မူပိုင်အချစ် || ပြီး

By Russofine

101K 9.2K 232

ရုပ်ရှင်ဧကရာဇ်ကျန်းလျိုရှန်း X Traffic Star ရှရှီးအိုက် More

မိတ်ဆက် + ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
၁၃
၁၄
၁၅
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၇
၄၈
၄၉
၅၀
၅၁
၅၂
၅၃
၅၄
၅၅
၅၇
၅၈
၅၉
၇၀
၇၁
၇၂
၇၄
၇၃
၇၅
၇၇
၇၈
၇၉
၈၀
၈၁
၈၂
အချပ်ပို ၁.၁
အချပ်ပို ၁.၂
အချပ်ပို ၁.၃
အချပ်ပို ၁.၄
အချပ်ပို ၁.၅
အချပ်ပို ၂

၃၇

1K 108 3
By Russofine

အခန်း ( ၃၇ )

နောက်တစ်နေ့ မနက်စောစောတွင် ရွှီယန်မှာ နာနီကြီးတစ်ယောက်လို စူပါမားကတ်မှဝယ်လာသော လတ်လတ်ဆတ်ဆတ် သစ်သီး၊ဟင်းသီးဟင်းရွက်တို့ဖြင့် ဘာမှမလုပ်တတ်ဘဲ သူများက တည်ခင်းပေးတာကိုသာ စောင့်နေတတ်သည့် ဦးလေးကျန်း​၏ အိမ်သို့ ရောက်လာခဲ့ရသည်။သူ Password ထည့် တံခါးလော့ခ်ဖွင့်ပြီးနောက် အိတ်ကြီးအိတ်ငယ်အသွယ်သွယ်ကို မီးဖိုချောင်ထဲ သွားတင်လိုက်ကာ ပုံမှန်အတိုင်းပဲ ကျန်းလျိုရှန်း​၏ အိပ်ခန်းထဲသို့ အမှုအမှတ်မဲ့စွာ ဝင်လာခဲ့​၏။ ထိုအခါမှ သူ​၏ ဦးလေးကျန်းဟာ ယနေ့တွင်တော့ အစောကြီးနိုးနေတာကို အံ့ဩတသင့် တွေ့လိုက်ရသည်။

အိပ်ခန်းက မှိန်ပျပျသာလင်းလျက် ကျန်းလျိုရှန်းက ကုတင်နှင့် မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာ ထိုင်ကာ ထသွားထလာအဝတ်အစားတွေနှင့် ဖုန်းကြည့်နေတာပင်။

" အစ်ကို ၊ မနေ့ညက ဘယ်သွားလိုက်တာလဲ ? သူ့ကိုရော ရှာတွေ့လား ​? " ရွှီယန်က မေးသည်။

ကျန်းလျိုရှန်းက မော့ကြည့်၍ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ကာ ရှုးခနဲ့အသံပြုကာ အိပ်ရာကို ထိုးပြသည် : " လူရှိတယ် ၊ တိုးတိုးနေ "

" ဟားဟား ၊ ဒီအကွက်ကြီးလာပြန်ပြီ။ မင်း ငါ့ကို နောက်တစ်ခါ နှပ်ချလို့ရမယ် ထင်နေလား ? " ရွှီယန်က အရှေ့တိုးသွား၍ စောင်ကို မ,ယူလိုက်ပြီး : " ဘယ် စောက်လူမှ မရှိ–——"

သူ့စကားရော လှုပ်ရှားချက်တွေပါ အတောင့်သား။

တကယ်ကြီး အိပ်ရာထဲမှာ လူရှိနေတယ် !

