抖阴社区

40. ?????????- Milky Way ( Z )

4.3K 37 0
                                        

ငါ့မျက်ဝန်းမှာ ရစ်သိုင်းနေတာ
အလွမ်းတွေလို့
တွေ့တဲ့သူတိုင်းက ပြောသွားတယ် သိလား
မင်းမပါတဲ့ အိမ်အပြန်ညနေခင်းတွေဟာ
ပျင်းရိငြီးငွေ့ဖွယ် 
ပြီးတော့ တုန်လှုပ်ချောက်ချားဖွယ်
နှစ်ယောက်စာစိတ်ကူးနဲ့
တစ်ယောက်တည်း စီးနင်းလိုက်ပါနေရတာ
စိတ္တဇဆန်လိုက်တာ
ဝတ္ထုမဟုတ်တော့လည်း
ဒီအပိုင်းတွေကို ကျော်ဖတ်လို့ မရပြန်ဘူး...

အမေရိကန် တောင်ပိုင်းရိုးရာဒီဇိုင်းအိမ်ကြီး၏ အပြင်မှာ မိုးစက်တွေဟာ သိပ်သိပ်သည်းသည်း ကျဆင်းလျက်ရှိသည် ။ နေ့တစ်ဝက်နီးပါး မိုးဆက်တိုက်ရွာနေသဖြင့် ဆည်းဆာအလှကိုပင် ‌မတွေ့လိုက်ရ။ ခြံထဲမှာ ထွန်းထားသည့် မီးအလင်းတွေကြောင့် ဝက်သစ်ချပင်နှင့် ထင်းရှူးပင်တွေရဲ့ အရိပ်တွေကိုတော့ သဲသဲကွဲကွဲ မြင်နေရသည် ။

လင်းထွဋ် ပြတင်းပေါက်ကိုဖွင့်ပြီး လက်တစ်ဖက်ကို ဆန့်တန်းထုတ်လိုက်၏ ။ တံစက်မြိတ်နှင့် ဝေးသေးသဖြင့် သူ့လက်ဖဝါးဆီကို မိုးရေစက်တွေ တိုက်ရိုက်လာမထိ ။ လေနှင့်လွင့်ပက်လာသည့် မိုးစက်မွှားလေးတွေကိုသာ ဖမ်းဆုတ်ခွင့်ရသည် ။

Rockyတစ်ကောင်လည်း တိုက်ဘေးစွန်းက သီးသန့်ဆောက်ပေးထားတဲ့ သစ်သားအိမ်လေးထဲ မိုးစက်သံတွေ နားထောင်ရင်း အိပ်ပျော်နေလောက်ပြီထင်၏ ။ စီးသူမဲ့ အဖြူရောင်ဒန်းကလေးကဖြင့် St.Augustine မြက်ခင်းပြင်ပေါ်ဝယ် မိုးရေတွေကြား အေးစက်စွာ ငြိမ်သက်လျက်ရှိသည်။

ခေါင်ရမ်းပန်းတွေ ပွင့်တဲ့ရာသီတောင် ရောက်ပြန်ပေါ့လေ ။

ဘာလိုလိုနှင့် ဟျူစတန်ရဲ့ ပူနွေးစွတ်စိုသည့် ရာသီဥတုနှင့် လင်းထွဋ် နေသားကျစပြုလာပါပြီ။ ကြယ်စုတန်းလို အာကာသမြို့တော်ကြီးထဲ အဖော်မပါဘဲ တစ်ကိုယ်တည်း ဟိုဟိုသည်သည် သွားတတ်လာတတ်နေပြီ ။ ယာဉ်မောင်းလိုင်စင်လည်း ရပြီးဖြစ်သလို ဟျူစတန်လမ်းမတွေပေါ်မှာလည်း ကားကို ကျင်ကျင်လည်လည် မောင်းတတ်နေပါပြီ ။

လောလောဆယ်ဝောာ့ Davidအိမ်မှာပဲ ကပ်နေရသည်။ နောက်ပြီး တစ်စုံတစ်ယောက် ဝယ်ထားသည့် မြေပေါ်မှာ သူကိုယ်တိုင် ကြီးကြပ်ပြီး အိမ်ကလေးတစ်လုံး ဆောက်ဖြစ်သည်။

Love Beyond The Milky Way - ???????? { Completed }Where stories live. Discover now