抖阴社区

??

821 83 5
                                    

အခန်း ( ၇၁ )

『Unicode 』

ဤဖြစ်ရပ်အပြီး ၊ ဖြတ်သွားဖြတ်လာများ​၏ ရှရှီးအိုက်​အပေါ် ထောက်ခံမှုက သိသိသာသာမြင့်တက်လာပြီး ယခင် သူလုပ်ခဲ့သည့် ပရဟိတပရောဂျက်များပင် ပြန်လည်ဖြန့်ဝေခံရကာ အကုန်လုံး အချိန်တစ်ခုမျှ ရေပန်းစားခဲ့လေ​၏။ တချို့ဖြတ်သွားဖြတ်လာများကဆို ရှရှီးအိုက်ဟာ ယခုအချိန်တွင် အတိတ်မည်းကိုပင် မဝေဖန်ဝံ့သော ကြယ်ပွင့်ဖြစ်နိုင်သည်ဟု ဟာသနှောပြောဆိုကြလေသည်။ အကြောင်းမှာ သူ့အကြောင်းတစ်ခုခု မကောင်းပြောလိုက်ပါလျှင် အင်တာနက်သုံးစွဲသူများထံမှ အကဲဖြတ်အရည်အချင်းအပြည့်နှင့် စုတ်ဖြဲခံရလိမ့်မည်ဖြစ်​၏။

ကျန်းလျိုရှန်းက အနှီကွန်မန့်ကို မြင်လျှင် အနည်းငယ် အူတိုသွားကာ : " ဘာကို အင်တာနက်သုံးစွဲသူ လိုနေမှာလဲ ? အရင်တစ်ခေါက် မတော်တဆဖြစ်တုန်းက သူတို့ဘယ်ရောက်နေကြလို့လဲ ? မဟုတ်မှ မင်းရဲ့ကိုကိုကြီး, ကိုယ်ကပဲ စိတ်အချရဆုံးဖြစ်မယ် "

သူဟာ လတ်တလောတွင် သူ့က်ိုယ်သူကို ကိုကိုကြီးဟူ ခေါ်ရသည်အား နှစ်သက်နေသဖြင့် ရှရှီးအိုက်မှာ ၎င်းအတွက် ပြောစရာမဲ့နေရသည် : " ခင်ဗျားကိုယ်ခင်ဗျား ပုံမှန်လေးပဲ ခေါ်ပေးလို့ရမလား ? "

" ဘာလို့လဲ ? ကိုယ်က မင်းထက် မကြီးနေလို့လား ? " ကျန်းလျိုရှန်းက ဖုန်းထဲမှ နှစ်ချက်မျှရယ်လိုက်ပြီး : " မဟုတ်မှ " ကိုကိုကြီး " ဆိုတာက မင်းကိုမစ်တီးပေးခဲ့တဲ့လူရဲ့ သီးသန့်နာမည်များဖြစ်နေလို့လား ? "

" သီးသန့်နာမည်မဟုတ်ပါဘူး.... ဒီတိုင်း ကျွန်တော်က သူ့ကို အဲ့လိုမျိူး ခေါ်နေကျဖြစ်ရုံပဲ။ ခင်ဗျားက ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကို အဲ့လိုခေါ်လိုက်ရင် ခေါင်းရှုပ်စရာတွေ ဖြစ်လာလိမ့်မယ်။ "

ရှုပ်သွားလဲ ကောင်းတာပဲ။ ကျန်းလျိုရှန်းက တွေး​၏။

သူက တမင်ပင် : " သူက ဘယ်လိုပုံစံမျိူးလဲ မှတ်မိသေးလား ? "

ရှရှီးအိုက်က ခဏမျှတွေးကာ : " သူက အတော်လေး အရပ်မြင့်ပြီး ချောမဲ့ပုံပဲ။ ဒါပေမယ့် ကျန်တာ တွေးကြည့်လို့မရတော့ဘူး "

???????????? || ????Where stories live. Discover now