မနက်လေးနာရီကတည်းက မန္တလေးကနေ ကားသုံးစီးနှင့် ထွက်လာပြီး ပုပ္ပါးကို ရောက်တော့ ရှစ်နာရီဝန်းကျင်ပင်ရှိသေးသည် ။ နေခြည်နွေးနွေးဖြန့်ကျက်ထားမှုအောက်က ပုပ္ပါးတောင်ကလပ်သည် ရွှေတောင်ကြီးသဖွယ် တောက်ပလျက်ရှိ၏။ အဝေးကနေလှမ်းမြင်ရသည့် စိမ်းညှို့အုံ့မှိုင်းနေသည့် ပုပ္ပါးတောင်မကြီး၏အလှကလည်း လွမ်းမောဖွယ်ပင် ။
" ဆယ်တန်းတုန်းက ကဗျာထဲမှာ ပါတဲ့ ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျားဆိုတာ ပုပ္ပါးတောင်မကြီးကို ပြောတာဖြစ်မယ် ။ တကယ်တော့ ပုပ္ပါးတောင်ကလပ်က ပုပ္ပါးတောင်မကြီး ပထဝီဝင်ဆိုင်ရာ လှုပ်ရှားမှုကနေ ပဲ့ကျလာတဲ့ တစ်စိတ်တစ်ပိုင်းပဲ "
တောင်ကလပ် မရောက်ခင် မစုနည်က သူမ သိသမျှ ပြန်မျှဝေပေးသည် ။ အများစု သိကြသလိုမျိုး လင်းထွဋ်လည်း အရင်က ပုပ္ပါးဆိုတာနှင့် တောင်ကလပ်လောက်သာ သိခဲ့၏ ။
သုတေသနတွေအရဆို သည်ဒေသမှာ ကျောက်ခတ်ဦးကတည်းက လူသားတွေနေခဲ့သည့် အထောက်အထားများ တွေ့ရသည်တဲ့ ။ သို့သော်လည်း ပုဂံခေတ် အစောပိုင်းလောက်ထိ ပုပ္ပါးဆိုတဲ့အမည် မတွင်သေး ။ ထိုခေတ်က ကျောက်စာတွေထဲမှာ ဧရာဝတီကို မြစ်ကြီး ၊ ပုပ္ပါးတောင်ကို တောင်ကြီးဟုပဲ ရေးထိုးထားကြသည်ဟု သမိုင်းစာအုပ်တွေထဲမှာ ဖော်ပြထားသည် ။
" တကယ်တော့ ပါဠိလို မဟာဂီရိဆိုတာ ကြီးမြတ်သောတောင်ကြီးဆိုတဲ့ အဓိပ္ပာယ်ပဲ ။ နောက်ပိုင်း နတ်ကိုးကွယ်ယုံကြည်မှုတွေ ထွန်းကားလာပြီးမှ ပုပ္ပါးတောင်ကို နတ်တွေပျော်စံတဲ့ နတ်တောင်အဖြစ် ပုံဖော်လာကြတာ ။ ပုပ္ပါးတောင်ပေါ်မှာတင်ပြီး ကိုးကွယ်တဲ့ ပန်းပဲမောင်တင့်တယ်တို့ နတ်မောင်နှမကိုလဲ မင်းမဟာဂီရိတို့နတ်မောင်နှမဆိုပြီး သတ်မှတ်လိုက်ကြတာ "
ပုပ္ပါးကိုသွားမည်ဆိုတော့ မစုနည်တို့ ရဲရင့်တို့က တောင်မကြီးကို တက်ဖို့ ပိုပြီးစိတ်အားထက်သန်ကြ၏ ။ သို့သော် တောင်မကြီးက တောင်ကလပ်ထက် အမြင့်ပေနှစ်ဆနီးပါးရှိမှန်းသိသည်နှင့် လင်းထွဋ်မှာ အကြောက်အကန်ငြင်းပြီး တောင်ကလပ်နှင့်သာ ကျေနပ်ကြဖို့ တောင်းဆိုခဲ့ရသည် ။
YOU ARE READING
Love Beyond The Milky Way - ???????? { Completed }
Romance??????????? × ?????????? ????????????????? ????????? ????????? ????????????????? ?????????????? ?????????? ????????? ??????????????? ....