ကျန်းလျိုရှန်းက သူ့လက်ထဲမှစောင်ကို အမြန်ဆွဲယူသွား၍ လူကို ပြန်ပြီးခပ်တင်းတင်း ခြုံပေးလိုက်သည်။ အိပ်ရာထဲရှိ လူက ယောင်တီးယောင်ဝါးနှင့် ညည်းသံထွက်လာရာ ကျန်းလျိုရှန်းက ငုံ့ကျသွား၍ ခပ်တိုးတိုး ချော့မြှူလိုက်​၏ : " အစောကြီးရှိသေးတယ်။ နည်းနည်း အိပ်လိုက်ဦး လိမ္မာတယ် "

ရွှီယန့်မှာ မေးအောက်ပြုတ်ကျသွားပြီး စိတ်အစဉ်လဲ ပေါက်ကွဲသွားတော့သည်။

ကျန်းလျိုရှန်းက သူ့ကို မေးဆတ်၍အချက်ပြကာ အရင် အိပ်ခန်းထဲမှ ထွက်သွား​၏။ ရွှီယန် သူ့နောက်မှလိုက်သွားပြီး အိပ်ခန်းတံခါးပိတ်လိုက်သည်နှင့်တပြိုင်နက် တရစပ်ထွက်လာတော့သည် : " သောက်-ျီး ! အစ်ကို... အကျိုးနည်းမှ မ-မင်း တကယ်ကြီး ရှရှီးအိုက်နဲ့ အိပ်လိုက်တာလား ? "

" ငါ မျှော်လင့်မိတာ " ကျန်းလျိုရှန်းက အနှီသားရဲဆန်ဆန်စကားတွေကို အေးအေးဆေးဆေးပင် ပြောလိုက်ပြီး : " ဒါပေမယ့် သူက ဉာဏ်အလင်းမပွင့်သေးဘူး။ ငါ သူ့ကို ကြောက်အောင်မလုပ်ချင်ဘူးဆိုတော့ ဖြည်းဖြည်းပဲ သွားချင်တယ် "

" ဟူး တော်ပါသေးရဲ့......"ရွှီယန်မှာ သက်ပြင်းတစ်ချက်ချပြီးကာမှ တစ်ခုခုကမမှန်နေတာကို သဘောပေါက်လိုက်​​၏ : " ဘာ ? ! မင်းက တကယ်ကြီး သူနဲ့ အိပ်ချင်နေတာလား ? ? ? ! "

" ကျစ်....မင်း တိုးတိုးသက်သာလုပ်လို့မရဘူးလား ? ငါ့ကို ခေါင်းကိုက်အောင်လုပ်နေတာပဲ။ မနေ့ညက ကောင်းကောင်းအိပ်မပျော်ပါဘူးဆို "

" မနေ့ညက မင်းတို့ တိတိကျကျလုပ်ခဲ့တာ ဘာလဲ ? ? ငါ ခဏလေးမရှိလိုက်တာကို ကိစ္စတွေကဘယ်လိုလုပ် ဒီလောက်အထိ တိုးတက်သွားရတာလဲ ! " ရွှီယန်မှာ ဗျာများနေတော့​၏။

ကျန်းလျိုရှန်းက အေးအေးလူလူပင် မီးဖိုချောင်ထဲသွား၍ ရေတစ်ခွက်ငှဲ့လိုက်ပြီးမှ ဖြစ်ကြောင်းကုန်စင်ပြောပြလာခဲ့သည် : " အစတုန်းက ငါတို့ စကားပြောကြဖို့ပဲ ငါသူ့ကိုခေါ်လာတာ။ ဒါပေမယ့် ကလေးက ကားထဲမှာ အိပ်ပျော်သွားတာနဲ့ ငါလဲ အိပ်ရာထဲ သယ်လာရတော့တာပဲ "

" မင်းမှ အခန်းပေါင်း ကုဋေကုဋာရှိနေတာတောင် မင်းအခန်းထဲမှာပဲ တကယ် အိပ်ခိုင်းလိုက်တယ်ပေါ့ ? "

" ငါမင်းကို ပြောပြီးသား ငါသူနဲ့ အိပ်ချင်ပါတယ်ဆို။အခု မဖြစ်နိုင်သေးရင်တောင် အနည်းဆုံးတော့ ငါသူ့ကို ဖက်ထားချင်တယ် " ကျန်းလျိုရှန်းက စားပွဲမှာထောက်ထားလိုက်၍ နှုတ်ခမ်းမှာ အပြုံးတပွင့် ပုံပေါ်လာပြီး: " ငါက သူ့ရှေ့မှာ အခွင့်အရေးကို အသာစီးမယူတတ်တဲ့ လူကြီးလူကောင်းပုံစံပေါက်သွားတယ်မလား ? "

