ချစ်ခြင်းမေတ္တာတွေကို ထုတ်ပြခဲ့ပြီးတိုင်း
ပြန်ရလာတတ်တဲ့ နာကျင်စရာတွေကို
ကိုယ် မခံနိုင်တော့လို့ ဘယ်သူ့ကိုမှ ချစ်ခြင်းမေတ္တာတွေမပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှ မင်းနဲ့ ပက်ပင်းတိုးခဲ့ရတယ်~~ဒဏ်ရာများစွာရလာတဲ့ ငှက်ကလေးဟာ
မေတ္တာအပြည့်ပေးနိုင်တဲ့လူတစ်ယောက်ရဲ့
လက်ထဲမှာ တယုတယနဲ့ ကုစားပေးခံလိုက်ရသလို~~~မင်းက ကိုယ့်ကို ကယ်တင်ပေးထားနိုင်ခဲ့တာ~~~
"ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"ဆိုတော့ "ဖြစ်နိုင်မယ်ဆိုရင် စူပါဟီးရိုးဖြစ်လာပြီး မင်းတို့အားလုံးကို ကယ်တင်ပေးနိုင်ချင်တယ်"တဲ့~~~
သိပ်မြတ်နိုးရတာပဲ♥︎
တင်စားပြလို့ရတဲ့ အရာမှန်သမျှနဲ့
မင်းကို နေ့တဓူဝ တင်စားနေချင်ပါရဲ့~~~မင်းအတွက် ကိုယ့်နှလုံးသားကနေ
ချစ်ခြင်းမေတ္တာဖွဲ့ ကဗျာတွေဟာအလိုလို
ထွက်ကျလာရတော့တယ်~~~ကိုယ့် ဘဝတစ်လျှောက်လုံး တွေ့ဆုံခဲ့ဖူးတဲ့ လူတွေထဲ လေးစားမှုဆိုတဲ့ စကားလုံးကို မင်းလေးက နားအလည်ဆုံးသောသူပဲ~~
ငယ်စဥ်ကလေးဘဝက ကြည့်ခဲ့တဲ့ Disneyကာတွန်းကားလေးတွေထဲက မင်းသားလေးတွေကို ကိုယ် သိပ်တွေ့ဖူးချင်ခဲ့တာ....
အရွယ်ရောက်လာပြီး မင်းကိုသိခွင့်ရတဲ့အခါမှာတော့ မင်းက အဲ့ဒီမင်းသားလေးတွေထဲက တစ်ပါးဖြစ်နေလိမ့်မယ်လို့ ကိုယ် ဘယ်ထင်ထားခဲ့ပါ့မလဲ??
ဘူဆန်မြို့ရဲ့ မင်းသားကလေးရေ~~~
ကိုယ့် နှလုံးသားကို အရှင်တက်လှမ်းတော်မူမယ့် ထီးနန်းအဆက်ဆက်တိုင်းမှာ အပိုင်စားပေးအပ်ထားပါရစေလေ~~~
#Starry
#Lettersformyeuphoria🐰💌(Zawgyi)
ခ်စ္ျခင္းေမတၱာေတြကို ထုတ္ျပခဲ့ၿပီးတိုင္း ျပန္ရလာတတ္တဲ့ နာက်င္စရာေတြကို
ကိုယ္ မခံနိုင္ေတာ့လို႔ ဘယ္သူ႕ကိုမွ ခ်စ္ျခင္းေမတၱာေတြမေပးေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္တဲ့အခ်ိန္က်မွ မင္းနဲ႕ ပက္ပင္းတိုးခဲ့ရတယ္~~ဒဏ္ရာမ်ားစြာရလာတဲ့ ငွက္ကေလးဟာ
ေမတၱာအျပည့္ေပးနိုင္တဲ့လူတစ္ေယာက္ရဲ႕
လက္ထဲမွာ တယုတယနဲ႕ ကုစားေပးခံလိုက္ရသလို~~~မင္းက ကိုယ့္ကို ကယ္တင္ေပးထားနိုင္ခဲ့တာ~~~
"ကယ္တင္ေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္"ဆိုေတာ့ "ျဖစ္နိုင္မယ္ဆိုရင္ စူပါဟီးရိုးျဖစ္လာၿပီး မင္းတို႔အားလုံးကို ကယ္တင္ေပးနိုင္ခ်င္တယ္"တဲ့~~~
သိပ္ျမတ္နိုးရတာပဲ♥︎
တင္စားျပလို႔ရတဲ့ အရာမွန္သမွ်နဲ႕
မင္းကို ေန႕တဓူဝ တင္စားေနခ်င္ပါရဲ႕~~~မင္းအတြက္ ကိုယ့္ႏွလုံးသားကေန
ခ်စ္ျခင္းေမတၱာဖြဲ႕ ကဗ်ာေတြဟာအလိုလို
ထြက္က်လာရေတာ့တယ္~~~ကိုယ့္ ဘဝတစ္ေလွ်ာက္လုံး ေတြ႕ဆုံခဲ့ဖူးတဲ့ လူေတြထဲ ေလးစားမႈဆိုတဲ့ စကားလုံးကို မင္းေလးက နားအလည္ဆုံးေသာသူပဲ~~
ငယ္စဥ္ကေလးဘဝက ၾကည့္ခဲ့တဲ့ Disneyကာတြန္းကားေလးေတြထဲက မင္းသားေလးေတြကို ကိုယ္ သိပ္ေတြ႕ဖူးခ်င္ခဲ့တာ.....
အ႐ြယ္ေရာက္လာၿပီး မင္းကိုသိခြင့္ရတဲ့အခါမွာေတာ့ မင္းက အဲ့ဒီမင္းသားေလးေတြထဲက တစ္ပါးျဖစ္ေနလိမ့္မယ္လို႔ ကိုယ္ ဘယ္ထင္ထားခဲ့ပါ့မလဲ??
ဘူဆန္ၿမိဳ႕ရဲ႕ မင္းသားကေလးေရ~~~
ကိုယ့္ ႏွလုံးသားကို အရွင္တက္လွမ္းေတာ္မူမယ့္ ထီးနန္းအဆက္ဆက္တိုင္းမွာ အပိုင္စားေပးအပ္ထားပါရေစေလ~~~
#Starry
#Lettersformyeuphoria🐰💌

YOU ARE READING
Letters For My Euphoria??
PoetryIs all about my feelings for Jeon Jungkook? I respectfully credit?? all the original uploaders of the photos included in my poems.