ဘဝမှာ ကြယ်တွေ ဆွတ်ခူးပေးဖို့ ပူဆာစရာမလိုတဲ့ မေတ္တာတရားတခု ကိုယ် ရှာတွေ့ခဲ့ရတယ်.....
စကြာဝဠာတခုလုံးလိုက် လက်ဆောင်ပေးအပ်ခြင်းခံရသလို အချစ်~ကိုယ်တိုင် ဒီဇိုင်းဆွဲဖန်တီးထားတဲ့ Mood lampလေးက ရူးလောက်စရာပဲ~~~
Bluetooth speakerလေးနဲ့ သီချင်းလေးတွေ နားဆင်ရင်း နဂါးငွေ့တန်းကြီးကို ငေးခွင့်ရအောင်လို့ အသေးစိတ် ဖန်တီးပေးထားတာပဲ🪐🌌
"သူဖန်တီးပေးထားတဲ့ mood lampလေးကို အသုံးပြုရင်း စိတ်ကလေးကို သက်တောင့်သက်သာရှိစေချင်တယ်။ နွေးထွေးမှုဆိုတဲ့ ခံစားချက်ကလေးကို ခံစားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေချင်တယ်"တဲ့🫶🏻
တယုတယ အချစ်ခံနေရတယ်ဆိုတဲ့ ခံစားမှုလေးဟာ ရင်ထဲမှာ တံလျှပ်လေးလို လှုပ်ခတ်လာ~~~
မင်းသီဆိုထားတဲ့ "Closer to you" သီချင်းထဲက စာသားတွေလို အဖြစ်မျိုး ကိုယ်က တကယ်ကြုံတွေ့ခဲ့ရတာကို အချစ်~သိရဲ့လား??
"🎼Love me at my lowest
I'll love you when you're barely holding on
Lighting up the darkness
I can be a shoulder when you're not strong🎼"တဲ့လေ~~~သိပ်လှတဲ့ စာသားကလေးတွေပဲ~~~
မင်းက ကိုယ့်ဘဝရဲ့ အနိမ့်ဆုံးအချိန်မှာ လာချစ်မြတ်နိုးပေးခဲ့တာ~~~
ကိုယ် မနိုင်သမျှဝန်တွေကို ကူထမ်းပေးတဲ့သူဟာ မင်း ဖြစ်ခဲ့တာ~~~
စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ အဖက်ဖက်ကနေ ကိုယ် ရုန်းကန်နေရချိန်မှာ မင်းက ကိုယ် လိုအပ်သမျှ စိတ်လုံခြုံမှုကို အပြည့်အဝပေးနိုင်ခဲ့တာပါ~~~
အလင်းတိုးမပေါက်ဘဲ မှောင်မိုက်နေတဲ့ ကိုယ့်ဘဝကို အလင်းပေးနိုင်ခဲ့တဲ့ ခရမ်းရောင် အလင်းဖျော့ကလေးက မင်းဖြစ်နေခဲ့တာ♥︎
#Starry
#Lettersformyeuphoria🐰💌(Zawgyi)
ဘဝမွာ ၾကယ္ေတြ ဆြတ္ခူးေပးဖို႔ ပူဆာစရာမလိုတဲ့ ေမတၱာတရားတခု ကိုယ္ ရွာေတြ႕ခဲ့ရတယ္.....
စၾကာဝဠာတခုလုံးလိုက္ လက္ေဆာင္ေပးအပ္ျခင္းခံရသလို အခ်စ္~ကိုယ္တိုင္ ဒီဇိုင္းဆြဲဖန္တီးထားတဲ့ Mood lamp ေလးက ႐ူးေလာက္စရာပဲ~~~
Bluetooth speakerေလးနဲ႕ သီခ်င္းေလးေတြ နားဆင္ရင္း နဂါးေငြ႕တန္းႀကီးကို ေငးခြင့္ရေအာင္လို႔ အေသးစိတ္ ဖန္တီးေပးထားတာပဲ🪐🌌
"သူဖန္တီးေပးထားတဲ့ mood lampေလးကို အသုံးျပဳရင္း စိတ္ကေလးကို သက္ေတာင့္သက္သာရွိေစခ်င္တယ္။ ေႏြးေထြးမႈဆိုတဲ့ ခံစားခ်က္ကေလးကို ခံစားရင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစခ်င္တယ္"တဲ့🫶🏻
တယုတယ အခ်စ္ခံေနရတယ္ဆိုတဲ့ ခံစားမႈေလးဟာ ရင္ထဲမွာ တံလွ်ပ္ေလးလို လႈပ္ခတ္လာ~~~
မင္းသီဆိုထားတဲ့ "Closer to you" သီခ်င္းထဲက စာသားေတြလို အျဖစ္မ်ိဳး ကိုယ္က တကယ္ႀကဳံေတြ႕ခဲ့ရတာကို အခ်စ္~သိရဲ႕လား??
"🎼Love me at my lowest
I'll love you when you're barely holding on
Lighting up the darkness
I can be a shoulder when you're not strong🎼"တဲ့ေလ~~~သိပ္လွတဲ့ စာသားကေလးေတြပဲ~~~
မင္းက ကိုယ့္ဘဝရဲ႕ အနိမ့္ဆုံးအခ်ိန္မွာ လာခ်စ္ျမတ္နိုးေပးခဲ့တာ~~~
ကိုယ္ မနိုင္သမွ်ဝန္ေတြကို ကူထမ္းေပးတဲ့သူဟာ မင္း ျဖစ္ခဲ့တာ~~~
စိတ္ပိုင္းဆိုင္ရာ ၊ ႐ုပ္ပိုင္းဆိုင္ရာ အဖက္ဖက္ကေန ကိုယ္ ႐ုန္းကန္ေနရခ်ိန္မွာ မင္းက ကိုယ္ လိုအပ္သမွ် စိတ္လုံၿခဳံမႈကို အျပည့္အဝေပးနိုင္ခဲ့တာပါ~~~
အလင္းတိုးမေပါက္ဘဲ ေမွာင္မိုက္ေနတဲ့ ကိုယ့္ဘဝကို အလင္းေပးနိုင္ခဲ့တဲ့ ခရမ္းေရာင္ အလင္းေဖ်ာ့ကေလးက မင္းျဖစ္ေနခဲ့တာ♥︎
#Starry
#Lettersformyeuphoria🐰💌

YOU ARE READING
Letters For My Euphoria??
PoetryIs all about my feelings for Jeon Jungkook? I respectfully credit?? all the original uploaders of the photos included in my poems.