抖阴社区

                                    

ကျန်းလျိုရှန်းမှာ ဝမ်းသာအယ်လဲနှင့် : " ဒါဆို မင်းသူ့ကို အခုရော လွမ်းနေသေးလား ? သူ့ကို ထပ်တွေ့ရင် ဘာပြောချင်လဲ ? "

ရှရှီးအိုက်မှာ ဖြေတော့မည်အပြု ရုတ်တရက် အချက်ပေးသံညံသွား​၏။ ရှလကာရည်ဘုရင်ကြီးကျန်းက သူဘာလုပ်မလဲမေးနေပြီ ? ဒါ ကလိမ်ကကျစ်ကျနေတာပဲဖြစ်ရမည်။

" ကျွန်တော် သူ့ကို ထပ်တွေ့ရမှာမဟုတ်ပါဘူး။ ပြီးတော့ ပြောစရာလဲ ဘာမှမရှိဘူး " သူက ပတွတ်ပတွတ်နှင့်ဆိုလိုက်​၏။

သို့သော် ကျန်းလျိုရှန်းကတော့ မလိုလားသလို : " ဘာကို ပြောစရာမရှိရမှာလဲ ? သူက မင်းရင်ထဲမှာအရမ်းအရေးကြီးတယ်လေ။ သူပေးတဲ့မစ်တီးကိုတောင် မင်းက အခုထိ တွေးနေတုန်းကို။ မင်းရဲ့ကလေးဘဝက အလှပဆုံး အဖိုးအတန်ဆုံး အမှတ်တရပဲလေ။ သူက အရပ်ရှည်တယ် ၊ ချောတယ်။ ဒီပုံရိပ်ကို မင်းဘယ်တော့မှ မမေ့နိုင်ဘူး ၊ နေ့နေ့ညညစဉ်းစားနေမိပြီး ပထမဆုံး တစ်စုံတစ်ယောက်ကို ချစ်မိရတဲ့အရသာလေး ပေးစွမ်း——"

ရှရှီးအိုက်မှာ ပြောရင်းပြောရင်း သူက လှိုက်လှိုက်လှဲလှဲဖြစ်လာတာကို ကြားရလျှင် နားမလည်နိုင်တော့ : " ဘယ်လိုလုပ် ကျွန်တော်က သူ့ကို ချစ်မိဖူးရမှာလဲ ? ကျွန်တော် မစ်တီးကြိုက်တာက သူ့ကြောင့်မဟုတ်ဘဲ မစ်တီးက အရသာရှိလို့လေ။ "

ကျန်းလျိုရှန်း : "........"

လက်စသတ်တော့ သူက မစ်တီးနဲ့ သူ့ကလေးရဲ့ အိမ်ထောင်ရေး အဆင်ပြေအောင် ကြားကနေမိတ်ဆက်ပေးခဲ့သူသာ ဖြစ်နေခဲ့​၏။

" အရင်ကအကြောင်းတွေ မပြောတော့ဘူး။ " ရှရှီးအိုက်က နှုတ်ခမ်းလေးတွေစေ့လျက် မျှော်လင့်ချက်တွေနှင့် မေးလိုက်​၏ : " ခင်ဗျား.....ဘယ်အချိန်ပြန်လာမှာလဲ ? "

ကျန်းလျိုရှန်း​၏ လေသံမှာ အေးတိအေးစက်ဖြစ်သွားပြီး : " အဖွဲ့က အရမ်းအလုပ်များနေတယ်​။ ဒီလ ပြန်လာနိုင်မှာ မဟုတ်လောက်ဘူး။ "

ရှရှီးအိုက်​၏ ရင်မှာ တစ်ဆို့သွားပြီး သူမေးလိုက်သည် :

" မနက်ဖြန်ည အစ်မစူးကျစ်ရဲ့ ဖျော်ဖြေပွဲမှာ ကျွန်တော်က ဧည့်သည်အဖြစ်ပါလာမှာ။ ကျွန်တော် ကိုးနာရီလောက်ဆို ထွက်ရမယ်။ ခင်ဗျားမှာ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ဖို့ အချိန်ရှိလား ? "

???????????? || ????Where stories live. Discover now