မင်းနဲ့ ဆုံတွေ့ရမယ့် ကံကြမ္မာဟာ 2022ခုနှစ် November 20ရက်မှာ စတင်လာခဲ့တယ်.....
တကယ်တော့ မင်းနဲ့တွေ့ဆုံခဲ့ရမှုက ထူးထူးဆန်းဆန်းဆုံတွေ့မှုပါပဲ.... တစ်ခါမှ ဘောလုံးပွဲအကြောင်း စိတ်မဝင်စားခဲ့တဲ့ကိုယ်ဟာ 2022ကမ္ဘာ့ဖလားပွဲ အဖွင့်သီချင်းနဲ့ မင်းကို စသိခဲ့ရတယ်~~
ကိုယ်ဟာ စိတ်ကူးယဥ်သမား~
ကိုယ့် အိပ်မက်တွေကိုတော့ မသိစိတ်ထဲကနေ ပြင်းပြင်းပြပြ ယုံကြည်နေခဲ့တယ်~မဖြစ်နိုင်တဲ့ အိပ်မက်တွေကို ဖြစ်လာစေတဲ့အထိ ကိုယ် အားသွန်ခွန်စိုက် ကြိုးစားနေတာကြောင့် အသိအမှတ်ပြုမှုလေး တစ်ခုလောက်ကို အရူးတစ်ယောက်လို လိုက်ရှာနေခဲ့မိတဲ့ အချိန်တွေပေါ့~~
ကိုယ့်ရဲ့ ရှင်သန်ချင်စိတ် ကုန်ခမ်းလုနီးနီးအချိန်မှာ မင်းကို စသိခွင့်ရခဲ့တာလို့တောင် ပြောလို့ရတယ်~~
🎼Look who we are, we are the dreamers
We make it happen, 'cause we believe it
Look who we are, we are the dreamers
We make it happen 'cause we can see it🎼🎼Here's to the ones, that keep the passion
Respect, oh, yeah
Here's to the ones, that can imagine
Respect, oh, yeah🎼ဆိုတဲ့ Dreamers(2022 FIFA World Cup Opening Song)သီချင်းစာသားတွေဟာ ကိုယ့်နှလုံးသွေးကြောထဲအထိ စိမ့်ဝင်ပျံ့နှံ့ခဲ့ရ~
ဝါသနာနဲ့ စိတ်ကူးယဥ်အိပ်မက်ရှိသူတိုင်း သူတို့ရူးသွပ်နေတဲ့ အိပ်မက်တွေအပေါ် လေးစားပေးကြဖို့လို့တဲ့~~ဘယ်လောက်တောင် အဓိပ္ပါယ်ရှိလွန်းတဲ့ စာသားတွေလဲ~~
ကိုယ် ပြောပြချင်တဲ့ အကြောင်းတရားတစ်ချို့ကို မင်းက ကိုယ့်ကိုယ်စား ထုတ်ဖော်ပြောကြားပေးလိုက်သလိုပါပဲ ချစ်သောရေ~
တစစီကျိုးကြေနေတဲ့ ကိုယ့် ရှင်သန်ချင်စိတ်ကလေးကို မင်းက တစ်ခုချင်း ပြန်ဆက်ပေးနိုင်ခဲ့တာ~~
Right person right time ဆိုတဲ့စကားတစ်ခွန်းကို မယုံတတ်ခဲ့တဲ့ ကိုယ်ဟာ မင်းနဲ့တွေ့တော့မှပဲ လက်ခံယုံကြည်ခဲ့ရ~~
မင်းကိုလေ~ ပြောမပြတတ်အောင် ကိုယ့်မှာ ချစ်ရပါတယ်~~ တကယ်တော့ အဲ့ဒီစကားလုံးလေးထက် ပိုသာခဲ့~~
#Starry
#Lettersformyeuphoria🐰💌(Zawgyi)
Respect, oh, yeah
#Starry

YOU ARE READING
Letters For My Euphoria??
PoetryIs all about my feelings for Jeon Jungkook? I respectfully credit?? all the original uploaders of the photos included in my poems.