ရွှီယန်မှာ စိတ်ကုန်နေနှင့်ပြီ : " အဲ့လိုမဟုတ်.......အစ်ကို မင်းဆိုလိုချင်နေတာက ဘာလဲ ? ခန္ဓာကိုယ်လိုအပ်ချက်ရှိနေရင်လဲ ရင်ကြီးကြီးမိန်မတစ်ယောက်လောက် ဘာလို့ မရှာတာလဲ ? ရှရှီးအိုက်က ဘယ်လောက်ပဲ ကြည့်ကောင်းပါစေ သူက ယောက်ျားလေးနော် ! မင်း ဘာလို့ သူနဲ့ အိပ်ချင်ရတာလဲ ? "

ကျန်းလျိုရှန်းက သူ့လက်ထောက်ကို မသတီသလိုမျိုးကြည့်ကာ : " ရှောင်ရွှီ ၊ မင်းအမေရဲ့သားက တစ်ဘဝလုံး Soloဖြစ်နေတာ မဆန်းတော့ဘူး။ ငါသေချာရှင်းအောင်ပြောပြီးတာတောင် မင်းက နားမလည်သေးဘူး "

" ? ? ? "

" ငါသူ့ကို ချစ်မိသွားတာ။ " ကျန်းလျိုရှန်း​၏ နှုတ်ခမ်းပေါ်မှ အပြုံးဟာ နူးညံ့သွားပြီး " ငါမနေ့ကမှ သိလိုက်ရတာ။ သိလိုက်ပြီဆိုတာနဲ့ ငါ ထိန်းမထားချင်တော့ဘူး။ ငါသူ့ကို ကြည့်မိလေလေ၊ ခံစားချက်တွေက ပိုတိုးလေလေပဲ "

ရွှီယန်မှာ လုံးဝမှင်သက်သွားရကာ : " အစ်ကို...... မင်းနောက်နေတာတော့ မဟုတ်ဘူးမလား? "

" မင်းအစ်ကိုက ပွေရှုပ်တတ်တဲ့ပုံစံပေါက်နေပေမယ့် ဒီလိုကိစ္စမျိူးမှာတော့ လေးနက်ပါတယ်ကွာ။ ငါမင်းနဲ့ မပြောချင်တော့ဘူး။ သူ ငြိမ်းငြိမ်းချမ်းချမ်းလေး အိပ်နေရဲ့လား သွားစစ်ကြည့်ဦးမယ် "

ကျန်းလျိုရှန်းက ရေနွေးတစ်ခွက်ထည့်၍ ခွက်နှင့်အတူ အိပ်ခန်းထဲ လျှောက်လာစဉ် ၊ အိပ်ခန်းတံခါးပွင့်လာခဲ့သည်။

ရှရှီးအိုက်က မျက်လုံးလေးတွေစင်းလျက် အပြည့်အဝနိုးသည့်ဟန်မပေါ်သေး။ ကိုယ်အပေါ်ပိုင်းရှိ Pajamaက ချောင်ကျနေပြီး ညှပ်ရိုးလေးတစ်ဝက်က ပေါ်နေ​၏။ ဘောင်းဘီကလဲ အနည်းငယ် ရှည်နေ၍ မြေပေါ် ဒရွတ်တိုက်ဆွဲကာ ခြေခုံကိုတစ်ဝက်မကဖုံးနေလျက်၊ ဖြူစွတ်လုံးဝန်းသော ခြေချောင်းလေးတွေသာ ပေါ်နေခဲ့သည်။

ကျန်းလျိုရှန်း​၏ လည်စလုပ် နိမ့်ခြည်မြင့်ခြည်ဖြစ်သွားရသည် ; သူယခု သူ့Pajamasကို ဝတ်ဖို့ပေးခဲ့မိတာအား နောင်တရနေပြီ။

