抖阴社区

You're My Dopamine?

10 5 0
                                    

ကိုယ့်ဘဝထဲ စွဲလမ်းမှု‌ရဲ့ နိဒါန်းဟာ မင်းနာမည်‌လေးကနေ စခဲ့ရတယ်~~~

တောင်ကိုရီးယားနိုင်ငံ တနိုင်ငံလုံးအတိုင်းအတာအားဖြင့် 1997ခုနှစ် တနှစ်လုံးမှာ နာမည်မှည့်ခေါ်ခြင်း စာရင်းဇယားတွေအရ မင်းနာမည်လေးဟာ အလွန်အင်မတန်မှ ရှားပါးတယ်ဆိုပဲ......

ကိုယ်က တစ်စုံတစ်ရာကို မြင်လိုက်တဲ့အခါ ကိုယ့်ရဲ့ စိတ်ထဲမှာ ပျော်ရွှင်လာတယ် စိတ်လှုပ်ရှားလာတယ်၊ မျှော်လင့်ချက်တွေရှိလာတယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ဒိုပါမင်းဆိုတဲ့ ခံစားချက်ဟော်မုန်းတွေ မြင့်တက်လာလို့တဲ့......

ဒါဆိုရင် မင်းက ကိုယ့်ဘဝတ‌‌လျှောက်လုံး အမြဲတစေ လိုအပ်သွားရမယ့် ပျော်ရွှင်မှုဟော်မုန်းကလေးပဲ အချစ်ရဲ့~~~

ကိုယ့် ပျော်ရွှင်ခြင်းတွေဟာ မင်းကြောင့် သက်တမ်းတိုးလာခဲ့ရ~~~

ညာဖက်လက်သန်းနားက မှဲ့ကလေးကအစ နှုတ်ခမ်းအောက်က မှဲ့ကလေးအဆုံး တစိမ့်စိမ့်ကြည့်ရင်း ကိုယ့်မှာ မြတ်နိုးရတယ်~~~

ကြယ်တွေကြွေရင် ဘာဖြစ်တတ်သလဲ??

ကိုယ်ထင်တယ်~~ ကြယ်တွေကြွေတဲ့အခါ ဆု​တောင်းပြည့်တယ်ဆိုတာထက် ​ကြွေကျသွားတဲ့ကြယ်က​လေး သေဆုံးသွားရတာမျိုးမဟုတ်ဘဲ အလှတရားတခုအနေနဲ့ ထပ်ပြီး‌တော့ပြောင်းလဲဖြစ်တည်သွားတာ‌နေမှာ~~~

အချစ် ခန္ဓာကိုယ်ပေါ်က မှဲ့ကလေးတွေဟာကြွေကျသွားတဲ့ ကြယ်‌လေးတွေ တဖန်ပြန်‌ ပေါ်တာလို့ပဲ ကိုယ် ယုံကြည်ပစ်လိုက်တယ် သိလား~~~

ကိုယ့် စွဲလမ်းမှု‌ နိဒါန်းအစဟာ
မင်းနာမည်‌လေးကနေ စခဲ့ရသလို
စွဲလမ်းမှု အဆုံးသတ်ဟာ
ကြယ်တွေဝင်စားထားတဲ့ မင်းအရေပြားပေါ်က
မှဲ့နက်ကလေးတွေဆီမှာပဲ ဖြစ်တယ်~~~

#Starry
#Lettersformyeuphoria🐰💌

(Zawgyi)

ကိုယ့္ဘဝထဲ စြဲလမ္းမႈ‌ရဲ႕ နိဒါန္းဟာ မင္းနာမည္‌ေလးကေန စခဲ့ရတယ္~~~

ေတာင္ကိုရီးယားနိုင္ငံ တနိုင္ငံလုံးအတိုင္းအတာအားျဖင့္ 1997ခုႏွစ္ တႏွစ္လုံးမွာ နာမည္မွည့္ေခၚျခင္း စာရင္းဇယားေတြအရ မင္းနာမည္ေလးဟာ အလြန္အင္မတန္မွ ရွားပါးတယ္ဆိုပဲ......

ကိုယ္က တစ္စုံတစ္ရာကို ျမင္လိုက္တဲ့အခါ ကိုယ့္ရဲ႕ စိတ္ထဲမွာ ေပ်ာ္႐ႊင္လာတယ္ စိတ္လႈပ္ရွားလာတယ္၊ ေမွ်ာ္လင့္ခ်က္ေတြရွိလာတယ္ဆိုရင္ ခႏၶာကိုယ္ထဲမွာ ဒိုပါမင္းဆိုတဲ့ ခံစားခ်က္ေဟာ္မုန္းေတြ ျမင့္တက္လာလို႔တဲ့......

ဒါဆိုရင္ မင္းက ကိုယ့္ဘဝတ‌‌ေလွ်ာက္လုံး အၿမဲတေစ လိုအပ္သြားရမယ့္ ေပ်ာ္႐ႊင္မႈေဟာ္မုန္းကေလးပဲ အခ်စ္ရဲ႕~~~

ကိုယ့္ ေပ်ာ္႐ႊင္ျခင္းေတြဟာ မင္းေၾကာင့္ သက္တမ္းတိုးလာခဲ့ရ~~~

ညာဖက္လက္သန္းနားက မွဲ႕ကေလးကအစ ႏႈတ္ခမ္းေအာက္က မွဲ႕ကေလးအဆုံး တစိမ့္စိမ့္ၾကည့္ရင္း ကိုယ့္မွာ ျမတ္နိုးရတယ္~~~

ၾကယ္ေတြေႂကြရင္ ဘာျဖစ္တတ္သလဲ??

ကိုယ္ထင္တယ္~~ ၾကယ္ေတြေႂကြတဲ့အခါ ဆု​ေတာင္းျပည့္တယ္ဆိုတာထက္ ​ေႂကြက်သြားတဲ့ၾကယ္က​ေလး ေသဆုံးသြားရတာမ်ိဳးမဟုတ္ဘဲ အလွတရားတခုအေနနဲ႕ ထပ္ၿပီး‌ေတာ့ေျပာင္းလဲျဖစ္တည္သြားတာ‌ေနမွာ~~~

အခ်စ္ ခႏၶာကိုယ္ေပၚက မွဲ႕ကေလးေတြဟာေႂကြက်သြားတဲ့ ၾကယ္‌ေလးေတြ တဖန္ျပန္‌ ေပၚတာလို႔ပဲ ကိုယ္ ယုံၾကည္ပစ္လိုက္တယ္ သိလား~~~

ကိုယ့္ စြဲလမ္းမႈ‌ နိဒါန္းအစဟာ
မင္းနာမည္‌ေလးကေန စခဲ့ရသလို
စြဲလမ္းမႈ အဆုံးသတ္ဟာ
ၾကယ္ေတြဝင္စားထားတဲ့ မင္းအေရျပားေပၚက
မွဲ႕နက္ကေလးေတြဆီမွာပဲ ျဖစ္တယ္~~~

#Starry
#Lettersformyeuphoria🐰💌

Letters For My Euphoria??Where stories live. Discover now