ကိုယ့် မြတ်နိုးရာလေး နိုင်ငံ့တာဝန်ထမ်းဆောင်တာ ဒီနေ့ ရက်100ပြည့်ပြီတဲ့~~~
သတိရတာထက်ပိုပါတယ်~~ အချစ်ကို လွမ်းတဲ့အခါ အချစ်ဖန်တီးထားပေးခဲ့တဲ့ သီချင်းတွေနဲ့ ပြေးပြေးတွေ့ရတယ်~~~
အ~ချစ်~သိ~လား?? ဒီတလောက ရှင်သန်ရတာ နောက်ထပ်တစ်ကြိမ် ပြန်ခက်ခဲပင်ပန်းလာတဲ့ နေ့ရက်တွေပဲ~~
"ရှင်သန်ဖို့လို့ ခက်ခဲနေပြီ"လို့ ကိုယ်တွေးမိတိုင်း ဒီကမ္ဘာမှာ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ အချစ်ကလေးရှိနေသေးတယ်ဆိုတဲ့စိတ်နဲ့ အားတင်းထားရတယ်....
အရာအားလုံးကိုလက်လွှတ်ပစ်ချင်တဲ့ စိတ်ရိုင်းတွေပေါ်လာတဲ့အခါတိုင်း အချစ်သီချင်းသံကလေးနဲ့ စိတ်တွေပြန်တည်ငြိမ်အောင်လို့ မနည်းထိန်းထားရတာ~~~
🎼We'll survive the test of time
I promise I'll be right here
Standing next to you
Standing in the fire next to you🎼(အချိန်ရဲ့စမ်းသပ်မှုမှာ ကိုယ်တို့အတူရှင်သန်ကြရအောင်ပါ။ ကိုယ် ဒီနေရာလေးမှာ အမြဲရှိနေမယ်လို့ ကတိပေးပါတယ်~မင်းရဲ့ဘေးနားမှာ အတူရှိနေပါ့မယ်။ မီးပင်လယ်ကြီးဖြစ်နေစေဦးတော့~ ကိုယ် မင်းရဲ့ ဘေးနားမှာ အတူရှိနေပေးပါ့မယ်~)
ဆိုတဲ့ Standing Next To You ထဲက သီချင်းစာသားတွေဟာ ကူရာမဲ့နေတဲ့ ကိုယ့်စိတ်အလုံးစုံကို လုံလောက်စွာ ဖေးမပေးထားရာရောက်ခဲ့ပါတယ်~~~
ရှင်သန်လိုစိတ်ကလေးဟာ အချစ်ကလေးကြောင့် ပြန်ပေါ်ပေါက်လာခဲ့ရတာလို့
တထစ်ချပြောလို့ရပါတယ်~~ဒီတလောထဲ ကိုယ် တောင်းမိသမျှဆုတောင်းတွေက အချစ်ကလေး နေကောင်းကျန်းမာဖို့ပါပဲ~~~
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
Letters For My Euphoria??
PoetryIs all about my feelings for Jeon Jungkook? I respectfully credit?? all the original uploaders of the photos included in my poems.