ့သွားရတာလဲ။
" ရုပ်ရှင်ကြည့်ချင်လား ? ကိုယ့်ရဲ့ ပထမဆုံးဇာတ်ကားလေ " ကျန်းလျိုရှန်းက လက်ထဲမှ 《ကျေးလက်လမ်း》DVDကို ဝေ့ယမ်းပြလာ၏။
"......အွန်း "
သို့ပေမယ့်လဲ ယခုအချိန်မှာတော့ သူ့အနေနှင့်အနှီနှာဘူးအိုကြီးကို ငြင်းနိုင်စွမ်းမရှိဟန်တူပါသည်။
ကျန်းလျိုရှန်းက သူကိုယ်တိုင် ဘယ်လို ပျော်ရမလဲဆိုတာကို သိသူတစ်ယောက်။ သူဟာ ဧည့်ခန်းက မူလတီဗွီမှာ မဖွင့်ပေ။ သူ့ကို အိမ်တွင်း ပြဇာတ်ရုံထဲသို့ ခေါ်သွားကာ ရုပ်မြင်သံကြားကိရိယာအစုံအလင်ကို ဖွင့်လိုက်သည်။ ပြီးလျှင် ဆိုဖာနောက်မှီကို အကောင်းဆုံးကြည့်လို့အောင် ချိန်ညှိပြီး သူ့ဘေးကနေရာကို ပုတ်ပြလာ၏ : " လာထိုင် "
အဓိက ဆိုဖာကြီးကလူနှစ်ယောက် လှဲချလို့ရလောက်အောင် ကြီးမားတာကြောင့် ဘေးချင်းကပ်လျက်ထိုင်ရန်အတွက် အနည်းငယ် ပွတ်သီးပွတ်သပ်ဖြစ်လွန်းနေသည်။ ရှရှီးအိုက်က သူ့နံဘေးရှိ တစ်ယောက်ထိုင်ခုံလေးမှာ ထိုင်ချင်နေသော်လည်း ကျန်းလျိုရှန်းက " အတူထိုင်ပြီး ဇာတ်လမ်းအကြောင်းဆွေးနွေးမယ် " ဟု ပြောဆိုခြင်းဖြင့် သူ့ကို ပြန်လည်သွေးဆောင်ခဲ့၏။ သူ အမှန်တကယ် ထိုင်ကြည့်လိုက်ပြီးနောက်တွင်လည်း ဘာမှ မှားယွင်းနေသလို မထင်မိပေ။
ဆန့်ကျင်ဘက်အနေနှင့် ကျန်းလျိုရှန်းကတော့ အလွန်တရာ သက်တောင့်သက်သာဖြစ်နေ၏။
အရင်တစ်ခေါက် ဆုပေးပွဲညပြီးကတည်းက သူ ကလေးနှင့် အရမ်းနီးနီးကပ်ကပ်မနေရတော့ချေ။ လူကို ရင်ခွင်ထဲထည့်လိုက်လို့ရသည့် အကွာအဝေးက လက်တစ်ကမ်းမျှသာရှိပြီး သူ့လှည့်လိုက်သည့်အချိန်မှာလည်း လူကို တွန်းလှဲချလို့ ရသည့်အကွာအဝေး.........ရုပ်ရှင်ကြည့်နေပါတယ်ဟု မည်မျှပင် တွေးနေစေကာမူ အလုံးစုံသောစိတ်မှာ ထက်သန်နေသော အတွေးတွေကိုဖိနှိပ်ဖို့ အသုံးချနေရ၏။

YOU ARE READING
???????????? || ????
Romance???????????????????????????? X Traffic Star ???????????