抖阴社区

A Whole New World ??

18 5 0
                                    

ကျားကန်ပြီး သန်မာထားရတဲ့ ကိုယ့်စိတ်တွေဟာ မင်းရှေ့မှောက်ရောက်တဲ့အခါ ပိုးချည်မျှင်လေးပမာ ပျော့ပြောင်းနူးညံ့စွာ.....

အကြည့်တွေဟာ လိမ်လို့မရဘူးတဲ့~
မင်းမျက်ဝန်းတစ်စုံနဲ့ကျမှ ကိုယ်နားလည်ခဲ့ရတယ်~

အချစ်ရေ....ကိုယ် သန်မာတယ်လို့ ယုံထားခဲ့မိတာ မင်းမျက်ဝန်းတွေနဲ့ မဆုံဖူးသေးလို့ ထင်ပါရဲ့~~

ကိုယ် ရှင်သန်လိုတဲ့ ကမ္ဘာအသစ်တစ်ခုကို
မင်း မျက်ဝန်းကြည်ကြည်လေးတစ်စုံထဲမှာ
ရှာတွေ့ခဲ့ရတယ်~

ကြယ်တွေဝင်စားထားတဲ့ မင်း မျက်ဝန်းလေး~
အရင်းချွန်ပြီး အဖျားလုံးသွားတဲ့ နှာတံကလေး~
လခြမ်းကွေးလေးနဲ့ အသွင်သဏ္ဍာန်တူတဲ့ မင်း နှုတ်ခမ်းကလေး~

သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံတွေအားလုံး လက်နက်ချ အရှုံးပေးရတဲ့ မင်းရဲ့ အသံသြကလေး~
ညာလက်တစ်ဖက်အပြည့် မင်း စိတ်ကြိုက်ဖန်တီးထားတဲ့ တက်တူးကလေးတွေ~~

ခေါင်းအစခြေအဆုံး မင်းနဲ့ပတ်သတ်သမျှ
အရာအားလုံး ကိုယ့်မှာ မြတ်နိုးစရာအတိပါပဲ~

1997ခုနှစ် ၊ စက်တင်ဘာလ 1ရက်နေ့မှာ
ဘုရားသခင်က အလှပဆုံးသောအရာတစ်ခုကို
ကမ္ဘာမြေပေါ် ချပေးခဲ့တာ ဖြစ်လိမ့်မယ်~~

#Starry
#Lettersformyeuphoria🐰💌

(Zawgyi)




ရှာတွေ့ခဲ့ရတယ်~





#Starry

Letters For My Euphoria??Where stories live. Discover now