အခန်း ( ၃၈ )
စကားစမြည်ပြောခဲ့တာ နာရီဝက်မျှ။
ရှရှီးအိုက်က ထိုနေ့မှာ ဘာဖြစ်ခဲ့သလဲဆိုတာကို အသေးစိတ် ပြန်လည်ပြောပြလိုက်လျှင် နားထောင်သူ သုံးယောက်မှာ လုံးစေ့ပတ်စေ့သိရှိသွားကြသည်။
ရွှီယန်က တွေးတဆဆနှင့် မေး၏ : " ယိုချင်က မင်းကို ခေါ်ခဲ့တဲ့သူပေါ့....သူက သူတို့နဲ့ တစ်လှေတည်းစီးများလား ? သူကနေ အရင်စလိုက်ချင်လား ? "
ကျန်းလျိုရှန်း : " မလိုဘူး။ သူက နည်းနည်း လေလုံးထွားတဲ့ပုံစံပေမယ့် သူများထက် သူ့ကိုယ်တိုင် ဘေးကင်းဖို့ ရှေ့တန်းတင်တတ်တဲ့ သူမျိူးပဲ။ သူ့ကိုယ်သူ ပြဿနာထဲရောက်သွားအောင် လုပ်မှာမဟုတ်ဘူး။ ကြည့်ရတာ ကျောက်ကျန်ဟွားဆီကနေ အသုံးချခံရတာပဲဖြစ်မယ် "
" ဒါဆို ငါတို့ဘာလုပ်ကြမလဲ ? ငါတို့မှာ ဖုန်းမှတ်တမ်းလဲမရှိသလို ကျောက်ကျန်ဟွားက ပါနေပါတယ်ဆိုတဲ့ တိုက်ရိုက်သက်သေမျိူးလဲ မရှိဘူး။ ယိုချင်က ငါတို့ကို အမှန်အတိုင်း ပြောပြချင်စိတ်ရှိရင်တောင် သူ့မှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့သက်သေမရှိတာကို "
" အရေးကြီးတာက သက်သေမဟုတ်ဘူး။ လူထုအမြင်ပဲ " ကျန်းလျိုရှန်းက : " ကျောက်ကျန်ဟွားက သူ ဆေးသုံးတယ်လို့ အားလုံး ယုံသွားအောင် မာကတ်တင်းအကောင့်တွေကို ပိုက်ဆံပေးပြီး လူထုအမြင်ကို ထိန်းချုပ်နေတာ။ ငါတို့မှာ သက်သေဘယ်လောက်ရှိရှိ အသုံးမဝင်ဘူး။ ဘာလို့လဲဆိုတော့ ရိုးရိုးသားသားပြောရင် မင်း အဲ့ဒီကိုရောက်သွားတာ တိုက်ဆိုင်ရုံပါလို့ သက်သေပြနိုင်ရင်တောင် အရင်တုန်းက တိုးတိုးတိတ်တိတ် ကျိတ်ပြီး ဆေးမသုံးခဲ့ဘူးလို့ မဆိုလိုတော့ဘူး မလား ? အားလုံးမှာ ကောက်သုံးလို့ရတဲ့ ဆူးတွေရှိပြီးသား "
" အွန်း အဓိပ္ပာယ်ရှိတယ်။ "
" ဒီတော့ ၊ ငါတို့ လူထုအမြင်ကို လမ်းကြောင်းပေးတာကနေစလိုက်ရအောင်။ တစ်ဖက်မှာ ပျက်စီးသွားတဲ့ ဂုဏ်သတင်းနဲ့ ဖြတ်သွားဖြတ်လာတွေကို လွှမ်းမိုးနေတာတွေ ပြန်ပြင်ပေးနိုင်တယ်။တစ်ဖက်မှာကျ ငါတို့ ကျောက်ကျန်ဟွားရဲ့မကောင်းတဲ့ အကျင့်စရိုက်နဲ့ ကလိမ်အကျစ်လုပ်ရပ်တွေပေါ်လာတဲ့အခါ သူက အနုပညာရှင်တွေအပေါ် အကွက်ချတဲ့ စိတ်ထားညစ်ညမ်းတဲ့သူဌေးဖြစ်ကြောင်း အားလုံးက ယုံသွားလိမ့်မယ်။ အဲ့အချိန်ကျမှ ငါတို့က မင်း ဆေးမသုံးခဲ့ပဲ ကျောက်ကျန်ဟွားဆီကနေ ထောင်ချောက်ဆင်ခံရကြောင်း သက်သေတချို့ ပစ်ထည့်လိုက်မယ်။ ဒါဆိုရင် လူတွေက လက်ခံကြမယ့် အခွင့်အလမ်းပိုများပြီး ကောလဟာလတွေက သူ့ဘာသာသူဖြေပြီးသားဖြစ်သွားမယ် "

YOU ARE READING
???????????? || ????
Romance???????????????????????????? X Traffic Star ???????????