" ကိုယ်တို့ မင်းကို နှိုးလိုက်မိတာလား ? ဘာလို့ ဖိနပ်ပါးမပါပဲ ထွက်လာခဲ့တာလဲ ? အအေးမိမယ်။ "

ထိုသို့ကြားလိုက်မှ ရှရှီးအိုက်ဟာ သူ့အရှေ့ကလူနှစ်ယောက်ကို အနီးကပ်ကြည့်ရင်း မနေ့ညက ဘာတွေဖြစ်ခဲ့သလဲဆိုတာကို တဖြည်းဖြည်းအမှတ်ရလာ​၏ ; ကျန်းလျိုရှန်း သူ့ကို ကားထဲက သယ်ထုတ်စဉ်က သူဟာ ခဏလောက်တော့ နိုးသွားပြး ရုန်းလိုက်သေးသည်။ သို့သော် သူ အရမ်းအိပ်ချင်၍ ပင်ပန်းနေခဲ့ကာ ထွေးပွေ့မှုကလဲ အလွန်နွေးထွေး၍ စိတ်ချလက်ချဖြစ်စေသောကြောင့် သူ အမြန်ပင် ပြန်လည်အိပ်ပျော်သွားခဲ့ရ​၏။

" မင်း မျက်နှာရဲနေပြီ။တစ်ခုခုကို မှတ်မိသွားတာများလား ? " ကျန်းလျိုရှန်းက ပြုံးလျက် သူ့ထံချဉ်းကပ်လာပြီး : " မြန်မြန်ဝင်သွားပြီး ဖိနပ်စီးချေ...မဟုတ်ရင်လဲ ကိုယ့်ကို နောက်တစ်ခါ သယ်သွားစေချင်လို့လား ? "

ဂျိန်း ! အိပ်ခန်းတံခါးဟာ အသံကျယ်ကြီးနှင့် ပိတ်သွားလေသည်။

ကျန်းလျိုရှန်းက ပို၍ပင် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ကာ အော်​၏ : " အဝတ်တွေက ဗီရိုထဲမှာနော် ! ကြိုက်တာယူဝတ်ပြီးရင် မနက်စာစားဖို့ ထွက်ခဲ့ "

နောက်ဆုံးတွင်တော့ ရှရှီးအိုက်ဟာ သမားရိုးကျ တီရှပ်အဖြူ ၊ sweatpantsလေးဝတ်၍ ထွက်လာခဲ့သည်။ သည်နှစ်ထည်က ဗီရိုထဲမှာ စျေးအပေါဆုံးဟု ထင်ရသည်။ ယွမ်ရာဂဏန်းလောက်ပဲရှိမည်ဟု ခန့်မှန်းမိတာကြောင့် ညစ်ပေသွားရင်လဲ အဆင်ပြေလောက်မည်ပင်။ အနှီရိုးရှင်းသော အတွဲအစပ်လေးကပင် သူ့ကို အထက်တန်းကျောင်းသားလေးပုံစံပေါက်သွားစေကာ ၊ ကျန်းလျိုရှန်းမှာ သူက " အသက်မပြည့်သေးသူအား အနိုင်ကျင့် " နေမိသကဲ့သို့ အပြစ်မကင်းသလို ခံစားလာရ​၏။

" ဒါကို ကြိုက်လို့လား ? ယူလိုက်လို့ရတယ်။ "

" အဲ့လိုမဟုတ်ဘူး......ခင်ဗျားရဲ့တခြားအဝတ်တွေက ကျွန်တော်နဲ့ မတော်လို့ " ရှရှီးအိုက်က ပြန်ပြောလိုက်သည်။ ကျန်းလျိုရှန်း​၏ ကိုယ်လုံးကိုယ်ထည်က သူ့ထက်ကြီးတာကြောင့် အဝတ်အားလုံးက တစ်ဆိုဒ်ကြီးနေ​၏။ သူဝတ်နိုင်မယ့် အဝတ်အများစုက စျေးကြီးသည်များဖြစ်တာကြောင့် သူ​၏ ပုံမှန်ရိုးရှင်းပေါ့ပါးသည့်စတိုင်မျိူးနှင့် မလိုက်ဖက်ပါချေ။

