အကျည်းတန်မှုတွေများတဲ့ လောကကြီးကိုလည်း မင်းကြောင့်နဲ့ ကောင်းတဲ့ဘက်အခြမ်းတွေကို ရွေးမြင်တတ်လာခဲ့ရတယ်။
ကိုယ့် ဘဝမှာလေ မင်းနဲ့ ဆုံတွေ့ခွင့်ရခဲ့တာက အကြီးမားဆုံး ဆုလာဘ်တစ်ခုလိုပဲ~~~~
အဖိုးတန်လေးဖြစ်တဲ့ မင်းကို တရက်ထက်တရက်ပိုပြီး ပိုချစ်ခွင့်ရချင်တယ်.......ပိုမြတ်နိုးပြီး ပိုတန်ဖိုးထားသွားပါ့မယ်လို့ ကိုယ် ကတိပေးပါတယ်~~~
ဒီဇင်ဘာမှာ ကိုယ် တောင်းချင်တဲ့ ဆုတောင်းကလည်း အရင်ကအတိုင်း မပြောင်းလဲတဲ့ တောင်းဆုကလေးပါပဲ။
နေ့ရက်တိုင်းမှာ ကိုယ့်~ စိန်ခြယ်ပန်း(Cosmos) ကလေးရဲ့ ပျော်ရွှင်မှုတွေ ဆထက်တိုးပါစေ ♡
(A/N Cosmos meaning World or Universe)
အချစ်~ဆီက အနှိုင်းမဲ့မေတ္တာတွေ ကိုယ့် ရင်နဲ့အမျှလက်ခံရရှိပြီးတဲ့နောက် ကိုယ့် ဆုတောင်းတွေဟာ အချစ်~နဲ့ပတ်သတ်တာတွေပဲ ဖြစ်လာခဲ့ရ~~~
ကိုယ့် ဘဝမှာ ကြီးကြီးမားမား ဘာမှထပ်မဖြစ်ချင်တော့ပါဘူး~ အချစ်~ကို သိခွင့်ရခဲ့တာနဲ့တင် လုံလောက်တာထက် ပိုနေရပြီမို့လို့~
မင်းကို မြတ်နိုးရခြင်းမှာ တွယ်တာခြင်းတွေ ရစ်ပတ်လာတော့ ကိုယ့် ဘဝထဲ Primrose ပန်းလေးတွေရဲ့ ပန်းဘာသာစကားကို ကျယ်လောင်စွာကြားခဲ့ရတယ်~~~
Primrose ပန်းလေးတွေရဲ့ Flower language က
"မင်းမရှိရင် အသက်မရှင်ချင်ဘူး"တဲ့~မင်းနဲ့ ခေတ္တဝေးကွာနေရတဲ့ ဒီလို နေ့ရက်တွေ အမြန်ကုန်လွန်ချင်လှပါပြီ အချစ်~ရေ~~~~
နောက်နှစ် Decမှာတော့ ကိုယ်တို့ ပိုပျော်နေကြမယ်ထင်ရဲ့~~~
#Starry
#Lettersformyeuphoria🐰💌(Zawgyi)
2024တနှစ်ပတ်လုံး ကိစ္စတော်တော်များများ ကိုယ် အများကြီး ကြုံတွေ့ဖြတ်သန်းခဲ့ရတာပဲ။ 2024ရဲ့ နောက်ဆုံးလဆိုပေမယ့် ဖြတ်သန်းကြုံတွေ့ခဲ့သမျှ အရာအားလုံးကို ပြန်တွေးကြည့်ရင်း ကျေနပ်မှုက ရာခိုင်နှုန်းနဲ့ပြောရမယ်ဆိုရင်တော့ 50/50လို့ ပြောရမယ်။
နှစ်ကုန်ခါနီးကျမှ တော်တော်လေး နေမကောင်းဖြစ်လိုက်တော့ အသက်ရှင်ချင်စိတ်ပါ ပျောက်သွားရတဲ့အထိပဲ။ ရှင်သန်ချင်စိတ်ကလေးဟာ အချစ်~ကလေးကြောင့် ကျန်ရစ်နေတာ တကယ်ပါ။

YOU ARE READING
Letters For My Euphoria??
PoetryIs all about my feelings for Jeon Jungkook? I respectfully credit?? all the original uploaders of the photos included in my poems.
My Cosmos???
Start from the beginning