2025ခုနှစ် ၊ Aprilလ ၊ 24ရက်......
ကိုယ့်အချစ်ကလေး တာဝန်ထမ်းဆောင်တာ ရက်ပေါင်း500ပြည့်တဲ့နေ့🍃
တရွေ့ရွေ့နဲ့ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို ပြန်တွေးကြည့်ရင်း ကိုယ်တို့ အတူတူအကောင်းဆုံးကျော်ဖြတ်လာနိုင်ခဲ့တာပဲလို့ တွေးမိတယ်......
ပြန်လာတဲ့အခါ လွမ်းနေကြောင်းတွေ တဖွဖွပြောမှာကိုလည်း ကိုယ် ကြားယောင်ပါရဲ့ ♡
ချစ်မိသွားတော့လည်း ရန်အတွေ့ခံရရင်တောင် ပျော်နေရတာကို အချစ်ကလေး~သိလား????
ယုန်ဖြူကလေးကို စိတ်မဆိုးဆိုးအောင် တမင်တကာ လိုက် စနောက်ချင်မိတာပါပဲ~~
မင်း စိတ်ဆိုးတဲ့အခါ ဖြစ်လာလေ့ရှိတဲ့ အလိုမကျတဲ့ရုပ်ကလေးကို ကိုယ့်မှာ အသည်းနင့်အောင် ချစ်ရတယ်😽🐰
ပန်းသီတဲ့ကြိုးကလေးမှာ ရနံ့တွေ ကျန်ရစ်ခဲ့သလို မင်းကို မြတ်နိုးတွယ်တာပြီးတဲ့နောက်ပိုင်း လွမ်းစိတ်ဟာ အရိပ်လိုကပ်ငြိခဲ့ရ.....
အလွမ်းဆိပ်တက်တိုင်း ကိုယ့်မျက်ဝန်းတစ်စုံမှာ မျက်ရည်မိုးတွေ ငွေ့ရည်ဖွဲ့ရတာလည်း အကြိမ်ကြိမ်အခါခါပါပဲ ကောင်ကလေးရဲ့~~~
အိမ်ပြန်လာမယ့်နေ့ ရက်တွေနီးကပ်လာတိုင်း ပိုတိုးပြီးတော့ကို လွမ်းရတယ်.......
အချစ်ကလေး~သီဆိုထားတဲ့ Stay with youသီချင်းထဲက စာသားလေးအတိုင်းပဲ ကိုယ်တို့ပြန်တွေ့တဲ့အခါ အချစ်~ မျက်ဝန်းလေးကို ငေးကြည့်ရင်း "လွမ်းနေခဲ့တာ"လို့ မမောစတမ်း က်ုယ် ပြောပါ့မယ်ကွယ်🫶🏻
ရတုအဆက်ဆက်တိုင် မင်းအပြုံးချိုချိုလေးတွေကိုလည်း ကိုယ် ငေးမောသွားချင်ရဲ့~~~
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ကိုယ့် ယုန်ဖြူကလေးရေ~ ကိုယ်တို့နှစ်ယောက်ကြားက ချစ်ခြင်းနှောင်ကြိုးဟာ ပိရမစ်သဖွယ် ခိုင်မြဲနိုင်ခဲ့ပြီ မဟုတ်လား???
#Starry
#Lettersformyeuphoria🐰💌(Zawgyi)
![]()
#Starry

YOU ARE READING
Letters For My Euphoria??
PoetryIs all about my feelings for Jeon Jungkook? I respectfully credit?? all the original uploaders of the photos included in my poems.