ကိုယ်ဟာ အနိမ့်အမြင့်တက်ကျ ခံစားချက်တွေ
စုပြုံနေတဲ့ ပူဖောင်းကလေးတစ်လုံးပေါ့.....မင်းနဲ့တွေ့မှ ကိုယ့်ခံစားချက်တွေဟာ
ထပ်ကာထပ်ကာ သိုဝှက်ထားစရာမလိုတဲ့အထိ
လွတ်လပ်စွာပွင့်အန်ကျခွင့် ရခဲ့ရ~ဒီကမ္ဘာမှာ လူဖြစ်ခွင့်ရခဲ့ပေမယ့်
မင်းကြောင့် လူဖြစ်ရကျိုးနပ်ခဲ့တာလို့
ကိုယ် သေချာပြောပြဖြစ်တဲ့အခါ ယုံစေချင်~နှစ်ပေါင်းဘယ်လောက်ကြာကြာ
ကမ္ဘာပေါ်မှာ တင်ကျန်ရှင်သန်နေဦးမယ့်
သာယာနာပျော်ဖွယ် ဂီတသံစဥ်တွေကို
မင်းနဲ့အတူ နားထောင်ချင်သေးတယ်~~မင်း နှုတ်ဖျားက ထွက်ကျလာသမျှ
သံစဥ်တိုင်းဟာ ကိုယ့်အတွက် Not for sale စာရင်းဝင်တဲ့ အနုပညာပြချက်တွေပဲ~~မင်းကို ပျော်ရွှင်စေတဲ့အရာဟာ
ပူဖောင်းလေးတွေဖြစ်မယ်ဆိုရင်
ကိုယ်ဟာ မင်းကိုပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်မယ့် ပူဖောင်းလေးတစ်လုံးပဲဖြစ်ချင်~~ပျော်ရွှင်မှုတွေ သယ်ပိုးထားတဲ့ ပူဖောင်းကလေးပေါ့~~ ဒါပေမယ့် မင်း လက်ကလေးနဲ့ ထိမှ~~
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. #Starry
#Lettersformyeuphoria🐰💌(Zawgyi)
![]()

YOU ARE READING
Letters For My Euphoria??
PoetryIs all about my feelings for Jeon Jungkook? I respectfully credit?? all the original uploaders of the photos included in my poems.