" အခုတော့ ဒါပဲ ဝတ်ထားလိုက်ဦး။နေ့လယ်ခင်းမှ တစ်ယောက်ယောက်ကို အဝတ်တွေ ပိုယူခိုင်းလိုက်မယ် "

" မလိုပါဘူး။ ကျွန်တော့်မှာ ယူလာပေးမယ့် လက်ထောက်ရှိတယ် "

" မင်းလက်ထောက်က မိန်းမပျိုလေးလေ​။ မင်းက သူ့ကို အတွင်းခံတွေရောပါ သွားယူခိုင်းမလို့လား ? မသင့်တော်ဘူး "

ရှရှီးအိုက်မှာ ကျိုးကြောင်းသင့်သလို ထင်မိ၍ ခေါင်းညိတ်လိုက်ပြီး : " ဒါဆိုလဲ အရမ်းစျေးကြီးတာတွေ မဝယ်ပါနဲ့​။ ကျွန်တော် ပိုက်ဆံပြန်လွှဲပေးပါ့မယ် "

ကျန်းလျိုရှန်းက အခိုင်အမာပင် : " မပူပါနဲ့ကွာ​။ကိုယ်က ဘယ်တော့မှ စျေးကြီးတာမဝယ်ဘူး၊ တကယ်တော့ ကိုယ်က အတော်လေး ချွေတာတတ်ပါတယ်။ ကြည့်လေ ကိုယ်တို့ ဘယ်လောက် လိုက်ဖက်လိုက်သလဲ ၊ အတူနေရင်တောင် ပလဲပနံသင့်နေတာ "

ရွှီယန်ဟာ ရှရှီးအိုက်ဝတ်ထားသော ၁၈,၀၀၀တန် တွဲဖက်ဘရန်းတံဆိပ်ပါ limited edition တီရှပ်နှင့် ကို ကြည့်ပြီး ၇,၉၀၀တန် Sweatpantကို ကြည့်ရင်း ကျန်းလျိုရှန်း​၏ အရှက်မရှိတာတွေကိုပြန်လည် သတိရသွားခဲ့သည်။

မနက်စာစားပြီးနောက် ရှရှီးအိုက်က ရွှီထုံကိုဖုန်းဆက်လိုက်ပြီး လိုအပ်သော ပစ္စည်းများကို ကျန်းလျိူရှန်းအိမ်သို့ယူလာပေးပါရန် ပြောလိုက်သည်။သူ ခဏတော့ နေရမှာပင်။

ရွှီထုံခမျာ ကျန်းလျိုရှန်းက တံခါးလာဖွင့်သည်အထိ မယုံနိုင်ဖြစ်နေခဲ့ပြီးမှ ဒူးထောက်တော့မတတ် : " ရှန်းကော ! မင်းက သက်ရှိဘုရားလောင်း တစ်ပါးလိုပါပဲ။အခုကစပြီး အစ်ကိုကလွဲရင် ဘယ်သူ့ကိုမှ မကိုးကွယ်တော့ပါဘူး "

ဤကာလအတောအတွင်း သူမဟာ သူမအနုပညာရှင်မတွက် အလုပ်ကြိုးစားပေးနေရတာကြောင့်အလွန့်အလွန် ချုံးကျနေချေပြီ။ သူမဟာ နှစ်ဆယ်ဝန်းကျင် မိန်းမငယ်လေးတစ်ယောက်သာဖြစ်ပေငြား မျက်ကွင်းကတော့ ပန်ဒါဝက်ဝံနီးပါး မည်းနက်နေပြီဖြစ်​၏။

ကျန်းလျိုရှန်းက ပြုံးလိုက်ပြီး : " ပြောစရာမလိုပါဘူး။ သူဒုက္ခရောက်နေတုန်း မင်းက သူ့ကို ထားမသွားတာနဲ့တင် ကျေးဇူးတင်ပါတယ်။ မင်း သစ္စာရှိတာကို အသိအမှတ်ပြုပါတယ်။ ငါမင်းကို ရှီးအိုက်ရဲ့အေးဂျင့်အဖြစ် ရာထူးတိုးပေးမယ် ဆန္ဒရှိလား ? "

ရွှီထုံမှာ လန့်သွားပြီး : " အဲ့ဒါက......ကျွန်မမှာ အတွေ့အကြုံမရှိ......"

