မင်းရဲ့ Love languages လေးတွေကို ကိုယ့်မှာ ပြောမပြတတ်အောင် ချစ်မြတ်နိုးရ♡
မင်းက အချစ်ဘာသာစကား 5ခုစလုံး တတ်မြှောက်နေတော့ ကိုယ့်မှာ မင်းကို ပိုပြီးမြတ်နိုးတွယ်တာရတာပေါ့ အချစ်~ရယ်~~
အမြဲလိုလို လေသံအေးအေးလေးနဲ့ပဲ စကားချိုချိုလေးတွေ ပြောတတ်ပြီး လူတိုင်းအပေါ်မှာ စိတ်ရောကိုယ်ပါနစ်ပြီးတော့ ကူညီတတ်သေးတဲ့ အဖိုးတန်ကလေး🐰💎
မိတ်ဆွေအပေါင်းအသင်းတွေ အပေါ်မှာဆိုရင်လည်း လွန်စွာ ချစ်ခင်ရင်းနှီးတတ်တဲ့သူလေး ဖြစ်တဲ့အပြင် လက်ဆောင်တွေလည်း အမြဲလိုလိုပေးလေ့ရှိတတ်လွန်းလို့ (ရက်ရောလွန်းတဲ့ နတ်သားကလေး) Donation Angelလို့တောင် ချစ်စနိုးနဲ့ခေါ်ကြတဲ့အထိ🤍
ချစ်ရခင်ရတဲ့သူတွေနဲ့ ပတ်သတ်လာရင် သီးသန့်အချိန်ပေးလေ့ရှိပြီး အမြဲလိုလိုအတူတူအချိန်ကုန်ဆုံးပေးလေ့ရှိတတ်တဲ့ ကောင်ကလေး☆
Bam(🐰'🐶)အပေါ်မှာထားရှိတဲ့ အဖြူရောင်ခြယ်ချစ်ခြင်းမေတ္တာနဲ့ ယုယမှုတွေကို ကြည့်ရုံနဲ့တင် အထိအတွေ့နဲ့ သေချာဖော်ပြပေးမှခံစားလို့ရမယ့် ချစ်ခြင်းမေတ္တာအကြောင်းကို အချစ်~ကလေးက အပြည့်အဝနားလည်တတ်တဲ့သူလေးဖြစ်မှန်း ကိုယ် သိခဲ့ရ♥︎
မေတ္တာတရားအကြောင်းကို များစွာနားလည်တတ်တဲ့ ကောင်ကလေး~
ပေးခဲ့ဖူးတဲ့ ကတိသစ္စာတိုင်းကိုလည်း အမြဲလိုလို တည်ပေးတတ်လွန်းတဲ့ အမျိုးသားကလေး♥︎
တစုံတယောက်ဆီကနေ အချစ်ခံရတယ်ဆိုတဲ့ ခံစားမှုဟာ သိပ်နွေးထွေးရတယ်ဆိုတာကို လက်တွေ့ ခံစားခွင့်ပေးခဲ့လို့ ကျေးဇူးတင်ရတာထက် ပိုပါတယ်💓
အချစ်~အသံနဲ့ ထိတွေ့သမျှ
ဂီတဖြစ်ရသလို ကိုယ့်နှလုံးသားလေးဟာ
မင်းအချစ်တွေနဲ့ ထိတွေ့ခဲ့ရလို့
ဆံချည်မျှင်သွေးကြောလေးတွေမှာကအစ စံပယ်ရနံ့တွေ သင်းပျံ့ခဲ့ရ~~ရှင်သန်ရတဲ့ လူ့ဘဝ ခဏတာမှာ ကိုယ့် နှလုံးသားထဲကို စံပါယ်တွေ လာပျိုးပေးခဲ့တဲ့သူဟာ အချစ်~ဖြစ်နေလို့ ပြောမပြတတ်အောင် ပျော်ရွှင်ရပါတယ်~

YOU ARE READING
Letters For My Euphoria??
PoetryIs all about my feelings for Jeon Jungkook? I respectfully credit?? all the original uploaders of the photos included in my poems.