抖阴社区

You're My Miracle??

12 5 0
                                    

ရှင်သန်ချင်စိတ်ကုန်ခမ်းလာတဲ့ ဒီလိုအချိန်တိုင်း အချစ်~မျက်ဝန်းဝိုင်းလေး တစ်စုံကို
ငေးမောချင်စိတ်လေးနဲ့ အမြဲ အစားထိုးထားရတယ်.....

ဒီကမ္ဘာမှာ ကိုယ် ဆက်မရှင်သန်ချင်တော့ပေမယ့် ဒီကမ္ဘာမြေပေါ်မှာ ရှိနေသေးတဲ့ အချစ်~ကို ငေးကြည့်ခွင့်ရဖို့ ကိုယ် ရှင်နေမှရမယ် မဟုတ်လားလေ~~~

အချစ်~ပြောဖူးသလို ကိုယ်တို့နောက်ဘဝကျရင် ကျောက်တုံးအဖြစ် မွေးဖွားခံရရင်
ကောင်းမယ်လို့လည်း ကိုယ်တွေးမိတယ်.....

ခံစားချက်တွေအပြည့်နဲ့ လူဖြစ်ရတာက
ပင်ပန်းရတာထက် ပိုလိုက်တာ အချစ်ရယ်~

ဒီ ကမ္ဘာမှာ မင်းရှိနေသေးလို့သာ ကိုယ်ရှင်သန်နေရတာ~~

ကိုယ့် အသက်ကြိုးကို မင်းက ဆက်ပေးနေခဲ့တာလို့ ကိုယ်ပြောပြတဲ့အခါ ယုံစေ့ချင်တယ်.....

ကိုယ်သာ ကိုယ့်အသက်ကို လွယ်လွယ်လက်လျော့လိုက်ရင် မင်း ဝမ်းနည်းရမှာကို မလိုလားလို့သာ ကိုယ် ရှင်နေရတာ.....

အမြဲလိုလို လူတိုင်းကို လက်လွတ်နိုင်တဲ့ ကိုယ်ဟာ မေတ္တာတွေနဲ့ ကမ်းလင့်ထားတဲ့ မင်းရဲ့ မေတ္တာနှောင်ကြိုးလေးကိုတော့ အလွယ်တကူ လက်လွှတ်မပေးနိုင်ဘူးပဲ.....

မင်းက ကိုယ့်အတွက် တကယ်ကို ဘယ်လို ဖြစ်တည်မှုလေးများလဲ??

Miracle ဆိုတာထက် ပိုရသလို Magicalဆိုတာထက်လည်း ပိုရတယ်....

မင်းက.... ကိုယ့် ရှင်သန်လိုစိတ်ကိုသွတ်သွင်းပေးနိုင်တဲ့ တစ်ယောက်သောသူဖြစ်ရသလို ကိုယ် အယုံကြည်ရဆုံးသောသူဆိုရင်လည်း ဟုတ်တယ်~~~

ကိုယ့်ဘဝမှာ မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက် အလင်းရောင်လေးကို မြင်ချင်သေးတာဟာ မင်း အရောက်ပို့ဆောင်ပေးလိုက်တဲ့ Life saving tube စွန်ကလေးကြောင့်ပါပဲ~~~

ကိုယ့်ဘဝမှာ မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက် အလင်းရောင်လေးကို မြင်ချင်သေးတာဟာ မင်း အရောက်ပို့ဆောင်ပေးလိုက်တဲ့ Life saving tube စွန်ကလေးကြောင့်ပါပဲ~~~

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Letters For My Euphoria??Where stories live. Discover now