" ဟိတ်ကောင် "
ဖိုးစလုံးက သူ့ကို လှည့်မကြည့် ။ ဘေးကနေ ဖြတ်လျှောက်သွားသည် ။ မမြင်ချင်ယောင်ဆောင်သွားတာ မဟုတ်ဘဲ တကယ်မမြင်တာဖြစ်မည် ။ သူ့မှမဟုတ် ။ တလောကလုံးကိုပါ မြင်ဟန်မတူပေ ။
တစ်နေရာရာကနေ အိပ်ချင်မူးတူးနဲ့ ထလာတာများလား ။
ဒါလည်း မဖြစ်နိုင်ပါ ။ ဖိုးစလုံးပုံစံက အိပ်ရာထခါစပုံစံမျိုး မဟုတ်ဘဲ မအိပ်ရသေးသည့်ပုံနှင့် ပိုတူသည် ။ ဘေးတိုက်ယှဉ်လျှောက်ပြီး သေချာအကဲခတ်လိုက်တော့ မျက်တွင်းဟောက်ပက်နှင့် မျက်လုံးအောက်ခြေနေရာက နဂို အသားညိုတာထက်ပိုပြီး ညိုညစ်ညစ်ဖြစ်နေ၏ ။
တစ်ညလုံး မအိပ်ခဲ့ဘူးထင်ပါရဲ့ ။ လေးတိလေးကန် လမ်းလျှောက်လာပုံကလည်း သူသိတဲ့ အမွှေကောင်လေးနှင့် မတူ ။
ရွာထဲကို သူ့အကြောင်းတွေ မဟုတ်ကဟုတ်က သတင်းလွှင့်လွန်းလို့ စိတ်ညစ်ရပေမဲ့ ဖိုးစလုံး ငြိမ်နေပြန်လျှင်လည်း စွမ်းရည်မှာ တစ်ခုခု လိုနေသလို မနေတတ်ပြန် ။ ရောက်တာ တစ်လကျော်ပင်ရှိသေး ဖိုးစလုံးနှင့်သူက ကြောင်နှင့်ကြွက်လို ခဏခဏ ပြဿနာဖြစ်ရသည် ။ ဖိုးစလုံးရဲ့ ပေါက်ကရ ပြောနိုင်လုပ်နိုင်မှုကြီးကို တစ်ဖက်က လန့်နေရသော်လည်း တစ်ဖက်ကလည်း မြင်ချင်ကြားချင်ပြန်၏ ။
ရွှေတွဲလွဲ ငွေတွဲလွှဲမှာ စွမ်းရည်ကို စိတ်ဆိုးစိတ်ရှုပ်စေသည့် အဓိကတရားခံက ဖိုးစလုံးဖြစ်ပြီး ရယ်စေမြူးစေသူကလည်း ဖိုးစလုံးပင် ။
" ဟေး ခေါ်နေတာ မကြားဘူးလား "
လက်ကောက်ဝတ်ကနေ ဖမ်းဆွဲလိုက်မှ အသိစိတ်ဝင်လာသူက စွမ်းရည်ကို ဆတ်ခနဲ မော့ကြည့်သည် ။ ကော့ညွတ်နေတာမျိုး မဟုတ်သည့် မည်းမည်းစိပ်စိပ်မျက်တောင်မွှေးအချပ်လိုက်တွေကို ပုတ်ခတ်ပုတ်ခတ် နှစ်ချက်လုပ်ပြီး သူဆွဲထားသည့် လက်ထဲကနေ ရုန်းထွက်ဖို့ ကြိုးစား၏ ။
" အခုမှ ဘယ်က ထလာတာလဲ "
" အဲဒါ ခင်ဗျားအရေးလား "
ဒီဂျစ်တူး ။
" မင်းပုံစံ ကြည့်ရတာ မူမမှန်လို့လေ ။ ဘာဖြစ်လာတာလဲ "
YOU ARE READING
Love Beyond The Milky Way - ???????? { Completed }
Romance??????????? × ?????????? ????????????????? ????????? ????????? ????????????????? ?????????????? ?????????? ????????? ??????????????? ....
Silver Lining 2 ( U )
Start from the beginning
