( စာကို ကျော်မချဘဲ ဖြည်းဖြည်းချင်း ဖတ်စေချင်ပါတယ်နော် )
ရှင်သန်လာခဲ့သည့် နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း အလေးပင်ဆုံး စိတ်နှလုံးကို ပွေ့ပိုက်ထားရသည့်
အချိန်ဟု ပြောရမလား။ပစ်စလက်ခတ် စွန့်ပစ်ခံထားရသည့် သစ်ခွပင်ပေါက်လေးများနှင့်ထပ်တူ နာကျင်ရသည့် အခိုက်အတန့်ဟု ဆိုရမလား ။ မိခင်တစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်စည်းမပေးနိုင်တဲ့ သားတစ်ယောက်အနေနှင့် အမေ့မျက်ရည်တွေကို ဘယ်လိုဖယ်ရှားပေးရမလဲ လင်းထွဋ် မသိပါ။
အမေ့ရင်တွင်းမှာဖြစ်ပေါ်နေသည့် အပူကို ငြှိမ်းသက်ပေးနိုင်မည့် စကားလုံးတွေ သူ့မှာမရှိ ။ " ဒီသတင်းက တကယ် မဟုတ်ပါဘူး " ဆိုသည့် မုသားမျိုးနှင့်လည်း အမှန်တရားကို ဖုံးကွယ်ထားပြီး မလိမ်ညာချင် ။ သံပတ်ပေးခြင်း မခံထားရသည့် စက်ရုပ်တစ်ရုပ်လိုသာ အမေ့ဘေးမှာ မိနစ်ပေါင်းများစွာ တိတ်တဆိတ် ရပ်နေခဲ့မိသည် ။
အမေကတော့ သူ့ကို မော့ပင်မကြည့် ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်က ရိုက်ထားသည့် ဓာတ်ပုံလေးထဲက အနှီးထုပ်ဖြူဖြူနှင့် ခုနစ်ရက်သားလေးကိုသာ မမှိတ်မသုန် ကြည့်နေခဲ့သည် ။ မျက်လုံးတောင် မဖွင့်နိုင်သေးတဲ့သူ ။ နောက်ပြီး ပါးစပ်မှာ ချိုလိမ်လေးတပ်ပြီး အိပ်ပျော်နေတဲ့သူ ။ လမ်းလျှောက်တတ်ခါစအရွယ် သစ်ခွရုံရှေ့မှာ ပတ်ပြေးနေခဲ့တဲ့သူ ။ သန်လျင်မှာ လုပ်ခဲ့သည့် ရှင်ပြုပွဲတုန်းက မောင်ရင်လောင်းဝတ်စုံနှင့် ထမ်းစင်ပေါ်ကသူ ။
သူငယ်ငယ်က ဓာတ်ပုံလေးတွေကို ပြန်ကြည့်ပြီး အမေ ဘာတွေ ခံစားနေရှာပါလိမ့် ။ တခြားယောက်ျားတစ်ယောက်အပေါ် မေတ္တာသက်ဝင်နေတဲ့ သူလိုသားယောက်ျားလေးမျိုးကို မွေးဖွားခဲ့မိတဲ့အတွက်များ နောင်တရနေပြီလား ။ သူ့ရဲ့ဖြစ်တည်မှုဟာ အမေ့အတွက် ရှက်ရွံ့ဝမ်းနည်းစရာများ ဖြစ်ခဲ့ပြီလား ။
အရာရာကို ရင်ဆိုင်နိုင်တဲ့ အသက်အရွယ်အပိုင်းအခြားကို ရောက်နေပြီဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့သမျှ အခုတော့ အမေ မလိုချင်လို့ စွန့်ပစ်လိုက်သည့် သားသမီးမျိုး ဖြစ်မှာကို အနှီးထုပ်ထဲက ကလေးလေးတစ်ယောက်လို ကြောက်ရွံ့နေမိပြီ ။ လမ်းလျှောက်သင်ခါစ အရွယ်လေးလို အမေ သူ့ကို လက်လွှတ်ပစ်လိုက်မှာကို စိုးထိတ်နေမိပြီ ။
YOU ARE READING
Love Beyond The Milky Way - ???????? { Completed }
Romance??????????? × ?????????? ????????????????? ????????? ????????? ????????????????? ?????????????? ?????????? ????????? ??????????????? ....
