抖阴社区
Soulmate?
12 5 0
တက်တူးကို အနုပညာတစ်ခုလို မြင်တတ်တာကအစ အာကာသထဲ ခရီးနှင်ချင်တာအဆုံး.....
​ကော်ဖီကြိုက်တာကအစ ကြီးမားတဲ့အိမ်မက်​တွေကိုယုံတာအဆုံး....
​လေးစားမှုနဲ့ လူတိုင်းအ​ပေါ် အမြဲတ​စေရို​သေကျိုးနွံတတ်တာကအစ နာကျင်စရာ​တွေကို ပညာသားပါပါ နဲ့ပဲ ပြန်တုံ့ပြန်ပြတတ်တာအဆုံး......
အ​မွှေးရနံ့ပါဖ​ယောင်းတိုင်​တွေကို ကြိုက်နှစ်သက်တာကအစ ည​ဘက်ဆိုရင် မီးအလင်း​ရောင်ထက် galaxy light projector(ကြယ်တာရာ အလင်းထုတ်စက်​)လေး ဖွင့်ထားရတာကိုပဲ သ​​​ဘောကျတာအဆုံး.....
တိရိစ္ဆာန်တိုင်းကို ချစ်ခင်ကြင်နာတတ်တာကအစ Lowkey​နေတတ်တာအဆုံး......
ကြိုက်ခဲ့မိတဲ့ Titanicဇာတ်ကားက အစ
သ​​ဘောကျဖြစ်ခဲ့တဲ့ Iron Manဇာတ်ကောင်အဆုံး......
​သွေးအမျိုးအစားချင်း မတူ​ပေမယ့် ထပ်တူကြ​နေတဲ့ စိတ်​တွေဟာ Soulmate​တွေလို......
​နေချင်စိတ်မရှိ​တော့တဲ့ အချိန်ကာလမှာ
တိုက်တိုက်ဆိုင်ဆိုင် ဆုံ​တွေ့ခဲ့ရတဲ့ ​
မြတ်နိုးဖွယ်ရာ ရေစက်က​လေး~~~
အခုလို Right Person Right Time​ဖြစ်လာဖို့
Wrong Person Wrong Time​တော်​​တော်များများကို ကိုယ် ဖြတ်​ကျော်ခဲ့ရတာ အချစ်~သိလား?
အရိုး​တွေကျိုး​ကြေသွားမယ်ဆိုရင်​တောင် မင်းတို့အတွက်ဆိုရင် ကျိုး​ကြေသွားပါ​စေ....ငါ ကြိုးစား​ပေးမှာတဲ့~~~
တန်ဖိုးထား ဆက်ဆံခံရတဲ့ ခံစားချက်တွေဟာ
ကိုယ့်နှလုံးသားတစ်ခုလုံးကို ​မွှေ​​နောက်ခံလိုက်ရသလို အထပ်ထပ်အခါခါ ရူးခါခဲ့ရ~~~
တကယ်ပါ.....ရှင်သန်လာခဲ့တဲ့ ဘဝသက်တမ်းတ​​လျှောက်မှာ Soulmateဆိုတာကို မင်းနဲ့ဆုံ​တွေ့ခဲ့ရချိန်မှပဲ ကိုယ်အတိအကျ နားလည်ခဲ့ရတာ~~
အထပ်ထပ်ပိတ်​လှောင်ထားတဲ့ ကိုယ့်ဘဝထဲကို ကြင်နာမှု​တွေအပြည့်နဲ့ အ​ရောက်လှမ်းလာခဲ့​တဲ့ ​တရုတ်စံကားပန်း​လေးတစ်ပွင့်ဖြစ်​​ပေးခဲ့လို့ သိပ်ကျေးဇူးတင်ရပါတယ်~~~
#Starry
#Lettersformyeuphoria🐰💌
(ကိုရီးယားမှာဆိုရင် တရုတ်စံကားပန်း​လေးရဲ့ အဓိပ္ပါယ်က "မင်းနဲ့​တွေ့ရတာ ကိုယ့်အတွက် ကံကောင်းမှုတစ်ခုပါပဲ"တဲ့။)*
*ပြထား​သောစာသားသည် စာ​​ရေးသူ Graceရဲ့ Tell me more စာအုပ်ထဲမှ ​ကောက်နုတ်​​ဖော်ပြထားခြင်းဖြစ်ပါသည်။
(Zawgyi)
#Starry
Letters For My Euphoria??Where stories live. Discover now