စိတ်ကြွဆေးမလို ကဖင်းဓါတ်မလိုဘဲ တခုခုမှာ တက်တက်ကြွကြွဖြစ်နေတာဟာ ကောင်းတယ် မဟုတ်လား?
စကားလုံးတွေဟာ ကိုယ့်အသွေးအသားထဲကနေ တဖျစ်ဖျစ်ထိုးထွက်လာနေသလို လက်ချောင်းထိပ်ဖျားတွေကနေ ခံစားချက်စကားလုံးပေါင်းများစွာ စိမ့်ဖြာကျလာခဲ့ရ........
အချစ်ရေ~~~ အချစ်နဲ့ပတ်သတ်ပြီး ပေါက်ဖွားလာရတဲ့ ဒီ ခံစားချက်ကဗျာလေးတွေဟာ
ကိုယ့်အသက်နဲ့ခန္ဓာကို ဒီကမ္ဘာမြေမှာပေါ် ရှင်သန်တင်ကျန်နေစေတဲ့ အကြောင်းတရားတွေပဲဆိုတာကို မင်းသိရဲ့လား??ကိုယ့် အသက်ကယ်နှောင်ကြိုးတခုဟာ မင်းနာမည်လေးက စ ရတယ်~~~~
ဆောင်းဦးအစ နံနက်ခင်းတခုရဲ့ အေးမြမြလေပြည်အေးကလေးလို မင်း စိတ်ကလေးကို ကိုယ်က တတ်အားသရွေ့ အေးချမ်းနေအောင် စွမ်းဆောင်ပေးနိုင်ချင်~~~
ဆောင်းဦး ရော်ရွက်ဝါတွေရဲ့ တောက်ပမှုတွေလို မင်း ဘဝလေးကို အစွမ်းကုန် အလင်းပေးချင်မိတော့တာ~~~
ချစ်ခြင်းမေတ္တာမှာ အသံတွေရှိတယ်တဲ့~~~
ရင်ခုန်သံစည်းချက်လေးတွေထဲ မင်းအသံကလေးကို ကိုယ် ကြားခဲ့ရတယ်~~~
#Starry
#lettersformyeuphoria🐰💌(Zawgyi)
စိတ္ႂကြေဆးမလို ကဖင္းဓါတ္မလိုဘဲ တခုခုမွာ တက္တက္ႂကြႂကြျဖစ္ေနတာဟာ ေကာင္းတယ္ မဟုတ္လား?
စကားလုံးေတြဟာ ကိုယ့္အေသြးအသားထဲကေန တဖ်စ္ဖ်စ္ထိုးထြက္လာေနသလို လက္ေခ်ာင္းထိပ္ဖ်ားေတြကေန ခံစားခ်က္စကားလုံးေပါင္းမ်ားစြာ စိမ့္ျဖာက်လာခဲ့ရ........
အခ်စ္ေရ~~~ အခ်စ္နဲ႕ပတ္သတ္ၿပီး ေပါက္ဖြားလာရတဲ့ ဒီ ခံစားခ်က္ကဗ်ာေလးေတြဟာ
ကိုယ့္အသက္နဲ႕ခႏၶာကို ဒီကမာၻေျမမွာေပၚ ရွင္သန္တင္က်န္ေနေစတဲ့ အေၾကာင္းတရားေတြပဲဆိုတာကို မင္းသိရဲ႕လား??ကိုယ့္ အသက္ကယ္ေႏွာင္ႀကိဳးတခုဟာ မင္းနာမည္ေလးက စ ရတယ္~~~~
ေဆာင္းဦးအစ နံနက္ခင္းတခုရဲ႕ ေအးျမျမေလျပည္ေအးကေလးလို မင္း စိတ္ကေလးကို ကိုယ္က တတ္အားသေ႐ြ႕ ေအးခ်မ္းေနေအာင္ စြမ္းေဆာင္ေပးနိုင္ခ်င္~~~
ေဆာင္းဦး ေရာ္႐ြက္ဝါေတြရဲ႕ ေတာက္ပမႈေတြလို မင္း ဘဝေလးကို အစြမ္းကုန္ အလင္းေပးခ်င္မိေတာ့တာ~~~
ခ်စ္ျခင္းေမတၱာမွာ အသံေတြရွိတယ္တဲ့~~~
ရင္ခုန္သံစည္းခ်က္ေလးေတြထဲ မင္းအသံကေလးကို ကိုယ္ ၾကားခဲ့ရတယ္~~~
#Starry
#lettersformyeuphoria🐰💌

YOU ARE READING
Letters For My Euphoria??
PoetryIs all about my feelings for Jeon Jungkook? I respectfully credit?? all the original uploaders of the photos included in my poems.