抖阴社区

My Cosmos???

7 4 0
                                    

2024တနှစ်ပတ်လုံး ကိစ္စတော်တော်များများ ကိုယ် အများကြီး ကြုံတွေ့ဖြတ်သန်းခဲ့ရတာပဲ။ 2024ရဲ့ နောက်ဆုံးလဆိုပေမယ့် ဖြတ်သန်းကြုံတွေ့ခဲ့သမျှ အရာအားလုံးကို ပြန်တွေးကြည့်ရင်း ကျေနပ်မှုက ရာခိုင်နှုန်းနဲ့ ပြောရမယ်ဆိုရင်တော့ 50/50လို့ ပြောရမယ်။

နှစ်ကုန်ခါနီးကျမှ တော်တော်လေး နေမကောင်းဖြစ်လိုက်တော့ အသက်ရှင်ချင်စိတ်ပါ ပျောက်သွားရတဲ့အထိပဲ။ ရှင်သန်ချင်စိတ်ကလေးဟာ အချစ်~ကလေးကြောင့် ကျန်ရစ်‌နေတာ တကယ်ပါ။

နလန်ထခါစ နေ့ရက်တွေမှာ အချစ်~က ကိုယ့်အတွက် အားအင်တွေ ပိုရရှိအောင် စွမ်းဆောင်ပေးခဲ့လို့ ကျေးဇူးတင်တာထက်ပိုပါတယ် အချစ်~ကလေးရေ♡

လူသုံးများတဲ့ Social media app တော်တော်များများကိုလည်း Accတွေ လာဖွင့်ပေးသွားတော့ Service dechargeတဲ့အခါ အချစ်~ရဲ့ Daily activities တွေကို ပိုမြင်တွေ့ခွင့်ရရင် ကောင်းမယ်လို့ တွေးနေမိတာကို ကိုယ် ဝန်ခံပါတယ်🥹

ပြန်ဆုံရဖို့ 6လပဲကျန်တော့တာလို့ တွေးမိရင် စောင့်ခဲ့ရတဲ့ အချိန်တွေက တကယ်ကုန်တာ မြန်သားပဲ~~~

ကိုယ် မနေ့ကပဲ အချစ်~ရဲ့ I'm still documentary film ကြည့်လိုက်ရတယ်။ Golden album အတွက် ကိုယ် ထင်ထားတာထက်ပိုပြီး အချစ်~ပင်ပန်းခဲ့တာပဲ။ အများကြီး အားသွန်ခွန်စိုက်ကြိုးစားပေးခဲ့လို့ တကယ်ကျေနပ်ဂုဏ်ယူရသလို အနုပညာအပေါ်ထားတဲ့ အချစ်~ခံယူချက်တွေကိုလည်း ပြောမပြတတ်အောင် လေးစားရပါတယ်။

အချစ်~က ကိုယ့်အတွက် တကယ် စိတ်ခွန်အားဖြစ်စေတာပဲ~~~

အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် အချစ်~ရေ~~~~

အချစ်~ကို တရက်ထက် တရက်ပိုပြီး အများကြီး မြတ်နိုးတန်ဖိုးထားရင်း အားပေးသွားမှာမို့လို့ အချစ်~‌ ရွေးချယ်လျှောက်လှမ်းသမျှ လျှောက်လမ်းတိုင်း အဆင်ပြေချောမွေ့လွယ်ကူပြီး အချစ်~ဖြစ်ချင်သမျှ ကိစ္စရပ်တိုင်းလည်း အလုံးစုံထွန်းပေါက်အောင်မြင်ဖြစ်ထွန်းဖို့ပဲ တောင်းဆုပြုရပါတယ်။

ဒီဇင်ဘာဟာ ဆုတောင်းတွေပြည့်တဲ့လလို့ တင်စားကြတာ မှန်တယ်ထင်ရဲ့~~~

Letters For My Euphoria??Where stories live. Discover now