" အဆင်ပြေပါတယ်။ ဒီဝန်ထုပ်ကြီးက လေးမယ်ဆိုပေမယ့် ငါတို့စတူဒီယိုက ဝါရင့်စီနီယာတွေက မင်းကို သင်ပေးကြမှာပါ။ မင်းဒါကို စိန်ခေါ်ချင်လား ၊ မခေါ်ချင်လားအပေါ်မှာပဲ မူတည်တယ်။ ဒါပေါ့ လစာကလဲ မူရင်းလစာထက် ဆယ်ဆဖြစ်မှာပါ "

" ဟုတ် ဟုတ်ဟုတ် ! " ရွှီထုံက ချက်ချင်း ခေါင်းကိုအသဲအသန်ညိတ်ပြ​၏။

" ဒါဆို အဆင်ပြေပြီ " ကျန်းလျိုရှန်းက ရှရှီးအိုက်ထံ လှည့်သွားပြီး : " မင်းအေးဂျင့်ကို ခန့်လိုက်ပြီဆိုတော့ မင်းမှာ ကိုယ်နဲ့ စာချုပ်ချုပ်ရုံကလွဲရင် ရွေးစရာမရှိတော့ဘူး "

ရှရှီးအိုက်က မပွင့်တပွင့်နှင့် : " ဘာပဲဖြစ်ဖြစ် ကျွန်တော်လဲ ချုပ်မှာပဲကို......"

" ဒါဆိုလဲ မင်းဘာလို့ ကိုယ့်ကို စာချုပ်မချုပ်တော့ဘူးလို့ မက်ဆေ့ပိုခဲ့တာလဲ ? "

" ကျွန်တော်က........."

ရှရှီးအိုက်က ရှင်းပြရခက်နေတာကြောင့် ရွှီထုံက အမြန်ရှင်းပြလာ​၏ : " သူ့ကို အပြစ်မတင်ပါနဲ့ ရှန်းကော ၊ ရှီးအိုက်က အစ်ကို့ကို ပြဿနာထဲ ဆွဲမထည့်ချင်တာပါ။ အစ်ကိုနဲ့ပတ်သတ်တဲ့ Weibo ပိုစ့်တွေ အကုန်ဖျက်လိုက်သလို အစ်ကို့ကိုလဲ ဘလောခ့်လိုက်တယ် "

ကျန်းလျိုရှန်း Weiboဖွင့်၍ စစ်ကြည့်လိုက်တော့ အမှန်တကယ်ဖြစ်နေတာပင်။

" ဒါကြောင့်ပဲ လူတွေက ကိုယ်မင်းကို ဆန္ဒအလျောက် unfollowလုပ်လိုက်တယ်လို့ ထင်သွားစေတာပေါ့လေ။ သူတို့က ကိုယ့်ကို တစ်ခုခုမကောင်းတာဖြစ်တာနဲ့ ကလေးကိုစွန့်ပစ်လိုက်တဲ့ အကြင်နာမဲ့တဲ့လူယုတ်မာလို့ သေချာပေါက် ထင်ကုန်တော့မယ် "

ရှရှီးအိုက်မှာ ထိုသို့ မတွေးခဲ့မိ၍ ရုတ်တရက် ပူပင်သွားရပြီး : " ဒါဆို ကျွန်တော် ပြန်Followလ်ိုက်ရမလား ? "

" အခုတော့ ထားလိုက်ဦး ၊ လူတွေမင်းအပေါ် အာရုံစိုက်လာမယ့် တချိူ့ဟာတွေ လုပ်ချင်စိတ်မရှိသေးဘူး။ အမှန်တရားကို ချမပြခင် ဒီကိစ္စကို သေချာရှင်းရအောင်။ အခု အရင်ဆုံး စာချုပ်ကို လက်မှတ်ထိုးပြီး ကိုယ့်ကို စိတ်အေးအောင်လေး ပေးလုပ်ပါလား "

