抖阴社区

10. Sol ( U )

27.9K 1.6K 115
                                        

သက်တမ်းရှည် မန်ကျည်းပင်အိုကြီးအောက်ရှိ ကျောက်‌ခွေအဝိုင်းကြီးနှစ်ခု ဆင့်ထားသည့် ရေချိုးကန်ကြီးထဲမှရေကို ဒန်ဖလားနှင့်အပြည့်ခပ်ပြီး ဦးခေါင်းကနေ လောင်းချလိုက်သည် ။ တစ်နေ့တာ ခန္ဓာကိုယ်ထဲမှာ ခိုအောင်းနေခဲ့သည့် အပူငွေ့တွေအားလုံးက အေးစက်စက် ထိုရေနှင့်အတူ ပါသွားပြီး တောင့်တင်းနေသည့် အကြောအချဉ်တွေကအစ ပြေလျော့ကျကာ လူရောစိတ်ပါ လန်းဆန်းသွားရ၏။

နေ့တိုင်းလိုလို ထော်လာဂျီနှင့် ရေစည်တင်လာပြီး ဖြည့်ပေးထားသည့် တစ်စုံတစ်ယောက်၏ မေတ္တာဓာတ်ကြောင့်ပဲလား မပြောတတ် ။ အပူချိန် ဘယ်လောက်ဒီဂရီပဲ ရောက်နေပါစေ ။ သည်ကျောက်ခွက်ထဲမှာရှိသည့်ရေက ရေတံခွန်ကနေ စီးကျလာသည့် စိမ့်စမ်းရေထက်တောင် အေးမြနေတတ်သည် ။

နောက်ဆို သည်လိုမျိုးရေကို ချိုးခွင့်ရတော့မှာမဟုတ်ဟု တွေးမိတော့လည်း ဝမ်းနည်းခြင်း မမည်သည့် ဝေဒနာတစ်ခုက လင်းထွဋ် ရင်ထဲ ကိန်းအောင်းသွားရပြန်၏ ။

ဘဝဆိုတဲ့ ခရီးရှည်ကြီးမှာ တစ်ထောက်နားခဲ့ရတဲ့ နေရာလေးကနေ မကြာခင် ထွက်ခွာရတော့မည် မဟုတ်လား ။

" ကိုထူး ရေချိုးတော့လေ။ ထမင်းစား သွားရမှာကို "

" မလိုက်တော့ပါဘူးကွာ ။ မင်းတို့ဟာမင်းတို့ပဲ သွားကြပါ "

မှိုင်းမှိုင်းညို့ညို့ မျက်ဝန်းတွေရဲ့ ဘာသာစကားကို နားလည်နေတော့လည်း ကိုထူးမြတ်ကို လိုက်ခဲ့ဖို့ မတိုက်တွန်းဖြစ်တော့ပါ ။ ဆံပင်ပေါ်က ရေစတွေကိုသာ သဘက်နှင့် ပြောင်အောင်သုတ်ပြီး တီရှပ်တစ်ထည်ကို ပုဆိုးထဲ ထည့်ဝတ်လိုက်သည် ။

ထင်ရှားဇော် ဘာစိတ်ကူးပေါက်ပြီး သွေးယူလာပေးမှန်း မသိသည့် သနပ်ခါးဘူးလေးထဲက သနပ်ခါးအနှစ်ကိုလည်း မျက်နှာပေါ်တင်ပြီး လက်ဝါးနှင့် ထင်သလို ပွတ်ပစ်လိုက်၏ ။

" ဒီရက်ပိုင်း နေကြီးက တအားပူတယ် အစ်ကိုရ ။ ရေချိုးပြီးရင် မျက်နှာပေါ် သနပ်ခါးလေးတင်ထား ။ အသားအေးတယ် ။ ဘွားငွေအတွက် သွေးပေးရင်းနဲ့ အစ်ကို့ဖို့ပါ ယူလာတာ ။ ဒါ အမြစ်တုံးကို သွေးထားတာဗျ ။ ဘာမှတ်နေလဲ ။ လိမ်းဖြစ်အောင်လိမ်း "

Love Beyond The Milky Way - ???????? { Completed }Where stories live. Discover now