抖阴社区

??

1K 122 1
                                    

သူတို့​၏ အပြန်ခရီးဟာ လူထုသိပြီးဖြစ်လေသည်။ ဧည့်သည် ခြောက်ယောက် အတူတကွ ဆိုက်ရောက်လာသောအခါ ရောက်လာသည့်ဖန်များက လေဆိပ်ပြောင်းပြန်လှန်တော့မတတ် တဝေါဝေါ အော်ဟစ်ခဲ့ကြ​၏။

ရှရှီးအိုက်ဟာ သူ လာရောက်စဉ်ကအတိုင်း ဦးထုပ်ဦးစွန်းကို နှိမ့်၍ maskတပ်ကာ သူ့ဖြစ်တည်မှုကို လျှော့ချဖို့ ကြိုးစားထားသည်။ သို့သော် သူ့ဘေး၌ Catwalkလျှောက်နေသကဲ့သို့ ဝင့်ဝင့်ကြွားကြွားလှမ်းချီနေသော ကျန်းလျိုရှန်းက အလွန်ထင်ရှားနေတာကြောင့် Customမှ ထွက်ထွက်ချင်းပင် အမှတ်မိခံလိုက်ရလေသည်။

" အားးးးးးးးးးးးးးးးးး! ! ! ! ! !" ဖန်တွေက သူတို့ရဲ့ နီယွန်ဆိုင်းဘုတ်များကိုအသဲအသန် ယမ်းခါပြနေကြ​၏။ အများစုမှာ သူတို့နာမည်တွေကို ရေးထားကြ၍ အံ့ဩစရာမရှိပါ။ သို့သော် ရှရှီးအိုက်အတွက် လက်မခံနိုင်သော အရာသည်ကား ယခု ပြင်ပအားပေးသူများကြားတွင် CPဖန်တွေ ရှိနေခြင်းပင်ဖြစ်သည်။

အသဲပုံတွေကြားမှ ရောင်စုံ " ရှန်းအိုက် " ဆိုင်းဘုတ်များကို သူ့ခမျာ မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့။

ကံကောင်းစွာပင် ကျန်းလျိူရှန်းနှင့်ဆက်နွယ်နေသည့်သူမှာ သူတစ်ဦးတည်းမဟုတ်ပါ။

အရှေ့မှလျှောက်နေသော ယိုချင်ဟာ သူ့ကိုယ်ပိုင်ဖန်တွေကို အနမ်းတွေကြဲနေ​၏။ သူက မတော်တဆဆိုသလို " ရှန်းချင် " ဆိုင်းဘုတ်ကို မြင်သွားသယောင်ဟန်ဆောင်လိုက်ပြီး ရှက်သွေးဖြန်း၍ နောက်လှည့်သွားပါလျှင် ဖန်တွေနှင့် CPဖန်တွေထံမှ အော်ဟစ်သံနှစ်ထပ်ကွမ်းဖြစ်ပေါ်စေခဲ့ချေ​၏။

ရှရှီးအိုက် : "............"

အထင်ကြီးပါပေ့ ၊ တကယ်ကို အထင်ကြီးလောက်ပါပေ့။

သို့သော် အပိုင်းအားလုံးလွှင့်ပြီးသည်နှင့် ဤသရုပ်ဆောက်အတွက် သူ့အရည်အချင်းပြသရန် နေရာမရှိလောက်တော့ပါချေ။

ဘာပဲဖြစ်ဖြစ် ကျန်းလျိုရှန်းက သူတို့CP ကို ​​ကိုယ်တိုင်ကိုယ်ကျ စန်းတင်ထားသည်ကိုး။ သူတို့ ခရီးတစ်လျှောက်လုံး မျက်နှာသာပေးနေတာကို ပြသရန် သူ့ကို တမင်တကာအီသည်​။ မိုးထိုးလောက်အောင်လွန်နေတာမျိူးလဲမဟုတ် ၊ ပမာဏက မှန်မှန်ကန်ကန်နှင့်။ တစ်ယောက်က ဒါဟာ ညီအစ်ကိုပမာမေတ္တာပါလို့ပြောပြန်ရင်လဲ နည်းနည်းတစ်ခုခုက ပိုနေမည်။ တစ်ယောက်က အချစ်လို့ပြောပြန်ရင်လဲ တစ်ခုခုကပျောက်နေသကဲ့သို့ဖြစ်နေလိမ့်မည်ပင်။

???????????? || ????Where stories live. Discover now