ဘဝတလျှောက်လုံး ကိုယ်အမြဲလိုက်ရှာနေမိတဲ့ ကံကောင်းခြင်းလေးက အချစ်ကလေး~ဖြစ်နေခဲ့ရတာ~
မင်းက ကိုယ့်ရဲ့ နောက်ဆုံးပွင့်ချပ် Clover🍀 အရွက်ကလေးတရွက်အဖြစ် ဖြစ်ပေးခဲ့တာနေမယ်~
မင်းကိုသိခွင့်ရခဲ့ပြီးတဲ့နောက် ကိုယ့် ဘဝထဲကိုကံကောင်းခြင်းတွေ အလျှံအပယ် စီးဝင်လာစေခဲ့တယ်~~
ကိုယ့်ဘဝမှာ ပိုင်ဆိုင်ထားရတဲ့ Four leaves clover ပွင့်ချပ်ကလေး တရွက်ချင်းစီတိုင်းရဲ့ အဓိပ္ပါယ် (Hope,Faith,Love,Luck) တွေကို မင်းက တခုချင်းပြည့်ဝအောင် ဖြည့်ပေးခဲ့တာ~~
အပင်တပင်အတွက် ရေသောက်မြစ်ဟာ အရေးအကြီးဆုံးဆိုသလို ကိုယ့် အသက် ပျော်ဝင်ရှင်သန်ရာ ရပ်ဝန်းဟာ အချစ်~ အမြဲတစေပေးပို့တဲ့ ဒီစာလွှာလေးတွေကြောင့်ပါပဲ။
အနေဝေးလည်း စိတ်ချင်းအမြဲနီးကပ်နေသယောင်ခံစားရအောင်လို့ အမြဲကြိုးပမ်းပေးနေလို့ နေ့ရက်တိုင်းမှာ ဆထက်တပိုးတိုးပြီး မြတ်နိုးရပါတယ် အချစ်ရယ်~
အချစ်~ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝမှာလည်း အထိအခိုက်ကင်းဖို့ ကိုယ် တောင်းဆုပြုပါတယ်~
စက္ကန့်တိုင်းမှာ ကိုယ့်အချစ်ကလေး~ ခံစားနေရတဲ့ အလွမ်းတွေ လွန်ပါစေ~
#Starry
#Lettersformyeuphoria🐰💌(Zawgyi)
🐰📮📨📫📪📬💌❄️🍀
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"I hope you didn't get off to a bad start to the new year.
Even if I tell you not to get sick, you can't help but get sick.I hope it doesn't hurt as much as it does.
And I hope it's a night where you can't think of anything when you lie down to sleep.
Let's wait a little longer.
I love you."
နှစ်သစ်ဆုတောင်းစကားအနေနဲ့ အချစ်~လိပ်မူပြီး ပို့လိုက်တဲ့ စာလွှာလေးထဲက စာတွေကို ဖတ်ကြည့်ရင်း အချစ်လေး~လည်း ကိုယ်နဲ့ထပ်တူလွမ်းနေလောက်မှာပဲလို့ တန်းတွေးမိတာ။
တကယ်တော့ ကိုယ့်ထက်တောင် အချစ်~က ပိုလွမ်းနေဦးမှာပါ။
မဖျားနာစေဖို့မှာရာကနေ အခက်မသင့်လို့ ဖျားနာခဲ့ရင်တောင် အရမ်းမပြင်းထန်ဖို့ ၊ တအားမခံစားရဖို့ မျှော်လင့်နေပေးရှာပုံလေးက ရင်ထဲနွေးလို့ပါပဲ အချစ်ရယ်~
အချစ်~ မေတ္တာဆီးနှင်းလေးနဲ့ ထိမှန်မိမှ လှုပ်ခတ်လာတဲ့ ပန်းကလေးက ကိုယ်ပါ။
အိပ်ရာထဲလဲချလိုက်တာနဲ့ ပင်ပန်းမှုတွေကို ချက်ချင်းပြေပျောက်စေချင်ရှာတဲ့သူ~
မေတ္တာအပြည့်နဲ့ မင်းကို တွေ့ခွင့်ရခဲ့တာဟာ ကိုယ့်ဘဝမှာ သိပ်ကံကောင်းတဲ့အရာတစ်ခုပဲ~~
#Starry

YOU ARE READING
Letters For My Euphoria??
PoetryIs all about my feelings for Jeon Jungkook? I respectfully credit?? all the original uploaders of the photos included in my poems.
???8.1.2025????
Start from the beginning