သံသရာဆိုတဲ့ ခရီးလမ်း ဘယ်လောက်ရှည်လျားမယ် မသိပေမယ့် မင်းနဲ့အတူသာဆိုရင် ဘယ်လမ်းခရီးကို မဆို တွေဝေခြင်းမရှိ
ကိုယ် လျှောက်လှမ်းရဲပါတယ်~ကိုယ့် ပျော်ရွှင်မှုကြိမ်နှုန်းဟာ မင်း အလိုလိုက်မှု
အပေါ်မူတည်ပြီး တိုးမြင့်ခဲ့ရ♡ကိုယ့် သိမ်ငယ်စိတ်မှန်သမျှကို မင်းဆီက
မေတ္တာတရားလက်နက် တခုထဲနဲ့ပဲ
တိုက်ထုတ်နိုင်ခဲ့တာ~အချစ်~ သဘောကျတဲ့ Tiger lilyပန်းကလေးက ကိုယ်စားပြုပေးထားတဲ့ အဓိပ္ပါယ်လေးအစား မင်းအပေါ် ဖြစ်တည်ထားခဲ့မိတဲ့ ကိုယ့် အဖြူရောင်ခြယ် ချစ်ခြင်းမေတ္တာတရားကိုသာ တခါလောက် ယုံကြည်ကြည့်ဖို့ တောင်းဆိုချင်မိတယ်~
မမြင်နိုင်တဲ့ မေတ္တာကြိုးတွေရဲ့ သက်ရောက်မှုဟာ အားအပြင်းဆုံးဆိုတာကို ကိုယ့် အချစ်ကလေး~ လည်း သိမှာပါ.....
ချစ်ပေးပါလို့ မင်းဘက်ကနေ စ,တောင်းဆိုစရာမလိုတဲ့အထိ မေတ္တာတွေ အပြည့်ပေးအပ်ချင်တဲ့ ကောင်ဟာ ကိုယ်ပါ အချစ်ရဲ့♥︎
မေတ္တာတရားကိုသာ လိုလိုချင်ချင် တောင်းဆိုဖူးတဲ့ ကိုယ့်~ အချစ်~ကလေးအတွက် ကမ္ဘာကြီးရဲ့ လေးပုံသုံးပုံကို Chocolate Cosmosတွေသာ ကိုယ် ပျိုးပေးထားလိုက်ချင်တယ်~~
ချောကလက်ရောင် စိန်ခြယ်ပန်းလေးတွေရဲ့ အဓိပ္ပါယ်က "အရာအားလုံးထက် ပိုပြီး မင်းကိုချစ်နိုင်တယ်လို့ အဓိပ္ပါယ်ရတယ်"တဲ့လေ~
ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သတ်ပြီး ကိုယ့်~အချစ်ကလေး~ ပူပန်စရာမရှိဖို့ကသာလျှင် အရေးကြီးတာဖြစ်လို့ ကိုယ့် သစ္စာတရားတွေ ယိမ်းယိုင်မှု အလျဥ်းကင်းကြောင်းကို Chocolate cosmosတွေ ပျိုးပေးရင်း အချစ်~ကို သက်သေပြပေးချင်တာ....
တနည်းအားဖြင့် ပြောရရင် အချစ်~အပြုံးတွေကို ကိုယ့် မေတ္တာတွေနဲ့ ဆက်ထားပေးချင်မိတာဆိုပါတော့~~~
ဆုတောင်းပြည့်တယ်လို့ နာမည်ကျော်ကြားတဲ့
အာလာဒင် မီးခွက်သာ တကယ်ရှိမယ်ဆိုရင်
ကိုယ့်~ ဆုတောင်း ၃ခုစလုံးဟာ "ကိုယ့် အချစ်ကလေး~ တောင်းဆုမှန်သမျှ ပြည့်ဝပါစေ~"ဆိုတဲ့ တောင်းဆုလေးပဲ ဖြစ်မှာကို အချစ်~ကလေးသိရင် ကောင်းမယ်~~~

YOU ARE READING
Letters For My Euphoria??
PoetryIs all about my feelings for Jeon Jungkook? I respectfully credit?? all the original uploaders of the photos included in my poems.