抖阴社区

Love Museum?

18 5 0
                                    

မင်းနဲ့ မဆုံ​တွေ့ရ​သေးခင်အချိန်​တွေထိ
ကိုယ်ဟာ ညနက်​ကောင်းကင်ယံက
ကြယ်တာရာ​တွေကို ​ထိုင်​ရေတွက်ရတာပဲ
ကြိုက်ခဲ့တဲ့​ကောင်~~

မင်းကို သိခဲ့ရပြီးတဲ့​နောက်....
ကြယ်တာရာ​အစစ်တွေအစား
မင်း ပိုင်ဆိုင်ထားတဲ့
မှဲ့နက်​သေး​သေး​လေး​တွေကိုပဲ ​
ထိုင်ရေတွက်ချင်လာတော့တယ်~~~

ကိုယ့်ဘဝထဲ မင်း​​ရောက်လာခဲ့ပြီပဲ~~
အရင်လို ဓူဝံကြယ်ကို တကူးတက
ကိုယ် လိုက်မရှာလို​တော့~

အချစ် ညာဖက်ပါး​ပြင်ပေါ်က ​
ကန်ရာသီကြယ်တာရာ​နဲ့အသွင်တူတဲ့
သုံးပွင့်ဆိုင် မှဲ့နက်တန်းက​လေးဟာ
ဒီစကြဝဠာကြီးထဲမှာ အလှဆုံး​သောဖြစ်တည်မှုပဲ~~

အချစ် ညာဖက်ပါး​ပြင်ပေါ်က ​ကန်ရာသီကြယ်တာရာ​နဲ့အသွင်တူတဲ့ သုံးပွင့်ဆိုင် မှဲ့နက်တန်းက​လေးဟာ ဒီစကြဝဠာကြီးထဲမှာ အလှဆုံး​သောဖြစ်တည်မှုပဲ~~

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တကယ်​ပြောတာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တကယ်​ပြောတာ....
ဘုရားသခင် ကိုယ့်ချစ်​သော​လေးကို
ဖန်ဆင်းတုန်းက
တအားကိုလက်ဝင်ခဲ့မှာ အချစ်ရဲ့~~

အချစ်ဟာ ဘုရားသခင်ရဲ့
လက်ရာ​မြှောက်လွန်းတဲ့
အနုပညာတစ်ခုပဲ~~~

ဒီလိုသာဆိုရင် လက်ရာ​အမြှောက်ဆုံး​သော အနုပညာတစ်ရပ်ကို ​
သေချာထိန်းသိမ်း​စောင့်​ရှောက်ဖို့လို့
နေရာတစ်ခု​တော့ လို​နေပြီထင်တယ်....

လာပါ....ကိုယ့် နှလုံးသားပြတိုက်ထဲ...
ထိန်းသိမ်းခ အခ​ကြေး​ငွေ ​ပေးအပ်ရန်မလို....

အကြင်နာမေတ္တာ​တွေ​​အပြည့်နဲ့
24နာရီ 7ရက်တပတ်လုံး
ကိုယ် ​သေချာထိန်းသိမ်းစောင့်​ရှောက်​​​ပေးထားနိုင်လို့ လက်ရာအ​မြှောက်ဆုံး​သော
အနုပညာ​ကလေး အထိအခိုက်ကင်းရှင်းဖို့
တသက်စာ ကိုယ် အာမခံ​ပါတယ်~~

#Starry
#Lettersformyeuphoria🐰💌

(Zawgyi)

ကြိုက်ခဲ့တဲ့​ကောင်~~

ကြယ်တာရာ​အစစ်တွေအစား





တကယ်​ပြောတာ


တကယ်​ပြောတာ....
ဖန်ဆင်းတုန်းက

အချစ်ဟာ ဘုရားသခင်ရဲ့
အနုပညာတစ်ခုပဲ~~~



24နာရီ 7ရက်တပတ်လုံး

#Starry

Letters For My Euphoria??Where stories live. Discover now