抖阴社区

????? ?

1.2K 140 7
                                    

ပါတီအပြီး ညစာစားပွဲက နှစ်အတော်ကြာ ပုံမှန်ပင်ဖြစ်သည်​။ မီဒီယာတွေအားလုံး ဝင်ရောက်ခွင့်မရှိ​​။ ရှိုးပွဲ​၏ ဧည့်သည်တော်များနှင့် အရေးပါသည့် ဝန်ထမ်းများသာ ရှိကြပြီး လက်ထောက်တွေကိုပင် ဝင်ရောက်ခွင့် မပြုပါချေ ။ အရမ်းကို သီးသန့်ဆန်လွန်းပေသည်။

ထိုင်ခုံအပြင်အဆင်ကလည်း နည်းနည်းထူးခြားသည်။ မျိူးဆက် ကွာဟချက်ကြီးလွန်းသောအခါမှာ အများကြီးပြောစရာမရှိ ဖြစ်မှာမျိုးတွေ မဖြစ်ရလေအောင် များသောအားဖြင့် သက်တူရွယ်တူတွေကိုသာ စားပွဲတစ်ခုတည်း ထားပေးလေသည်။ကျန်းလျိူရှန်းရှိတဲ့ စားပွဲဝိုင်းက ထုံးစံအတိုင်း ဖျော်ဖြေရေးလောက​အတွင်းက လူငယ်အနုပညာရှင်များနှင့် ပြည့်နေခဲ့သည်။ သူလောက် နာမည်မကြီးသော်ငြား အကောင်းဆုံးသရုပ်ဆောင်ဆုရ ကျန့်ဝိန်ပင်း ၊ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ဩချလောက်စရာ သီချင်း သုံးလေးပုဒ်လောက်ထုတ်ခဲ့ပြီး ယခုချိန်မှာတော့ အလုပ်ကောင်းလေး အနည်းငယ်သာရှိတော့သည့် အဆိုတော် လီကျွင်းတို့ပါပင်။

အတိုချုံးရပါက သူတို့ထဲက တစ်ယောက်မှ သူ့လောက် နာမည်ကြီးသည်မဟုတ်။

မည်သို့ဖြစ်စေ ၊ သူထိုင်လိုက်သောအခါ သူ​၏ ညာဘက်ခြမ်းတွင် ကျော်ကြားမှုက အထွတ်အထိပ်အထိရောက်နေသော မျက်နှာလှလှလေးကို တွေ့လိုက်ရလေသည်။

ဝတ်စုံပြည့်ဝတ်ထားသည့် ရှရှီးအိုက်က ပို၍ တိတ်ဆိတ်သွားသယောင်ပေါ်သည်။ သို့သော် သူ ဘယ်လိုပဲကြည့်နေပါစေ အလေးအနက်ဖြစ်နေသည့် ဝတ်စုံနက်နှင့် သူ့မျက်နှာချောချောလေးတ်ို့ တွဲဖက်ဝတ်စားထားခြင်းဟာ အထက်တန်းကျောင်းသားလေး သူ့အဖေ​၏ ဝတ်စုံကို ခိုးဝတ်လာသည့်အတိုင်း ထင်ရ​၏။

ကျစ် ၊ ဘယ် အာမခံကုမ္ပဏီကများ သူ့ကုမ္ပဏီကို စတိုင်လစ် ခန့်ပေးလိုက်တာပါလိမ့် ? ဒီလို မျက်နှာလှလှလေးကို ဖြုန်းတီးပစ်လိုက်တာပဲ။

သို့ပေမယ့် ညည်းညူခြင်းက ညည်းညူခြင်းအဖြစ်သာကျန်ရှိနေခဲ့သည်။ ကျန်းလျိုရှန်းက ပြုံးမြဲပြုံးလျက် သူ့ကို နှုတ်ဆက်လာသည် : " ဟင်... တိုက်ဆိုင်လိုက်တာ ရှီးအိုက် "

???????????? || ????Where stories live. Discover now