ကျန်းလျိုရှန်းက တစ်ချက်ကြည့်လိုက်လျှင် ရွှီယန် ချက်ချင်း မူကြမ်းအရှည်ကြီးနှင့် စာချုပ်ကို ထုတ်ပြီး စတူဒီယို​၏ အနာဂတ် ထောက်တိုင် အသစ်လေး—— ဖြစ်လာနိုင်ချေရှိသည့် သူဌေးကတော် အသစ်လေးကို ကို တရိုတသေနှင့် ကမ်းပေးလိုက်သည်။

ရှရှီးအိုက်က ကြည့်ပင်မကြည့်။ နောက်ဆုံး မျက်နှာကို လှန်ကာ သူ့နာမည်ကို ထိုးလိုက်လေသည်။

ကျန်းလျိုရှန်းမှာ သူ့ကို တားဖို့ပင် နောက်ကျသွား​၏ : " အိုင်း ကိုယ့်ကို ဒီလောက်ယုံပေးလို့ ဝမ်းသာလိုက်တာ။ ဒါပေမယ့် မင်း ဒါတွေကို မဖတ်ချင်ဘူးဆိုတာ သေချာရဲ့လား ? "

" မလိုပါဘူး။ခင်ဗျားက အမြဲတမ်း ကျွန်တော့်ကို ကူညီပေးခဲ့တာမို့ လာကျပ်လိမ့်မယ်လို့ မထင်ဘူး​။ အမြတ်ဝေစုများနေရင်တောင် ကျွန်တော် စိတ်မရှိဘူး " ရှရှီးအိုက်က ရပ်သွားပြီးမှ : " ရှန်းကော စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ် "

သူဟာ သည်လိုတွေ တော်ရုံပြောခဲ,သဖြင့် အလိုလိုရှက်ရွံ့လာရ​၏။ သူ့ပါးပြင်လေးတွေက အနီရောင်သမ်းလာကာ ခေါင်းငုံ့သွားသည်။ ကျန်းလျိုရှန်း​၏ မျက်လုံးတွေမှာ အလိုလို ညှို့ငင်ခံလိုက်ရကာ သူ့ကို စိုက်ကြည့်ရင်း အတွေးထဲနစ်သွားတော့သည်။

ရွှီယန်နှင့် ရွှီထုံ : " ? "

ဒီနှစ်ယောက်က ဘာတွေဖြစ်နေကြတာတုန်း ? သူတို့ကို မျက်စိထဲမရှိတာလား ?

" အဟမ်း အဟမ်း " ရွှီယန်က မရေမရာ လေထုကြီးကို ဦးဆောင် ဖြိုဖျက်လိုက်ပြီး " အနည်းဆုံးတော့ အမြတ်ဝေစုနဲ့ ရာခိုင်နှုန်းကဏ္ဍတွေကို ကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ လတ်တလောတင် ရှန်းကောက ကျွန်တော့်ကို ပြောင်းခိုင်းထားလို့ တခြားအနုပညာရှင်တွေရဲ့ စာချုပ်နဲ့ လုံးဝတူမှာမဟုတ်ဘူး "

ရှရှီးအိုက်က စတူဒီယိုရှယ်ယာဝေစုက ပိုနေမည့်အကြောင်း ပြောနေသည်ဟု ထင်လိုက်မိသည်။ ဒါက လွှတ်ထားပေးလို့ရပါ​၏။ ဖြစ်ပျက်ပြီးနောက် ကျန်းလျိုရှန်းက သူ့အား စာချုပ်ချုပ်ချင်နေတုန်းဖြစ်တာနှင့်ပင် ကျေးဇူးတင်နေပြီဖြစ်၍ သူ ဂရုမစိုက်ဖြစ်။ မည်သို့ဖြစ်စေ အမြတ်ဝေစုနှင့် ရာခိုင်နှုန်းစာမျက်နှာရောက်သောအခါ သူ စာတစ်ကြောင်းတွေ့လိုက်ရသည် ; " ဤစာချုပ်အတောအတွင်း ၊ ပုဂ္ဂိုလ်B မှရရှိသော ဝင်ငွေအားလုံးဟာ ပုဂ္ဂိုလ်B သီးသန့်ပိုင်ဆိုင်သည် "

" ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်တာလဲ ! " ရှရှီးအိုက်က စိုးရိမ်စွာနှင့် : " ခင်ဗျားဆီက ဒီလိုမျက်နှာသာမျိူး လက်မခံနိုင်ပါဘူး​ ! ကျွန်တော့်ဆီက တစ်ပြားတစ်ချပ်မှ ရှာမှာမဟုတ်ပဲနဲ့များ ဘာလို့ ကျွန်တော်နဲ့ စာချုပ်ချုပ်တာလဲ ​? "

မည်သို့ဆိုစေ ကျန်းလျိုရှန်းကစာချုပ်ကို ပြန်ယူသွားပေပြီ : " မင်းလက်မှတ်ထိုးပြီးမှတော့ အခု နောက်ဆုတ်လို့မရတော့ဘူး "

" ဘာလို့ ဒီလိုလုပ်ရတာလဲ......? "ဘာလို့ သူတောင် ပြန်မတုံ့လှယ်နိုင်လောက်အောင် အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံပေးနေရသနည်း ?

" ကိုယ်က ပိုက်ဆံပြတ်နေတဲ့သူနဲ့ တူလို့လား ? " ကျန်းလျိုရှန်းက သူ့ခေါင်းလေးကို ပုတ်ပေးပြီး : " ကိုယ်က မင်းကို တန်ဖိုးထားလို့ပဲ စာချုပ်ချုပ်တာ​။ မင်းရဲ့ အစွမ်းအစတွေကိုပဲ အပြည့်အဝချပြပေး။ ကိုယ်ကို စိတ်ပျက်မသွားစေနဲ့ "

ရှရှီးအိုက်မှာ သူ ကောင်းပေးတာတွေကို ဘယ်လို ပြန်ဆက်ရမလဲ တွေးနေတာကြောင့် ခေါင်းအထိခံလိုက်ရမှန်း သတိမပြုမိ။ သူလက်မခံနိုင်သေးပေငြား စာချုပ်က လက်မှတ်ထိုးပြီးဖြစ်ကာ မပြောင်းနိုင်တော့တာကြောင့် သဘောတူကြောင်း မပွင့်တပွင့်အသံလေးတစ်ချက်သာ ထုတ်လိုက်ရတော့​၏။

" ကောင်းပြီ။ နည်းနည်းလေး စိတ်လန်းအောင်ထား " ကျန်းလျိုရှန်းက ပြုံးနေသော်လည်း အပြုံးက အလျင်အမြန်ပျောက်ကွယ်သွားချေပြီ။

" အခု ၊ ပြန်ပေးဆပ်ခိုင်းရမဲ့အကြောင်းလေး ပြောရအောင် "

_______________________________________________________________________________

Continue Reading

You'll Also Like

5.2K 738 65
ချွမ်ချိုကောင်းခေါင် ဆိုလို့ မျက်စိမလည်သွားပါနဲ့ ကမ္ဘာလုံးဆိုင်ရာဝင်ခွင့်စာမေးပွဲ ပါပဲ ဖြေဆိုသူ x စာမေးပွဲခန်းစောင့်
64.7K 7.3K 68
Unicode Version အနာဂတ်မှာ ငါမင်းကို နေရာအနှံ့ခေါ်သွားမယ် ကမ္ဘာတစ်ဝှမ်းက လမင်းကြီးကို ရှုစားဖို့အတွက်ပေါ့~ 【 IQ Team 】
38.1K 3.7K 68
စာရေးသူအမည်နှင့် RLများထဲ မထည့်ဖို့ မေတ္တာရပ်ခံပါတယ်။
24K 2.5K 55
" ကျန်းကျွယ် ပန်းပေးတာက ရပေမဲ့ မိုးမမိစေနဲ့ "